Saturday, September 1, 2012

ဂျီမေးလ်ကို 2 step verification method နဲ့ကာကွယ်ခြင်းနည်းလမ်း (အပိုင်း ၁)

ဂျီမေးလ်ကို 2 step verification method နဲ့ကာကွယ်ခြင်းနည်းလမ်း (အပိုင်း ၁)

ဒီနည်းလေးကတော့ ဂျီမေးလ်အကောင့် Hack မခံရအောင်ကာ ကွယ်တဲ့အကောင်း ဆုံးနည်းလမ်း တစ် ခုဖြစ်ပါတယ် ။ အဓိကကတော့ ကိုယ့်ပါ့စ၀ပ်ရိုက်တာမှန်တာတောင် verification code ထပ်ထည့်မှ ပွင့် တာဖြစ် တဲ့အ တွက် အလွယ်တကူ Hack လို့မရနိုင်သလို ကိုယ့်ဂျီမေးလ်ကို အကောင်းဆုံးကာ ကွယ် တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ် ။ အရင်ဆုံး ကျွန်တော်တို့ ဘယ်လိုလုပ်သလဲဆိုတာ လေ့လာကြည့်ရအောင် ။

၁ ။ ကိုယ့်ဂျီမေးလ်ကို ကိုယ့်ပါ့စ၀ပ်နဲ့ sign in အရင်လုပ်ပါ ။ ပြီးရင် ဂျီမေလ်းအကောင့် setting ထဲက Security ကိုသွားရမှာဖြစ်ပါတယ် ။ Two step verification Method ကို Set Up လုပ်တဲ့အခါ နည်းလမ်းနှစ်မျိုးရှိပါတယ် ။တခုကတော့ ဖုန်းထဲကို SMS သို့မဟုတ် Voice Call ခေါ်တဲ့ နည်းဖြစ်ပြီး နောက်တစ်ခုကတော့ Google Authenticator ကိုသုံးပြီး ဖုန်းထဲကနေ code ယူတဲ့နည်းဖြစ်ပါတယ် ။ အခုဆောင်းပါးမှာတော့ ကိုယ့်ဖုန်းထဲမှာ Voice call ခေါ်ပြီး ကုတ်ထည့်တဲ့နည်းဖြဖြစ်ပါတယ် ။ SMS ပို့တဲ့နည်းကိုတော့ စမ်းလို့မရပါဘူး ။ ဘာကြောင့် လည်းဆိုတော့ မြန်မာနိုင်ငံမှာ ပြည်ပ SMS အ၀င် service ကို မရလို့ဖြစ်ပါတယ် ။ နောက်မှာ အသေးစိတ် ဆက်ရှင်းမှာဖြစ်တယ် ။



၂ ။ Account / Settings / Help / Sign Out ဆိုပြီး ညာဖက်အပေါ်မှာ ရှိတဲ့အထဲက Account ကိုနှိပ်ပါ ။ အဲဒီအခါ ပုံမှာပြထားတဲ့အတိုင်း ဘယ်ဖက်ဘေးမှာ Account , Security , Products , Data liberation ဆိုတာတွေ့ ရလိမ့်မယ် ။ Security ကိုသွားပါ ။ အဲဒီမှာ 2 step verification Status: OFF ဆိုတာရဲ့ဘေးမှာ Edit ကိုနှိပ်ပါ


၃ ။ ပြီးရင် ပုံမှာပြထားတဲ့ See how it works ကိုနှိပ်ပါ ။



၎ ။ Start Setup ကိုနှိပ်ပါ ။


၅ ။ ပြီးရင် ဖုန်းနံပတ်ရိုက်တဲ့အကွက်ထဲမှာ ကိုယ့်ဖုန်းနံပတ်ကို ရှေ့ဆုံးမှာ 9 တစ်လုံးခံပြီးရိုက်ပါ ။ ရှေ့က အလံနေရာလေးမှာ Myanmar အလံလေးကိုရွေးပေးပါ ။ ပြီးရင် Text Message (SMS ) နဲ့ Voice Call နှစ်ခုရှိတဲ့အနက်က Voice call ကိုရွေးပြီး Send code ကိုနှိပ်ပါ ။



၆။ ကိုယ့်ဖုန်းကို ဂျီမေလ်းကနေဖုန်းခေါ်ပါလိမ့်မယ် ။ (အရင်တုန်းကအဲဒီ service မရဘူး အခုမှရတယ် ) သူပြောတာကိုနားထောင်ပြီး ပုံမှာပြထားတဲ့အကွက်ထဲ ကုတ်တွေကိုဖြည့်ပြီး Confirm နှိပ်လိုက်ပါ ။



၇ ။ အဲဒီအခါ ပုံမှာပြထားတဲ့အတိုင်း ပေါ်လာလိမ့်မယ် ။ Trust this computer ကို အမှန်ခြစ်ထား တာဖြုတ်လိုက်ပါ ( ကိုယ့်ကွန်ပြူတာလည်းကိုယ်မယုံရဘူး ) ။



၈ ။ ဖြုတ်လိုက်တဲ့အခါ ပုံမှာပြထားတဲ့အတိုင်း box လေးပေါ်လာမယ် ။ အဲဒီအခါ Don't trust this computer ကို နှိပ်လိုက်ပါ ။



