Wednesday, May 3, 2017

အဖြူခြယ်မလား အမည်းခြယ်မလား


ပုံ ၁ - အဖြူပေါ်မှ အနက်
ပုံ ၂ - အနက်ပေါ်မှ အဖြူ

ပုံ ၁ မှာ ဘာသတိထားမိလဲ ?
ပုံ ၂ မှာ ရော ဘာသတိထားမိလဲ ?

လူအများစုက ပုံ ၁ မှာ အနက်စက်လေးပါနေတာ သတိထားမိပါလိမ့်မယ် ပုံ ၂ မှာတော့ အဖြူစက်လေးပါနေတာသတိထားမိပါလိမ့်မယ်

အဖြူဟာ ကောင်းမှုကုသိုလ်နဲ့ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတာတွေဆိုပါစို့
အနက်ရောင် ဟာ မကောင်းမှုအကုသိုလ် ကိုယ်လုပ်ခဲ့တဲ့ မကောင်းတာတွေဆိုပါစို့

ပုံ ( ၁ ) အရ .. သင်ဘယ်လောက် ကောင်းတာတွေပဲလုပ်ခဲ့ပါစေ မကောင်းတာတစ်ခု လုပ်မိတာနဲ့ အဲ့ဒီအမည်းစက်ဟာ ထင်းခနဲပေါ်နေပါလိမ့်မယ်
ရုပ်ဆိုးအကျည်းတန်တဲ့အမည်းစက်ဟာ သင်လုပ်နေတဲ့အဖြူရောင် ကောင်းမှုတွေထဲမှာ နေရာယူနေသလို လူတွေကလည်း အဲ့ဒီအမည်းစက်ကိုပဲ သတိပြုမိပါလိမ့်မယ် ။

ပုံ ( ၂) အရ .. သင်ဘယ်လောက် မကောင်းတာတွေလုပ်ပါစေ သင့်မှာ ကောင်းမှုကုသိုလ်လေးရှိနေရင် အနက်ရောင်မကောင်းမှုတွေအလယ်မှာ ရှင်းလင်းပြတ်သားစွာ နေရာယူနေပါလိမ့်မယ်
အကျည်းတန်တဲ့မကောင်းမှုအနက်ရောင်မှာ အဖြူရောင် ကုသိုလ်စက်ကလေး ထင်းနေတာ သိပ်ကြည့်ကောင်းလွန်းတယ်မထင်မိဘူးလား

ကိုယ်လုပ်ရမှာက
ကိုယ့်မှာ အမည်းရောင်တွေများနေရင် အဖြူရောင်တွေတိုးပွားအောင်လုပ်ပါ ။
အဖြူစက်တွေတဖြည်းဖြည်းများလာရင် အမည်းရောင်တွေပျောက်သွားမှာပါ ။

ကိုယ့်မှာ အဖြူရောင်တွေများနေရင် အမည်းစက်တွေမရှိအောင် သတိပြုဆင်ခြင်သုံးသပ်ပါ ။
အမည်းစက်တွေများလာရင်ကိုယ့်မှာ နဂိုရှိပြီးသား ကောင်းမှုကုသိုလ်အဖြူတွေနည်းပြီးပျောက်သွားလိမ့်မယ် ။

ကိုယ့်ဘ၀ကိုယ် .. အဖြူရောင်တွေနဲ့ခြယ်သမလား .. အမည်းရောင်တွေနဲ့ခြယ်သမလားဆိုတာ
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ့်လုပ်ရပ်ပေါ်ပဲမူတည်ပါတယ် ။

#သက်တန့်ချို
3.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment