Monday, January 11, 2010

လူသားတွေဖန်တီးထားတဲ့ အံ့သြဖွယ်ရာ ငါးခု

လူသားတွေဖန်တီးထားတဲ့ အံ့သြဖွယ်ရာ ငါးခု


ကမ္ဘာ့အမြင့်ဆုံးတံတား Millau Viaduct

Millau Viaduct ဆိုတာဟာ ပဲရစ်မြို့နဲ့ ဘာစီလိုနာမြို့ကို ဆက်သွယ်ထားတဲ့ E11 expressway အသစ်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ။ ကမ္ဘာ့အမြင့်ဆုံးတံတားထဲမှာလည်း တစ်စင်းအပါအ၀င် ဖြစ်ပါတယ် ။ တံတား အရှည်က ၂၄၀ မီတာ ရှိပြီး အမြင့်ကတော့ အံ့သြဖွယ်ရာ ၃၃၆ မီတာတောင်ရှိပါတယ် ။ လေ့လာထားတဲ့ စစ်တမ်းများအရတော့ လက်ရှိအချိန်မှာ ကမ္ဘာ့အမြင့်ဆုံး တံတား ဖြစ်ပါတယ် ။



ဂျာမဏီနိုင်ငံမှ ကားပါကင်ထိုးတဲ့ စနစ်အကြောင်းကို ပြသထားခြင်း ဖြစ်ပါတယ် ။


ပထမဆုံး Air con တပ်ထားတဲ့ ဒူဘိုင်းမြို့မှ ဘတ်စ်ကားမှတ်တိုင်ဖြစ်ပါတယ် ။









ကမ္ဘာ့ပထမဆုံး ဖန်သားချည်းပဲ ပြုလုပ်ထားတဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်

ဒီစားသောက်ဆိုင်ကို Hilton Maldives Resort & Spa မှာ ဧပရယ် ၁၅ ရက်နေ့က ဖန်သားချည်း ပဲပြုလုပ်ထားတဲ့ ပင်လယ်ရေအောက်စားသောက်ဆိုင်ကို ဖွင့်လှစ်ကြောင်းကြေငြာခဲ့ပါတယ် ။ အိန္ဒိယပင်လယ်ရဲ့ ရေအောက်အနက် ငါးမီတာ မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ် ။ အဆောက်အအုံကို ပင်လယ်ရေမှော် တွေနဲ့ ၀န်းရံထားပြီး ညစာစားသောက်မယ်ဆိုရင် ရေအောက်မြင်ကွင်းတွေကို ၂၇၀ ဒီဂရီ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။

Hilton Maldices Resort & Spa မှ General Manager Carsten Schieck ကတော့ ကျွန်တော်တို့ဟာ မယ်ဒိုက်ဗ် ရဲ့ ပတ်ဝန်းကျင်က ပင်လယ်ရေအောက်မြင်ကွင်းတွေနဲ့ မျက်နှာချင်းဆိုင် စားသောက်ရအောင် ပင်လယ်ရေအောက်နည်း ပညာတွေနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါတယ် လို့ ဆိုပါတယ် ။ ဆက်လက်ပြီး သူက ကျွန်တော်တို့ရဲ့ ဧည့်သည်တွေဟာ မယ်ဒိုက်ဗ်ပင်လယ်ရေအောက်ကမ္ဘာရဲ့ အရောင် ကြည်လင်သန့်စင်မှု နဲ့ အလှအပကို မှတ်ချက်ပေးနိုင်ပြီး ဒါဟာ ဧည့်သည်တွေအနေနဲ့ သူတို့ရဲ့ ခြေထောက်တွေကို မစိုရပဲ ပင်လယ်ရေအောက်မြင်ကွင်းစုံကို ကြည့်ရှုပြီး ပျော်ရွှင်နိုင်ပါတယ် လို့ ပြောဆိုခဲ့ပါတယ် ။

MJ Murphy Ltd မှ တည်ဆောက်ခဲ့ပြီး ဒီဇိုင်ကတော့ New Zealand မှ Ithaa's distinctive feature ကို ယူသုံးထားပါတယ် ။ Acrylic နံရံတွေက ဖောက်ထွင်းမြင်ရပြီး အမိုးကိုလည်း မြင်ရပါတယ် ။ ကြမ်းခင်းကလွဲလို့ အဆောက်အအုံတစ်ခုလုံးကို ကြည်လင်တဲ့ Acrylic နဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ Coral garden တစ်ခုကိုတည်ဆောက်နေပြီး ငါးမန်းတွေ အရောင်အသွေးစုံတဲ့ငါးတွေ ထူးခြားတဲ့ မြင်ကွင်းအဖုံဖုံနဲ့ ဧည့်သည်တွေကို ဆွဲဆောင်ဖို့ ကြိုစားနေပါတယ်လို့လည်း ဆိုပါတယ် ။


ကမ္ဘာ့ အမြန်ဆုံးဓါတ်လှေကား

ကမ္ဘာ့ အမြန်ဆုံးဓါတ်လှေကားကို ကမ္ဘာ့အမြင့်ဆုံး အဆောင်အအုံမှာ တပ်ဆင်ထားခြင်း ဖြစ်ပါတယ် ။Toshiba အမျိုးအစား ဓါတ်လှေကား ဖြစ်ပြီး တည်ဆောက်ရေး အဖွဲ့က ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ Taipei 101 မှာ ဒီအမြန်ဆုံး ဓါတ်လှေကားကို တပ်ဆင်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ် ။ ဓါတ်လှေကားဟာ အမြင့်ဆုံးအရှိန် တစ်မိနစ်မှာ ၁၀၁၀ မီတာ နဲ့ မောင်းနှင်နိုင်ပြီး အပေါ်တက်တဲ့အခါမှာတော့ တစ်မိနစ်ကို ၆၀၀ မီတာ အရှိန်နှုန်းနဲ့ တက်နိုင်ပါတယ် ။ သူ့ရဲ့ အလုပ်လုပ်မှုနှုန်းက တစ်နာရီကို ၆၀.၆ ကီလို မီတာ ဖြစ်ပါတယ် ။ ဓါတ်လှေကားဟာ ၅ လွှာမြောက်ကနေပြီး ၈၉ လွှာ မြောက်ကို ၃၉ စက္ကန့်နဲ့ တက်နိုင်ပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားပါတယ် ။

World's first pressure control system - ဒီကောင်က လေထုဖိအားကို suction and discharge blowers နည်းပညာနဲ့ ထိမ်းညှိပေးတယ်လို့ သိရပါတယ် ။

စာရေးသူ......သက်တန့်ချို (၂း၃၃ နေ့လည် ၉.၁.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

13 comments:

  1. ကိုသက်တန့်ရေ..
    အမြဲအားပေးနေတယ်နော်....
    ဂျာမဏီနိုင်ငံက ကားပါကင်စနစ်ကို.
    အရမ်းသဘောကျမိတယ်..

    ReplyDelete
  2. အကုန်လုံး သဘောကျ တယ်..

    ReplyDelete
  3. ရေအောက်စားသောက်ဆိုင်လေး မိုက်တယ် ပြီးတော့ 101 မျှော်စင်လည်း ရောက်ဖူးချင်တယ်
    အားလုံး ငေးမောမဆုံးပဲ ကိုသက်တန့်ရေ

    ReplyDelete
  4. ကျနော်တို့ဆီမှာလဲ ဘတ်စ်ကား မှတ်တိုင်မှာ အဲလို အဲကွန်းတတ်ပေးရင် ကောင်းမယ်နော်။

    ReplyDelete
  5. ရေအောက်စားသောက်ဆိုင်ကြီးကတော့ မိုက်တယ် .. သွားစားချင်တယ်.. ကားပါကင်တော့ ကြည့်တာတောင်ကြောက်စရာ.. တံတားကြီးကလဲ ဖြတ်ရဲဘူး... ဘတ်စ်ကားမှတ်တိုင်ကတော့ ရန်ကုန်လောက်မမိုက်ဘူး.. ရန်ကုန်မှာ အဲကွန်းမလိုဘူး.. အကုန်ဖွင့်ထားတော့ အပြင်ကလေ ဒီလောက်တိုက်နေတာ သဘာဝအဲကွန်းပေါ့ ..သူတို့ထက်တောင်ကောင်းသေး

    ReplyDelete
  6. Bus Car မှတ်တိုင်လေးကိုတော့ 
    သဘောကျသား ...

    ခင်မင်စွာနဲ့ 

    ပန်းခင်းလေး

    ReplyDelete
  7. တံတားကြီးက ကြောက်စရာကြီး နော်

    ReplyDelete
  8. It's not a germany car parking.
    It's a volkswagon show room.

    ReplyDelete
  9. မင်းမင်းစိုးAugust 10, 2012 at 5:08 PM

    ကြောက်စရာကြီးနော် အောက်ကြရင်တော့ အသေပဲ

    ReplyDelete
  10. Lots of bus stations at Airports here in the US with A/C and Heater system. Thank you for this amazing manmade things. TC.

    ReplyDelete
  11. ဗဟုသုတရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..ကိုသက် တန့်  ... " ပထမဆုံး Air con တပ်ထားတဲ့ ဒူဘိုင်းမြို့မှ ဘတ်စ်ကားမှတ်တိုင်ဖြစ်ပါတယ် " ဆိုတဲ့ စာတမ်းကိုတွေ့ တော့ ကြောင်အိမ်ထဲက အစ်ကိုကြီးအား ငါးကြော်တစ်ကောင်ကျွေးသည် ဆို တဲ့မြန်မာစာ မြန်မာစကားပုံကိုသွားသတိရမိတယ်...ဘာပဲဖြစ်ဖြစ်ပါ သူများတွေ Myanglish လို တောင်ရေးနေကြတဲ့ခေတ်မှာ ကိုသက်တန့် ရဲ့စေတနာကို လေးစားပါတယ်

    ReplyDelete
  12. အခုလို ဗဟုသုတရစေတဲ့အတွက် ကျေးဇူးတင်ပါတယ် ...........

    ReplyDelete
  13. ကားပါကင် လေး အရမ်း မိုက်တယ်နော်..။

    ReplyDelete