Monday, May 8, 2017

တစ်ခါတစ်လေ

တစ်ခါတစ်လေ ကိုယ့်ဖက်က
အမှတ်တမဲ့ပြောလိုက်တဲ့စကားလုံးတွေက
ကိုယ့်ကို သံယောဇဉ်ရှိသူအတွက် နာကျင်စေတတ်တယ်
ပျော်ရွှင်ပါစေဆိုပြီးလုပ်လိုက်တဲ့ လုပ်ရပ်တွေက
ကိုယ့်ကို စိုးရိမ်နေတဲ့သူအတွက် ၀မ်းနည်းစေတတ်တယ်
တစ်ခါတစ်လေမှာလည်း ကိုယ့်ဖက်က
အရိပ်တကြည့်ကြည့် ဂရုအမြဲစိုက်နေခြင်းဟာ
ကိုယ့်ကို တန်ဖိုးမထားသူအတွက် စိတ်ကျဉ်းကြပ်နေစေတတ်တယ်
ကိုယ့်ကို ပြန်ချစ်ပါစေပြီး တန်ဖိုးထားပေးဆပ်သမျှဟာ
ကိုယ့်နဲ့မထိုက်တန်သူအဖို့ မုန်းတီးနာကျည်းသွားစေတတ်တယ်
===================================
ကိုယ့်ကို သံယောဇဉ်ရှိသူနဲ့ အမြဲစိုးရိမ်နေတတ်သူကို တန်ဖိုးထားပါ
ကိုယ့်ကို တန်ဖိုးမထားသူနဲ့ မထိုက်တန်သူကို မေ့ပစ်လိုက်ပါ
ဘ၀ဆိုတာ .. ကိုယ်နဲ့ထိုက်တန်တာ ကိုယ့်ဆီရောက်လာစမြဲပါပဲ ။
#သက်တန့်ချို
8.5.2017 #ttclovequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment