Thursday, September 20, 2012

ဘီလုံးငှက်နှင့်လယ်သမား

 

တစ်ခါတုန်းက ဘီလုံးငှက်တစ်ကောင်ဟာ သစ်တောထဲမှာသီချင်းဆိုနေခဲ့တယ် ။ အဲဒီအချိန်မှာ လယ်သ မားတစ် ဦးက သစ်သားပုံတစ်ပုံးကို လက်ထဲကိုင်လာတာတွေ့လိုက်တယ် ။ ဘီလုံးငှက်ဟာ သီချင်းဆို တာကိုရပ်ပြီး လယ်သမားကိုမေးလိုက်တယ် ။

“ ခင်ဗျားလက်ထဲက သစ်သားပုံက ဘာအတွက်လဲ ပြီးတော့ခင်ဗျားအခုဘယ်သွားမှာလဲ ”

လယ်သမားကပြန်ဖြေတယ် “ ဒီသစ်သားပုံးတွေထဲမှာ တီကောင်တွေထည့်ထား ပါတယ် ဈေးထဲ သွားရောင်းပြီး ငှက်မွှေးတောင်တွေဝယ်မလို့ပါ ”

ဘီလုံးငှက်က တစ်ချက်တွေးလိုက်ပြီးဆက်ပြောတယ် “ ဒါဆိုဒီလိုလုပ်ဗျာ ကျွန်တော့်မှာ ငှက်မွှေးတောင်တွေ အများကြီးရှိပါတယ် အခု ငှက်မွှေးတောင်တစ်ခုပေးလိုက်မယ် ကျွန်တော်စားဖို့ တီကောင် တွေပေးပါ ”

လယ်သမားက သဘောတူလိုက်ပြီး ဘီလုံးငှက်စားဖို့ တီကောင်တွေပေးလိုက်တယ် ။ ဘီလုံးငှက်ကလည်း တီကောင်တွေ စားပြီး သူ့ငှက်မွှေးတောင်တစ်ချောင်းပေးလိုက်တယ် ။ နောက်ရက်တွေမှာလည်း လယ်သမား က တောထဲ ဖြတ်သွားတဲ့အခါတိုင်း ဘီလုံးငှက်ဟာ ပထမဆုံးရက်အတိုင်းပဲ အစာထွက်မရှာပဲ လွယ်လွယ်ရတဲ့နည်းနဲ့သူ့အမွှေးအတောင်တွေနဲ့ တီကောင်တွေလဲလှယ်တဲ့အလုပ်ပဲလုပ်ခဲ့တယ် ။

ဒီလိုနဲ့တစ်ရက်မှာတော့ သူ့အမွှေးအတောင်တွေအကုန်လုံးပြောင်သွားတဲ့တစ်နေ့ရောက်လာခဲ့ရတယ် ။ ဘီလုံးငှက်ဟာ အဲဒီတစ်ရက်ပြီးတာနဲ့ သူ့မှာ ပျံသန်းစရာအမွှေးအတောင်တွေမရှိတော့ဘူး ။ ဒီလိုနဲ့တော ထဲမှာ သီချင်းသံလည်းတိတ်လို့ သူ . . သေဆုံးတဲ့ဘ၀ကိုရောက်ခဲ့ရတယ် ။

-----------------------------------------------

ပုံပြင်လေးက တိုတိုလေးပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ တခါတခါ ဘီလုံးငှက်လို လူစားမျိုးတွေဖြစ်ကြ တယ် ။ လွယ်လွယ်ရတဲ့နည်းကိုပဲ လိုက်နေကြတာများတယ် ။ Struggle ဆိုတဲ့ရုန်းကန် လှုပ်ရှားမှုရှိမှသာ ဘ၀ဟာ တိုးတက်အောင်မြင်နိုင်တယ် ။ လွယ်လွယ်နဲ့အချောင်လိုက်နေသမျှတော့ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေ ပါကျဆင်းပြီး ဘ၀ဟာ တစ်နေ့ မလှမပ ဆုံးရှုံးရမှာဖြစ်တယ် ။

“ အလွယ်နည်းလမ်းကိုလိုက်တဲ့သူတွေဟာ ကြမ်းတမ်းတဲ့ အဆုံးသတ်ကို ကြုံရလေ့ရှိတယ် ”

ဒါကြောင့် ဘယ်လိုအရာတွေကြုံတွေ့နေပါစေ အလွယ်နည်းကို လိုက်ပြီး ဖြစ်ကတတ် ဆန်းမလုပ်မိဖို့ အရေးကြီး တယ် ။ အလွယ်နည်းတွေဟာ အလုပ်တစ်ခု ကို မြန်မြန်ပြီးစေတာ မှန်ပေမယ့် ရေရှည် outcome မကောင်းတတ်ဘူး ဆိုတာ သတိပြုဖို့လိုပါတယ် ။

သက်တန့်ချို
The Easier Way May Actually Be the Tougher Way အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. “ အလွယ်နည်းလမ်းကိုလိုက်တဲ့သူတွေဟာ ကြမ်းတမ်းတဲ့ အဆုံးသတ်ကို ကြုံရလေ့ရှိတယ် ”.....မှတ်သားသွားပါတယ်ရှင်......

    ReplyDelete
  2. အန်တီလေးမေခင်September 21, 2012 at 5:58 PM

    လွယ်လွယ်နဲ့အချောင်လိုက်နေသမျှတော့ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေ ပါကျဆင်းပြီး ဘ၀ဟာ တစ်နေ့ မလှမပ ဆုံးရှုံးရမှာဖြစ်တယ် ။
    အားပေးသွားပါတယ်ကွယ်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  3. တကယ်​​ကောင်းတယ်​မှတ်​သားစရာပါဘဲရှင်

    ReplyDelete