Tuesday, September 20, 2011

ကလိုရိုဖီးလ် (သို့) Green Healer

ကလိုရိုဖီးလ် (သို့) Green Healer


အစားအစာတွေမှာပါဝင်တဲ့ အစိမ်းရောင်ဓါတ်ကို အစားထိုးဖြည့်ဆည်းပေးနိုင်တဲ့အရာဆိုတာ လုံးဝမရှိပါဘူး ။ အကယ် ၍ သင်ဟာ ဒီလို စွမ်းအင်ပေးတဲ့ sunlight energy အစားအစာတွေကို စားဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ကျန်းမာပျော် ရွှင်တဲ့ဘ၀ အနှစ်သာရကို သင်ရရှိမှာမဟုတ်ပါဘူး ။ အစားအသောက်နေ ထိုင်မှုပုံစံ ကွာခြား ခြင်းဟာ မြို့ပြလူနေမှုစနစ်နဲ့ ထူပြောလာတဲ့ရောဂါတွေဖြစ်တဲ့ ကင်ဆာ ၊ နှလုံးရောဂါနဲ့ ဆီးချိုသွေး ချိုရောဂါတွေ ဖြစ်ပွားလာရခြင်းရဲ့ အဓိက အကြောင်းတစ်ခုလည်းဖြစ်ပါတယ် ။ အဲဒီလိုထူပြော လာတဲ့ ရော ဂါတွေကြောင့် လူသားတွေ ဒုက္ခတွေ့လာခြင်းဟာ သူတို့အဖြစ်များခြင်းကြောင့်ဖြစ်သလို အဲဒီရောဂါတွေကို အကောင်းဆုံး ခုခံနိုင်တဲ့ ကောင်းမွန်သော ကုသမှု (effective treatment ) မရှိခြင်းကြောင့်လည်းဖြစ်ပါတယ် ။ နှလုံးရောဂါနဲ့ ကင်ဆာရော ဂါတွေရဲ့ ဖြစ်ပွားမှုနှုန်းကို လျော့ချဖို့အကောင်းဆုံးမျှော်လင့်ချက်ကတော့ သူတို့ကိုကာကွယ်ခြင်း Prevention ပဲ ဖြစ်ပါတယ် ။



အာဟာရလေ့လာစမ်းစစ်မှု Research တွေရဲ့အဆိုအရ အစိမ်းရောင်အစားအစာဟာ လူသားတွေရဲ့ အစား အသောက်နေထိုင်မှု ပုံစံမှာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ် ။ အစားအသောက် ကျွမ်းကျင်ပညာ ရှင်တွေ ကတော့ ကျွန်တော်တို့ဟာ တစ်နေ့ကို အသီးအရွက်နဲ့ သစ်သီး ငါးကြိမ်ကနေ ကိုးကြိမ်အထိ စားသုံးပေး သင့်တယ်လို့ ထောက်ခံထားပါတယ် ။ ယေဘူယျကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ အနည်းဆုံး ငါးကြိမ်တောင် ဒီလို green foods တွေကို မစားတာတွေ့ရပါတယ် ။

ကလိုရိုဖီးလ်ကို ကုသမှုအဖြစ်အသုံးပြုခြင်း

ကလိုရိုဖီးလ်ဆိုတာ အစိမ်းရောင်အပင်တွေကနေထွက်ရှိတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ ဆေးဝါးတွေကို ကျယ် ကျယ် ပြန့်ပြန့် မသုံးမပြုကြခင်မှာ ကလိုရိုဖီးလ်ကို အနာကျက်စေခြင်း healing အဖြစ်အသုံးပြုခဲ့ကြပါတယ် ။ နောက်ပိုင်း ထွက်ရှိလာတဲ့ သက်သေတွေအရ ကလိုရိုဖီးလ်များစွာ ပါဝင်တဲ့အစိမ်းရောင် အပင်တွေမှာ အဆိပ် အတောက်တွေကို ဖယ်ရှားပေးတဲ့ Detoxifying phytonutrients တွေပါဝင်ပြီး အဲဒါတွေဟာ ကင်ဆာဖြစ်စေတဲ့ Carcinogens တွေနဲ့ သက်ကြီးနာ Debelitating disease တွေကို အကောင်း ဆုံးကာ ကွယ်ပေးနိုင် တဲ့အစွမ်းရှိပါတယ် လို့ ဆိုပါတယ် ။ ကလိုရိုဖီးလ်ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက် toxins တွေကို အဆုံး သတ်ချေ ဖျက်ပေးနိုင်ပြီး ဆဲလ်တွေရဲ့ အသက်ရှင်နေနိုင်မှု သက်တမ်းကို များစေပါတယ် ။ ဒါ့အပြင် ကိုယ်ခံ အားစနစ် Immune system ကိုလည်း တိုးတက်ကောင်းမွန်စေတာ တွေ့ရပါတယ် ။

ကလိုရိုဖီးလ်ကို တခါတရံ အစိမ်းရောင်သွေး Green blood လို့လည်း တင်စားခေါ်ဝေါ်ပြီး ကလိုရိုဖီးလ်မော် လီကျူးတွေဟာ လူ့သွေးထဲမှာ ရှိတဲ့ ဟေမိုဂလိုဘင် ( သွေးနီဥ) မော်လီကျူးတွေနဲ့ ဆင်တူတဲ့အတွက်ဖြစ်ပါတယ် ။ ကလို ရိုဖီးလ်မှာ သူ့ရဲအတွင်းဆုံးလွှာ Core မှာ Magnensium အက်တမ်တစ်ခုတည်းသာပါရှိပြီး အဲဒါဟာ အစိမ်းရောင် ကာလာကိုဖြစ်ပေါ်စေပါတယ် ။ ဟေမိုဂလိုဘင်ကတော့ Iron ပါဝင်ပြီး အနီရောင်ရှိပါတယ် ။ ဒါဟာ သွေး အားနည်းခြင်းဆိုတဲ့ Anaemia မှာ အလွန်အကျိုးရှိပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကလိုရို ဖီးလ်နဲ့ ဟေမိုဂလိုဘင် ဖွဲ့စည်းပုံခြင်းတူညီပြီး သူ့မှာ အိုင်းယွန်းကို စုပ်ယူနိုင်တဲ့ Bioavailibility မြင့်မားတဲ့ အတွက်ဖြစ်ပါတယ် ။

ခန္ဓာကိုယ်ကနေ အသက်ရှုမှုကို ပုံမှန်ထိမ်းသိမ်းဖို့ဆိုရင် သွေးဟာ Alkaline အယ်ကာလိုင်းဖြစ်ဖို့လိုအပ်ပါတယ် ။ ကိုယ် လက်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို အက်ဆစ်ဓါတ်အခြေအနေ Acidify ဖြစ်စေပါတယ် ။ အက်ဆစ် ဓါတ်တွေအရမ်းများတဲ့အခြေအနေဖြစ်တဲ့ Acidosis ကိုလည်း အသည်း ၊ အူမကြီး ဂလန်းတွေ ဟာ ဆေးတွေ ၊ အရက်တွေ ၊ High meat diet တွေ ၊ ဆေးလိပ် ၊ သကြားတွေနဲ့ အလွန်အမင်းဖုံးအုပ် ဖိစီးလာခြင်း ( Over burdened ) မှာတွေ့ရလေ့ရှိပါတယ် ။ Acidosis ရဲ့လက္ခဏာတွေကတော့ အစာအိမ် အနာ များ ၊ ညဖက် အိပ်မပျော်ခြင်း ၊ ဆီးအိမ်တင်းခြင်း ၊ အဆစ်အမြစ်နာခြင်း ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊ ခြောက်သွေ့ မာကျောသော မစင်များသွားခြင်း ၊ လွန်စွာ အနံ့ဆိုးရွားသော ၀မ်းပုပ်များသွားခြင်းနဲ့ စအို ၀မှာ မီးပူလောင် သလို ပူစပ်ခြင်းများ စတာတွေပဲဖြစ်ပါတယ် ။

လူတွေရဲ့ ခန္ဓာကိုယ်ဟာ အရမ်းကို အက်စစ် ဓါတ်အခြေအနေ Acidic ဖြစ်လာတဲ့အခါ ခုခံအား စနစ်ပျက် ဆီးလာပါတယ် ။ Acidosis ဟာ ကယ်လ်ဆီယမ်ကို အရိုးတွေအပြင်ဖက်မှာ Acid ကို buffer လုပ်စေပြီး ခန္ဓာ ကိုယ်ကို alkaline အခြေအနေရောက်အောင်လုပ်ဆောင်စေပါတယ် ။ ကယ်လ်စီယမ်တွေဟာ စွန့်ထုတ်ခြင်း excretion မှ တဆင့် ဆုံးရှုံးသွားတဲ့အခါ Osteoporosis လို့ခေါ်တဲ့ အရိုးပွရောဂါကို ပိုမိုဆိုးရွားစေပါတယ် ။ Alfafa ဟာ အကောင်းဆုံးလူသိများတဲ့ Alkaline plants တွေထဲကတစ်ခုဖြစ်ပါတယ် ။

ကလိုရိုဖီးလ်ကို တခါတရံ သွေးလည်ပတ်မှုစနစ် ၊ အူလမ်းကြောင်းနဲ့မျိုးပွား အဂါင်္ဆိုင်ရာ စနစ်များ ပိုမိုကောင်း မွန်ဖို့ အသုံးပြုလေ့ရှိပါတယ် ။ ဒါ့အပြင် ဒီအစွမ်းထက်တဲ့ ကလိုရိုဖီးလ် မှာ germs လို့ခေါ်တဲ့ပိုး မွှားတွေ ကို သေစေနိုင်တဲ့ Antiseptic စွမ်းရည်ရှိပြီး တစ်သျှူးတွေကိုလည်း အနာမြန်မြန်ကျက်စေပါတယ် ။ ကလိုရိုဖီးလ် ပါဝင်တဲ့ solution တွေဟာ ဆဲလ်တွေရဲ့ ခုခံအားစနစ် ကို မြင့်မားစေပြီး ဘတ်တီးရီးရား ပိုးမွှားတွေ ကြီးထွားခြင်းကို တားဆီးပေးပါတယ် ။ အရေပြားပေါ်ကိုလည်း လိမ်းဆေးအနေနဲ့ အသုံးပြုလို့ရပြီး ပြတ်ရှနာ ၊ အနာတွေနဲ့ ခံတွင်းအပူနာတွေကို သက်သာစေပါတယ် ။ သတင်းကောင်းတစ်ခုကတော့ ကလိုရိုဖီးလ်ဟာ အဆိပ်အတောက်ဖြစ်စေခြင်း လုံးဝမရှိပဲ လုံခြုံစိတ်ချအန္တရာယ်ကင်းစေခြင်းဖြစ်ပါတယ် ။

Alfafa ( ကျွဲ ၊ နွားများ အစာအဖြစ်အသုံးပြုသည့်အပင် ) ဟာ အပြည့်အစုံ ဆုံးနဲ့ သဘာဝအလျောက် ရရှိတဲ့ အာဟာရ အပြည့်ဝဆုံးအစားအစာဖြစ်ပါတယ် ။ သူ့ရဲ့အမြစ်တွေဟာ ပေ ၆၀ အထိ ရှည်လျားနိုင်ပြီး တခြားအ ပင်တွေမှာ မရှိနိုင်တဲ့ အာဟာရဓါတ်တွေကိုတောင် ပေးစွမ်းနိုင်ပါတယ် ။ Alfafa မှာ ဗီတာမင်တွေနဲ့ ရှားပါးသတ္တု ဓါတ်တွေ အများကြီး ရှိပါတယ် ။ အစားအစာတွေကို လွယ်လွယ်ကူကူ ခြေဖျက် ပေးဖို့ ကူညီပေးနိုင်တဲ့ အင်ဇိုင်းတွေ လည်း ပါဝင်ပါတယ် ။

Super Chlorophyll မှာတော့ အမြင့်ဆုံးသတ်မှတ်ထားတဲ့ Alfafa မှ စုစည်းထားတဲ့ ကလိုရို ဖိုင်လင်းတွေ ပါဝင်ပါတယ် ။ ယခုအခါမှာ Super chlorophyll powder တွေဟာ ဈေးကွက်ထဲ တွင်ကျယ်လာပြီဖြစ်ပါတယ် ။ ရေမှာပျော် ၀င်နိုင်တဲ့ ဒီအရာတွေဟာ သဘာဝ ရနံ့ရှိပြီး ဈေးကွက်ထဲမှာ ရှိတဲ့ တခြားကလိုရိုဖီးလ် ထုတ် ကုန်တွေနဲ့ ကွဲပြားခြားနားပါတယ် ။ ဘာကြောင့်လဲဆိုတော့ စူပါ ကလိုရိုဖီးလ်မှာ ကလိုရိုဖီးလ်သိပ်သည်းဆ များစွာ ပါဝင် တဲ့အတွက်ဖြစ်ပါတယ် ။ ကလိုရိုဖီးလ်အကြောင်းကို သိရှိပြီး ကျန်းမာရေးကောင်းကျိုးတွေများစွာ ရရှိချင်တယ် ဆိုရင်တော့ အစိမ်းရောင်ပါတဲ့ အသီးအရွက်တွေကို များများစားပေးယုံပါပဲ ။ နောက်ဆုံးအနေနဲ့ ကလိုရိုဖီးလ်ရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကို အချက်အလက်တွေနဲ့စဉ်ကြည့်ရမယ်ဆိုရင် ကလိုရိုဖီးလ် ဟာ