၉ ။ အဲဒီအခါပုံမှာပြထားတဲ့အတိုင်း Turn on 2-step verification ဆိုတာပေါ်လာလိမ့်မယ် ။ Confirm ကိုနှိပ် လိုက်ပါ ။



၁၀ ။ Confirm ကိုနှိပ်လိုက်တဲ့အခါ Some apps may need new passwords ဆိုတာပေါ်လာပါလိမ့်မယ် ။ လောလောဆယ် Do this later ကိုရွေးလိုက်ပါ ။ ကိုယ်က တချိန်တည်းဂျီတော့သုံးချင်ရင်တော့ Create passwords ကိုနှိပ်ပြီးဂျီတော့အတွက် ပါ့စ၀ပ်တစ်ခုကို generate လုပ်ရမှာပါ ။ ပါ့စ၀ပ်တစ်ခုက ဂျီတော့တစ် ခါပဲသုံးခွင့်ရှိပါတယ် ။ အဲဒါကို နောက်ပို့စ်မှာ ဆက်ရှင်းပြပါ့မယ် ။ လောလောဆယ် Do this later ကိုနှိပ်ပါ ။



၁၁ ။ နောက်ဆုံးအဆင့်မှာတော့ ပုံမှာမြင်ရတဲ့အတိုင်း 2 step verification is ON for ဆိုပြီးပေါ် လာ ရင်တော့ ပြီးသွားပါပြီ ။ ကိုယ်ဖုန်းနံပါတ်ထည့်ထားတဲ့အပြင်ဖုန်းပျောက်သွားရင် သုံးဖို့ Backup phones တွေထည့်ထားလို့ရပါတယ် ။ကိုယ်ယုံကြည်ရတဲ့ဖုန်းပေါ့ ။ အောက်က Mobile application ဆိုတဲ့အပိုင်း ကို နောက်ပို့စ် အပိုင်း ၂ မှာ ဆက်ရှင်းမှာဖြစ်ပါတယ် ။ သူကတော့ Google Authenticator ကိုသုံးပြီး ကုတ်ယူတဲ့နည်းပါပဲ ။ ကိုယ့်ဖုန်းကို Voice call လည်းမခေါ်ပါဘူး ။ ကိုယ့်ဖုန်းက Time Zone ကို International Time Zone နဲ့ညှိဖို့အရေးကြီးပါတယ် ။ အဲဒီအခါ ကိုယ် ပါ့စပ်ရိုက်လိုက်တဲ့အခါ ကုတ်တောင်းပါလိမ့်မယ် ။ တောင်းတဲ့ကုတ်ကို Phone ထဲက Authenticator မှာကြည့်ပြီးရိုက်ထည့်ရမှာပါ ။ အဲဒီ ဖုန်းထဲမှာပေါ်တဲ့ ကုတ်က လည်းအရင်ကဆို ၃၀ စက္ကန့်ကို တစ်ခါပြောင်းပါတယ် ။ အခုတော့ ၁ မိနစ်တစ်ခါပြောင်းပါတယ် ။

ဒါ့အပြင် ပုံရဲ့အောက်ဆုံးမှာပြထားတဲ့ Printable backup codes ကလည်းအရေးကြီးပါတယ် ။ တစ်ခု ခုများပျောက် သွားခဲ့ရင် အဲဒီ backup code တွေနဲ့ပြန်ဝင်နိုင်ပါတယ် ။ Show backup codes ကိုနှိပ်ပြီး ကုတ်တွေသိမ်းထားနိုင်ပါတယ် ။ ဆယ်ခုပေးထားတာကိုပရင့်ထုတ်ပြီးသိမ်းထားပါ ။ အရေးကြီးပါတယ် ။

ကျွန်တော်ကတော့ Voice call ခေါ်တဲ့ နည်းကိုပိုကြိုက်ပါတယ် ။ အဲဒီနည်းကိုကြိုက်တဲ့လူတွေကတော့ အခုပြော တဲ့အဆင့်တွေအတိုင်းလုပ်လိုက်ရင်ရပါပြီ ။ ပြီးတဲ့အခါ Sign out ပြန်ထွက်ပါ ။ ပြန်ဝင်ကြည့်ပါ ။ ပါ့စ၀ပ်မှန်နေတာတောင်မှပဲ verification code တောင်းပါလိမ့်မယ် ။ ခဏစောင့်ပါ စက္ကန့်ပိုင်းအတွင်း ကိုယ့်ဖုန်း ကို ဂျီမေးလ်က ဖုန်းခေါ်ပြီး ကုတ်နံပါတ်လှမ်းပြောပါလိမ့်မယ် ။ အရမ်းဆင်ပြေပါတယ် ။

သိလိုသည်များကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။

ကိုသက်တန့်ချို
သြဂုတ်လ ၂ ၀ ၁ ၂

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကျေးဇူးတင်ပါတယ် ရသွားပါပြီ
    အစဉ် အားပေးလျက်ပါ...

    ReplyDelete
  2. this is really good for all ? thank you brother

    ReplyDelete