Friday, January 15, 2010

နာရီနှင့် ရေနွေးအပူပေးစက်ပါဝင်သော USB hub

နာရီနှင့် ရေနွေးအပူပေးစက်ပါဝင်သော USB hub













ဒါဟာ အပေါက်လေးပေါက်ပါဝင်ပြီး ဘက်ထရီပါဝါသုံး နာရီနဲ့ အကောင်းဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေနွေး အပူးပေးစက်ပါဝင်ပါတယ် ။ အပူပေးတဲ့ ပလိတ်ပြားဟာ သင့်ရဲ့ ကော်ဖီခွက်ကို အပူချိန် ၁၂၂ မှ ၁၄၀ ဒီဂရီ ဖာရင်ဟိုက်ထိ ပေးနိုင်ပြီး ကော်ဖီ သို့မဟုတ် လက်ဖ္ဘက်ရည်ဖျော်ဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ် ။ ပြီးတော့ အဖွင့် အပိတ် ခလုပ်လေးက သင့်ကို ကော်ဖီခွက် အပူပေးခြင်းမှ မထိခိုက်စေပဲ အနီရောင် LED မီးသီးလေးက အပူပေးပလိတ်ပြား မီးဝင်မ၀င်ကို ညွှန်ပြပေးမှာ ဖြစ်ပါတယ် ။ နာရီကတော့ ဓါတ်ခဲနဲ့ သွားတာဖြစ်တဲ့အတွက် သင့်ကူပြူတာ Shut down ဖြစ်နေတဲ့အချိန်မှာ လက်ရှိရောက်နေတဲ့ အချိန်နဲ့ နေ့စွဲကို မှန်မှန်ကန်ကန် ဖော်ပြပေးမှာ ဖြစ်ပါတယ် ။

စာရေးသူ.....သက်တန့်ချို (၁၁း၀၀ ည ၁၄.၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဟုတ်တယ် ဒီမှာလည်း ခောတ်စားနေတယ် သက်တန့်ချိုရေ..တင်ရင် ကောင်းမလားတောင် စဉ်းစားနေတာ။
    မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ရှင်။
    ကွန်ပြူတာကြည့်ရင် အနွေးဓာတ်ပေးတဲ့ လက်အိပ်လေးတွေလည်းရှိသေးတယ်နော်။
    ကွန်ပြူတာ usbမှာ ထိုးထားရင် နွေးနေတာလေ။

    ReplyDelete
  2. လူတွေလည်း
    လျှပ်စစ်ဓာတ်အားကြောင့်သာ
    ရောဂါ ရမယ်ဆို ...
    မတွေးရဲ စရာပဲ ..
    ခေတ်မှီ တိုးတတ်လာတာ နဲ့ အမျှ .....

    ReplyDelete
  3. ခေတ်ကြီးကလည်းနော် လိုက်လို့ကို မမှီတော့ဘူး

    ReplyDelete
  4. အဲ့ဒီ USB လေး လိုချင်လိုက်တာ.. ကော်ဖီဖျော်ပီး ကွန်ပျူတာဘေးချထား ကိုယ်က အလုပ်တွေ လုပ်နေ သတိရတော့ ကော်ဖီခွက်က အေးစက်နေပီ
    အဲ့တော့လဲ တမျိုးတော့ ကောင်းသား တကျိုက်တည်း မော့ချလိုက်လို့ ရတယ်လေ :(

    ReplyDelete
  5. တို့လို ညနက်မှအိပ်တဲ့လူတွေအတွက် အတော်အဆင်ပြေမယ်.. ဆရာချိုရေ ရောင်းတဲ့နေရာသိရင် တစ်ခုလောက်မှာပေးပါဦး.. အကြွေးမှတ်ထားပေါ့နော်....

    ReplyDelete