Wednesday, January 13, 2010

ကမ္ဘာ့အံ့သြဖွယ်ရာ ယဉ်လမ်းကြော

ကမ္ဘာ့အံ့သြဖွယ်ရာ ယဉ်လမ်းကြော

သဲကန္တာရထဲမှာ ဖောက်ထွင်းဆောက်လုပ်ထားတဲ့ ကားလမ်းမကို တစ်ချက်လောက်ခံစားကြည့်ပါဦး ။ Jebel Hafeet Mountain လမ်းမကြီးဟာ United Arab Emirates မှာတည်ရှိပြီး အံ့သြဖွယ်ရာ လမ်းမတစ် ခုဖြစ်ပါတယ် ။ ၇.၃ မိုင်ခန့်ရှည်လျားပြီး ပေ ၄၀၀၀ လောက်နီးပါး ကုန်းတက်လမ်းကို ဖောက်လုပ်ထား တာဖြစ်ပါတယ် ။ အကောက်အကွေ့ပေါင်း ၆၀ ခုပါရှိပြီး မာကျောတဲ့ မျက်နှာပြင်မှာပြုလုပ်ထားတဲ့ ချောမွတ်တဲ့ လမ်းမကြီးဖြစ် ပါတယ် ။ ကမ္ဘာ့ အံ့ဖွယ် ရှစ်ခုထဲမှာ တစ်ခုပါဝင်တယ်လို့ ဖော်ပြခြင်းခံရပြီး သူ့ကို ဘယ်လို ဖန်တီး တည်ဆောက်ခဲ့တယ်ဆိုတာ ကိုတော့ မဖော်ပြထားပါဘူး ။

ဒီလမ်းကြောင်းက Jebel Hafeet တောင်ကို ဖြတ်သန်းဖောက်လုပ်ထားပြီး UAE မှာ အမြင့်ဆုံးလမ်း ကြောင်းဖြစ်ပြီး ရေနံပေါများတဲ့ Persian Gulf ပြည်နယ်မှာတည်ရှိပါတယ် ။ အရှေ့တောင်ဖက်ကို ၃၀ ဒီဂရီမျှ မတ်စောက်ပြီး ဒီတောင်ကြီးဟာ Oman ရဲ့ နယ်နိမိတ်မှာ တည်ရှိပြီး ဒူဘိုင်း ပြည်နယ်နဲ့ မိနစ်ကိုးဆယ်မျှ ကားမောင်းသွားရင် ရောက်ရှိနိုင်ပါတယ် ။ ဒီကားလမ်းမကြီးပေါ်ကနေ သဲကန္တာရတွေရဲ့ မြင်ကွင်းတွေကို ခံစားနိုင်သလို အံ့သြဖွယ်ရာ သဘာဝပါတ်ဝန်းကျင်တွေကို ခံစားကြည့်ရှုနိုင်ပါတယ် ။












စာရေးသူ....သက်တန့်ချို (၁၀း၂၀ ည ၁၃.၁.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. အဲဒိနေရာမှာ ကားဘီးပေါက်ရင် ၀ပ်ရှော့ရှိရဲ့ လားဟင်။ လှတာတော့လှတယ်။ ဒါပေမယ့် တွေးတွေးပြီး ကြောက်လို့ ပါ။
း)

    ReplyDelete
  2. ကောင်းတယ်ဗျ...
    အဲသည် လမ်းပေါ်... ကားမောင်းကြည့်ချင်လိုက်တာ...
    ကျနော်က... ဟိုက်ဝေးတွေကို... မိုင် ထောင်နဲ့ချီပြီး မောင်းမိသွားတော့... ခုလို လမ်းမျိုးလေးကို... မောင်းကြည့်ချင်လိုက်တာ... လဲမ်ဘော်ဂီနီတို့.... ဖရားရီတို့နဲ့သာ... မောင်းလိုက်ရရင်တော့...။ ဂွတ်ရှယ်ပဲ ဖြစ်မယ် ထင်တယ်...း)

    ReplyDelete
  3. ကောင်းလိုက်တဲ့ လမ်းမကြီး ..
    ချိုင့် တွေ ခွက်တွေဆိုတာ ဘယ်နားနေမှန်းတောင်မသိဘူး ... :P

    ခင်မင်စွာနဲ့ 

    ပန်းခင်းလေး

    ReplyDelete
  4. အမိုးဖွင့်ကားလေးစီးပြီး ချစ်ချစ်လေးနဲ့ ဟန်းနီးမွန်းထွက်လိုက်ရရင်......

    ReplyDelete
  5. သဲ ကန္တာရ ထဲမှာတော့
    ကားမှာ Air-Con မပါလို့ကတော့ ...
    ရေချိုးထားသလား
    အောင့်မေ့ရမယ် ....

    ReplyDelete