Monday, September 24, 2012

Attitude and Performance

Attitude and Performance

 

တစ်ခါတုန်းက လူ ၃ ယောက်ဟာ အုတ်တွေ စီနေခဲ့တယ် ။ လမ်းမှာဖြတ်သွားတဲ့လူတစ်ယောက်က သူတို့ဘာ လုပ်နေကြတာလဲဆိုပြီးမေးလိုက်တယ် ။

ပထမ လူတစ်ယောက်ကပြန်ဖြေတယ် ။ “ ခင်ဗျားမတွေ့ဘူးလား ကျွန်တော်နေဖို့လုပ်နေတာပေါ့ ”

ဒုတိယ တစ်ယောက်ကပြန်ဖြေတယ် ။ “ အုတ်တွေစီနေတာ ခင်ဗျားမတွေ့ဘူးလား ”

တတိယတစ်ယောက်ကပြန်ဖြေတယ် ။ “ ကျွန်တော်က အလွန်လှပတဲ့အဆောက် အအုံတစ်ခု တည်ဆောက်နေ တာပါ ”

သူတို့သုံးယောက်စလုံးဟာ တူညီတဲ့အလုပ်တစ်ခုတည်းကိုလုပ်နေကြတာပါပဲ ။ ဒါပေမယ့် သူတို့လုပ်နေတဲ့ အပေါ်ထားရှိတဲ့အမြင်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး ။ ဘ၀မှာ အရေးအကြီးဆုံး က ကိုယ်လုပ်နေတဲ့အလုပ်အပေါ် ဘယ်လို Attitude ထားရှိရမလဲဆိုတာပဲ ။ အဲဒီ Attitude ပေါ်မူတည်ပြီး သူတို့ရဲ့ Performance တွေလည်းကွဲပြားသွားကြတယ် ။

သက်တန့်ချို
What Are You Doing? အားခံစားဘာသာပြန်သည် ။

No comments:

Post a Comment