- တစ်သျှူးတွေကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သန့်စင်စေပါတယ်
- ခန္ဓာကိုယ်ကနေ ဆိုးရွားတဲ့ အနံ့တွေကို ဖယ်ရှားပေးပြီး အသက်ရှူရတာလည်းကောင်းစေပါတယ်
- အစာအိမ်ရောဂါနဲ့ အနာတွေကို ကုသပေးတဲ့နေရာမှာလည်း ကူညီပေးနိုင်ပါတယ်
- သွေးဆဲလ်အရေအတွက်ကို မြင့်တက်စေပါတယ်
- သွေးကို သန့်စင်စေပြီး ပါးစေပါတယ်
- အသည်းနဲ့ကျောက်ကပ် ကို သန့်ရှင်းပေးပါတယ်
- ခန္ဓာကိုယ်ကနေ လွယ်ကူစွာ စုပ်ယူနိုင်ပြီး သွေးနဲ့ ဖွဲ့စည်းပုံခြင်းဆင်တူပါတယ်
- အစာချေဖျက်ရာမှာလည်း အကူအညီပေးပါတယ်
- ဗီတာမင်နဲ့ သတ္တုဓါတ် တွေရဲ့ လုပ်ဆောင်မှုကို ပိုကောင်းစေပါတယ်

ကလိုရိုဖီးလ်ကို အိမ်သုံးဆေးဝါးအဖြစ်သုံးကြတာကတော့အောက်ပါအခြေအနေများမှာဖြစ်ပါတယ် ။

- သွေးအားနည်းခြင်းကို ကောင်းမွန်စေခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်စင်စေပြီး ပုံမှန်လည်ပတ်စေခြင်း
- သွားနှင့်သွားဖုံးများအား သန့်ရှင်းစင်ကြယ်စေခြင်း
- ချိုင်းချွေးနံ့များ လျော့နည်းစေခြင်း
- ခြေထောက်တွင် သွေးကြောဆိုင်ရာ စနစ်များ ကောင်းမွန်စေခြင်း
- ရောင်ရမ်းနာကျင်ခြင်းများကို လျော့နည်းစေခြင်း
- Hemophilia ဟုခေါ်သော သွေးမတိတ် ရောဂါ ကုသခြင်းတွင် ကူညီပေးနိုင်ခြင်း
- ပန်းနာရင်ကြပ်ရောဂါများအားသက်သာစေခြင်း
- နို့ရည်ထွက်ရှိမှုကို များစေခြင်း
- အသည်းယောင်ခြင်း Hepatitis တွင် ပြန်လည် ကောင်းမွန်လာစေခြင်း
- လည်ချောင်းနာ ၊ အာသီးရောင်ခြင်းများအား ပြန်လည်ကောင်းမွန်လာစေခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

Ref : Cholorophyll or Green Healer Article

သက်တန့်ချို
20 September 2011

Living Life Journal Vol.2 No.3 Cover Story

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. အာဂျီးမားSeptember 22, 2011 at 2:08 PM

    အစိမ်းရောင်ရှိတဲ့အသီး၊ အရွက်တွေတိုင်းမှာကလိုရိုဖီးပါဝင်တယ်လို့ ဆိုလိုတာလား.... ဟင်းသီးဟင်းရွက်တွေအတော်များများကအစိမ်းရောင်ဆိုတော့ နေ့ စဉ်စားသုံးပေးမယ်ဆိုရင်ကလိုရိုဖီးအလွယ်တကူရနိုင်တာပေါ့နော်.....

    ReplyDelete