Saturday, January 30, 2010

ငါးဆရာဝန်များ

ငါးဆရာဝန်များ

Garra Rufa Obtusa ဆိုတာ ငါးဆရာဝန်လို့ တင်စားခံပြီး ထူးခြားတဲ့ ငါးအုပ်စုဝင်တွေဖြစ်ပါတယ် ။ သူတို့ကို တူရကီလို နိုင်ငံမျိုးမှာ မြောက်ဖက် နဲ့ အတွင်းပိုင်း အထူးသဖြင့် အရှေ့အလယ်ပိုင်းတွေမှာလည်း တွေ့ရလေ့ရှိပါတယ် ။ လူတွေဟာ အဲဒီငါးတွေကို ကြီးမားတဲ့ ဘေစင်ကြီးတွေမှာ ထည့်ပြီး အရေပြားရောဂါတွေကို စတင်ပြီး ကုသလာကြပြီ ဖြစ်ပါတယ် ။

ငါးအသေးလေးတွေဆိုရင် 43 degrees Celsius မှာ ရှင်သန်နိုင်ပါတယ် ။ သူတို့က ပုပ်ဆွေးနေတဲ့ တစ်ရှုး သေတွေကို စားသောက်ရတာ နှစ်သက်ပါတယ် ။ လူနာတစ်ယောက်က ရောဂါဖြစ်နေတဲ့ ခြေထောက်ကို ချလိုက်မယ်ဆိုရင် ငါးတွေက သူတို့ ပါးစပ်နဲ့ လိုက်တို့ပြီး ညှင်သာစွာ တစ်ရှုးသေတွေကို ဖယ်ရှားသွားပေးမှာ ဖြစ်ပါတယ် ။






















သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဟုတ်တယ် သက်တန့်ရေ ... အဲဒီလိုမျိုး Treatment ဒီမှာလည်း ရှိတယ်။ မြင်ဘူးတယ်.. အမက ငါးတွတ်တာ အသည်းယားလို့..း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ဘယ်သူဖြစ်နေလဲ လာကြနော်။ ဟောဒီမှာ ဒေါက်တာသက်တန့်ချို ငါးတွေနဲ့ ကုပေးနေတယ်။ ဟဟားး မောင်လေး နေကောင်းပြီထင်တယ်။ ဒီငါးလေးတွေက ဒီလိုကျတော့လည်း တမျိုးအသုံးဝင်တာပဲနော်။ ဗဟုသုတ ရသွားတယ်မောင်လေး ကျေးဇူး။ မောင်လေး ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  3. သက် ဖိုရမ်မှာ သက်ကိုယ်တိုင်တင်မလား ဒါမှမဟုတ် နာ တင်ပေးရမလား ဒါလေး ပြန် share ချင်လို့
    ရှဲရှဲ နော် အကြောင်းပြန်ပါ
    ဘိုင် တာ့တာ

    ReplyDelete
  4. ကိုသက်တန့်ရေ...
    ဒီလိုဆိုတော့လည်း...ငါးလေးတွေက အသုံးဝင်တာပဲနော့ဗျ...။
    ခုမှပဲသိတယ်....။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  5. မျော့နဲ့သွေးပုပ်တွေစုပ်ပြီးကုတာကြားဖူးလားလို့..
    အဲဒါလေးရှိရင်တင်ပေးနော်...။


    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete