Wednesday, May 3, 2017

ပြုပြင်သင့်သည် မြန်မာပြည် ( ၁ )



ပြုပြင်သင့်သည် မြန်မာပြည် ( ၁ )

ရွှေတိဂုံဘုရား ပေါ်တက်တဲ့ စောင်းတန်းတလျှောက်မှာ ဘုရားဖူးတွေတက်တဲ့ လမ်းလှေကားတွေထိ နေရာယူထားတဲ့ ဈေးသည် ဈေးဆိုင်တွေ ဟာ ရုပ်ဆိုးအကျည်းတန်လွန်းပါတယ် ။

သက်ဆိုင်ရာကနေ ရှင်းလင်းပေးသင့်ပါတယ် ။ ဈေးသည်တွေရဲ့
"၀င်ကြည့်ပါဦး ဘာယူဦးမလဲ"
" ၀င်ကြည့်ဦးလေ ဘာရှာလဲပြောကြည့်လိုက် "
" ဘာပစ္စည်းရှာလဲ ဘာယူဦးမလဲ "
 စတဲ့ အသံတွေနဲ့ ဘုရားဖူးတွေကို လက်မကိုင်ယုံတမယ် အပြိုင်အဆိုင် ဆွယ်ကြတဲ့အသံတွေကလည်း တော်တော် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလှပါတယ် ။

အနယ်နယ်အရပ်ရပ်က ဗုဒ္ဓဘာသာဝင်တိုင်းသာမက တစ်ကမ္ဘာလုံးက ကမ္ဘာလှည့်ခရီးသွားများပါ အမြတ်တနိုးလာရောက်ဖူးမျော်ကြတဲ့ အထင်ကရ သမိုင်းဝင်နေရာဖြစ်တာကြောင့် လူသွားသည့်လှေကားထစ်များပေါ်သို့ နေရာယူထားသည့်ဈေးသည်များအား ရှင်းလင်းဖယ်ရှားသင့်ပါကြောင်းနှင့်
ပြုပြင်သင့်သည့် အရာတစ်ခုဖြစ်ကြောင်းထင်မြင်မိပါသည် ။

#သက်တန့်ချို
3.5.2017 #ttcpublicawareness
Photo : Credit to owner and uploader

No comments:

Post a Comment