Wednesday, March 23, 2011

အချစ်ဆိုတာ (၁)

အချစ်ဆိုတာ (၁)





၁ ။ အချစ်ဆိုတာ ရင်ထဲက တူးဖော်ရရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတ ပစ္စည်းသာလျှင်ဖြစ်တယ် ။ သုံးစွဲတတ် ရင် အ ကျိုးရှိသလောက် မသုံးစွဲတတ်ရင် အန္တရာယ်ရှိတယ် ။

၂ ။ အချစ်ဆိုတာ တခါတခါ ကဗျာလှလှလေးတွေဖြစ်စေနိုင်သလို တခါတရံ ကြောက်မက်ဖွယ် စစ်ပွဲတွေ လည်းဖြစ်စေနိုင်တယ် ။

၃ ။ အချစ်ဆိုတာ အသုံးချခံနေရတဲ့ပစ္စည်းတစ်ခုလည်းဖြစ်တယ် ။ ရယူပိုင်ဆိုင်လိုခြင်း ၊ ဂရုစိုက်ခံလိုခြင်း ၊ ကြင် နာ မှု ရယူလိုခြင်းစတဲ့ အရာတွေကို အချစ်လို့ခေါင်းစဉ်တပ်ပြီး အချစ်ဆိုတာကို နေရာအနှံ့အပြားမှာ အသုံး ချနေကြ တယ် ။

၎ ။ တချို့က ကိုယ်က တစ်ယောက်ယောက်ကို ချစ်မိရင် အဲဒီတစ်ယောက်ဆီက အချစ်ကို ပြန်လည်ရ ယူလိုကြတယ် ။ ဒါဟာ သူတပါးကို ချစ်ခြင်းမဟုတ်ပဲ ကိုယ့်ကိုယ်ကို ချစ်ခြင်းသာ လျှင်ဖြစ်လိမ့်မယ် ။ တကယ်ချစ် မိပြီဆို ရင် သူ့ဆီက ဘာမှလိုချင်စိတ်ရှိမှာမဟုတ်ပါဘူး ။ တစ်မိုးအောက်ထဲမှာ သူရှိနေတယ်ဆိုတဲ့အသိ ဘ၀ကို ကျန်းကျန်း မာမာ နဲ့ပျော်ရွှင်စွာ သူဖြတ်သန်းနေတယ်ဆိုတဲ့ အသိလေးနဲ့ တင် လောကကြီး က ကျေနပ်ဖို့ကောင်း ပါတယ် ။

၅ ။ အချစ်ဆိုတာ တခါတရံ တစ်စုံတစ်ခုကိုတွေးပြီး ကြည်နူးနေရတာဟာလည်း ကျေနပ်စရာကောင်းပါတယ် ။ သိပ်များများစားစားရှုပ်ထွေးစရာမလိုပါဘူး ။

၆ ။ တဏှာ ၊ ရမ္မက်အခြေခံထားတဲ့ အချစ်ဟာ ပြိုကျပျက်ဆီး လွယ်ပြီး မေတ္တာတရား အခြေခံထားတဲ့အချစ် သာ လျှင် အေးငြိမ်းတည်မြဲနိုင်တယ် ။

၇ ။ အချစ်ဆိုတာ ဘာမှမဟုတ်တဲ့ အကြည့်လေးတစ်ခု ၊ မျက်တောင်လေးတစ်ချက် ၊ ရင်ခုန်သံလေး တစ်ချက် နဲ့ နောက် ဆုံး အိပ်မက်လေးတစ်ခုလည်းဖြစ်နိုင်တယ် ။

၈ ။ အချစ်စစ်ဖြစ်ဖို့ အချိန်မလိုဘူး ၊ နေရာမလိုဘူး ၊ ကန့်သတ်ချက်တွေမလိုဘူး ၊ စစ်မှန်တဲ့ ရင်ခုန်သံသာ ဖြစ်ဖို့လိုတယ် ။

၉ ။ ပေါင်းရသည်ဖြစ်စေ မပေါင်းရသည်ဖြစ်စေ အချစ်ဟာ အချစ်ပါပဲ ။ အချစ်စစ် အချစ်မှန်အဖို့ ပေါင်းရခြင်း ၊ မပေါင်း ရခြင်းဟာ အဓိက မကျဘူး ။ ရင်ခုန်သံခြင်းနီးနေဖို့သာလိုတယ် ။

၁၀ ။ အတ္တ ၊ မာနနဲ့ သံသယ ဟာ အချစ်ရဲ့ ရန်သူဖြစ်တယ် ။ စောစောစီးစီး ရှင်းလင်းဖို့ လိုတယ် ။ နားလည် ခွင့်လွှတ်ပေးနိုင် မှုဟာလည်း အချစ်ရဲ့ မြတ်နိုးစရာဂုဏ်သတ္တိတစ်ခုသာဖြစ်တယ် ။

(အချစ်ဆိုတဲ့အရာအပေါ် ကျွန်တော့်ရဲ့ ထင်မြင်ချက် ခံယူချက်ကို ချရေးယုံ သက်သက်ပါပဲ )

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. အဖြူရောင်နတ်သမီးMarch 23, 2011 at 4:10 PM

    မှန်တယ်ဗျို့...
    ထပ်ဆင့် ထောက်ခံသွားပါတယ်...။

    ReplyDelete
  2. အချစ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး
    မှတ်သား သွားပါတယ် ဗျို့..:P
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  3. ဝက်ဝံလေးMarch 23, 2011 at 11:51 PM

    မိသက် ဘာလဲ ဆက်ရန်ရှိသေးတယ်ဆိုတဲ့သဘောပေါ့လေ ဟုတ်လား
    (၁) ဆိုတော့

    ReplyDelete
  4. "အချစ်ဆိုတာ တခါတရံ တစ်စုံတစ်ခုကိုတွေးပြီး ကြည်နူးနေရတာဟာလည်း ကျေနပ်စရာကောင်းပါတယ် ။"


    မှန်ပါတယ်ရှင်..... :)

    ReplyDelete
  5. အချစ်ဆိုတာ တကယ်စစ်တယ်ဆိုရင် အရာအားလုံးကို ခွင့်မလွတ်နိုင်ဘူး။ အချစ်စစ်ဆိုတာ စိုးရိမ်စိတ် ၊ စိတ်ပူတက်တဲ့စိတ်တွေ ကင်းမဲ့ရင် အချစ်စစ်တစ်ခုရဲ့သီအိုရီထဲမှာ မပါဝင်ခဲ့ဘူး။

    ReplyDelete
  6. မှန်လိုက်တာနော်

    ReplyDelete
  7. အချစ်သည်ပေးဆပ်ခြင်း၏ကျေးကျွန်ဖြစ်သည်တဲ့ကြားဖူးတယ်

    ReplyDelete
  8. အချစ်သည်ပေးဆပ်ခြင်း၏ကျေးကျွန်ဖြစ်သည်တဲ့ကြားဖူးတယ်

    ReplyDelete