Saturday, September 15, 2012

ကိုယ်တစ်ခြမ်းသေဘ၀မှ ကမ္ဘာ့အပြေးအမြန်ဆုံးဖြစ်လာသူ Wilma Rudolph

ကိုယ်တစ်ခြမ်းသေဘ၀မှ ကမ္ဘာ့အပြေးအမြန်ဆုံးဖြစ်လာသူ Wilma Rudolph



Tennessee ပြည်နယ်မှာရှိတဲ့ ဆင်းရဲတဲ့အိမ်ကလေးတစ်လုံးမှာ Wilma Rudolph ဆိုတဲ့ အမျိုးသမီးတစ်ဦး ကို မွေးဖွားခဲ့တယ် ။ အသက် ၄ နှစ်အရွယ်မှာပဲ သူမဟာ အင်ပြင်ကြောင့်အဖျားအပြင်းအထန်ရပြီး အ ဆုတ်ရောင် ရောဂါ တစ်မျိုး ခံစားခဲ့ရတယ်။ အဆုတ်ရောင်ရောဂါ နမိုးနီးယားနဲ့ အင်ပြင်ကြောင့်တစ်ကိုယ် လုံးနီမြန်းပြီး အဖျားကြီးခဲ့တဲ့ သူ့အခြေအနေဟာ တကယ့်ကို သေလုမျောပါးဖြစ်နေခဲ့ရတယ် ။ သိပ်မကြာခင်ပင် Wilma ဟာ ပိုလီယိုကြောင့် ဘယ်ဖက် တစ်ခြမ်းအကြောသေသွားခဲ့ရပြန်တယ် ။ သူဟာ သတ္တု အထိမ်းအချုပ်တွေ ၀တ်ဆင်ခဲ့ရပြီး ဆရာဝန်တွေကတော့ သူဟာ ဘယ်တော့ မှ မြေပြင်ပေါ်ခြေထောက်ထောက်ပြီး ရပ်နိုင်မှာမဟုတ်တော့ဘူးတဲ့ ။ ဒါပေမယ့် သူ့အမေက သူ့ကို အားပေး ခဲ့တယ် ။

“ သမီး . . ဘုရားသခင်က လူတွေကို စွမ်းအားတွေပေးတယ် ယုံကြည်မှုနဲ့ ပန်းတိုင်ကိုပေးထားတယ် သမီး ဘာကိုလိုချင်တာ လဲ လောကမှာ မဖြစ်နိုင်တဲ့အရာဆိုတာမရှိပါဘူး ” သမီးဖြစ်သူ Wilma ကပြန်ပြောတယ် ။ “ ဒီကမ္ဘာမှာ အမျိုးသမီး အပြေးပြိုင်ပွဲတိုင်း သမီးက အပြေးအမြန်ဆုံးလူသားဖြစ်ချင်ပါတယ် အမေ ” တဲ့ ။

အသက် ကိုးနှစ်အရွယ်မှာ ဆရာဝန်တွေရဲ့အကြံပေးစကားကိုဆန့်ကျင်ပြီး သူဟာ အထိမ်းအချုပ် သတ္တုတံတွေ ကို ဖြုတ်ပစ်ခဲ့တယ် ။ ပြီးတော့ ဆရာတွေကို ဒီအထိမ်းအချုပ်တွေ တစ်သက်လုံးမ တပ်ဆင်တော့ဘူး လို့ပြောခဲ့တယ် ။ အသက် ၁၃ နှစ်အရွယ်မှာ ပထမဆုံးအပြေးပြိုင်ပွဲ ၀င်ခဲ့တယ် သူ နောက်ဆုံးမှ ပန်းဝင်လာ ခဲ့တယ် ။ အဲဒီလို နောက်ဆုံပန်းဝင်ဖို့ကို သူ့အနေနဲ့ တစ်ရက်တိတိကြာခဲ့ရတယ် ။ အသက် ၁၅ နှစ်အရွယ် မှာ သူဟာ Tennessee ပြည်နယ် တက္ကသိုလ်ကိုသွားခဲ့ပြီး Ed Temple ဆိုတဲ့ အားကစားနည်းပြနဲ့တွေ့ ဆုံခဲ့တယ် ။ သူက နည်းပြကို “ ကျွန်မ ဒီကမ္ဘာက အပြေးပြိုင်ပွဲတွေမှာ ကမ္ဘာအပြေးအမြန်ဆုံးအမျိုးသမီးဖြစ်ချင်တယ် ” လို့ပြောခဲ့တယ် ။ Temple က သူ့ကိုတစ်ချက် စိုက်ကြည့်ပြီး “ မင်းရဲ့ယုံကြည်မှုနဲ့ ခိုင်မြဲမှုကို ဒီကမ္ဘာပေါ်မှာ မင်းအပြင် ဘယ်သူက မှ မတားဆီးနိုင်ဘူး ငါမင်းကိုကူညီပါ့မယ် ” လို့ပြောလိုက်တယ် ။

သူ အိုလံပစ် အားကစားပြိုင်ပွဲကြီးကို ရောက်ရှိလာခဲ့ပါပြီ ။ အိုလံပစ်ဆိုတာတကယ့်ကို အကောင်းတကာ့ အကောင်းဆုံးတွေချည်းယှဉ်ပြိုင်ရတဲ့ပွဲဖြစ်တယ် ။ Wilma ဟာ Jutta Heine ဆိုတဲ့ ဘယ်သူကမှ မနိုင်ဖူးသေး တဲ့ပြိုင်ဖက်တစ်ယောက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ် ။ ပထမဆုံးပြိုင်ပွဲကတော့ မီတာ ၁၀၀ အပြေးပြိုင်ပွဲဖြစ်တယ် ။ အဲဒီပွဲမှာ Wilma ဟာ Jutta Heine ကို အနိုင်ရခဲ့ပြီး ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တယ် ။ ဒုယတိယ ပြိုင်ပွဲကတော့ မီတာ ၂၀၀ ပြိုင်ပွဲဖြစ်တယ် ။ Wilma ဟာ Jutta ကို ဒုတိယကအကြိမ် အနိုင်ပြေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ရွှေတံဆိပ်ကို ရခဲ့ပြန်တယ် ။ တတိယပြိုင်ပွဲကတော့ မီတာ ၄၀၀လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲဖြစ်ပါတယ် ။ အဲဒီပွဲမှာလည်း သူဟာ Jutta ကို တစ်ကြိမ်းတည်းနဲ့ အနိုင်ပိုင်းနိုင် ခဲ့တယ် ။ လက်ဆင့်ကမ်းပြိုင်ပွဲ ဆိုတာ အပြေးအမြန်ဆုံးလူက နောက်ဆုံး အခေါက်မှာ ပြေးရ တာဖြစ်ပြီး အသင်းတစ်သင်းရဲ့ အားအထားရဆုံး ကစားသမားဖြစ်တယ် ။ ပထမဆုံးလူသုံးယောက် အလှည့်ပြေး သွားခဲ့ပြီး လွယ်ကူစွာပဲ “ တုတ်တို ” လေးကို လက်ဆင့်ကမ်းနိုင်ခဲ့တယ် ။ အခု Wilma ရဲ့ အလှည့်ရောက် လာပါပြီ ။

သူဟာ တုတ်တိုကို ကိုင်လိုက်တယ် ။ ပြီးတော့ စက်ရုပ်တစ်ရုပ်လို ပြေးသွားခဲ့ပြီး Jutta ကိုတတိယအကြိမ် အနိုင်ပိုင်းပြခဲ့ တယ် ။ တတိယအကြိမ်ရွှေတံဆိပ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ် ။ ဒါဟာ သမိုင်းမှာ မှတ်တမ်းဝင် ခဲ့ရပြီဖြစ်တယ် ။ ကိုယ်တစ်ပိုင်းသေဖူးတဲ့မိန်းမတစ်ယောက်ဟာ ၁၉၆၀ ခုနှစ်အိုလံပစ်ပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ အပြေးအမြန် ဆုံး အမျိုးသမီးဖြစ်ခဲ့တယ် ။

ကိုးကား - Adapted from Star Ledger , November 13;1994

Wilma ဆီက ကျွန်တော်တို့သင်ယူစရာတွေအများကြီးရှိပါတယ် ။ “ အောင်မြင်တဲ့လူသားတွေဟာ ပြဿနာ ရှိခြင်းမရှိခြင်းဆိုတဲ့အစိတ်အပိုင်းကို လစ်လျှုရှုပြီး ပန်းတိုင်ကိုပဲ တစိုက်မတ်မတ်ကြည့်ကြတယ် ” လောကမှာ ကိုယ်လိုချင်တာကို တားဆီးနိုင်တဲ့သူဟာ ကိုယ်တစ်ယောက်ပဲရှိတယ် ။ကိုယ်ဖြစ်ချင်တာကို တားဆီးခွင့်ရှိတဲ့သူ ဟာလည်း ကိုယ်တစ်ယောက်ပဲဖြစ်တယ် ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို မှေးမှိန်စေတဲ့အရာမဟုတ်ဘူး ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို လှမ်းတတ်နိုင်ဖို့ အနင်းခံလှေကားတွေပဲဖြစ်တယ် ။

စိတ်ပျက်ဝမ်းနည်းမှုတွေကို အားအင်အဖြစ်ပြောင်းယူလို့ ပန်းတိုင်ကို ရောင်အောင်ပြေးရမယ် ။ လူတိုင်း မှာ ပြည့်စုံခြင်း ဆိုတာ မရှိပါဘူး ။ အားနည်းချက်ကိုယ်စီလူတိုင်းမှာ ရှိကြတယ် ။ ကိုယ့်အားနည်း ချက်ကြောင့် စိတ်ပျက်အားငယ် ၀မ်းနည်းနေမယ့်အစားကိုယ်ဖြစ်ချင်တဲ့အရာကို တစိုက်မတ်မတ် စိတ်ဓါတ်ပြင်းပြ စွာနဲ့ လုပ်ဆောင်ခြင်းကသာ လူသားတစ်ယောက်ရဲ့စွမ်းရည် Ability ဖြစ်တယ် ။ သင်ရော သင့်အားနည်းချက် ကို နင်းပြီး ပြင်းထန်တဲ့ စိတ်ဓါတ်နဲ့ ဖုံးပစ်လိုက်စမ်းပါ ။ အဲဒီအားငယ်မှု စိတ်ပျက်မှုတွေကို သင့်ခြေထောက်တွေနဲ့ နင်းတက်သွားလိုက်ပါ ။ ဟိုးအရှေ့မှာ အောင်မြင်မှုပန်းတိုင်က သင့်ကိုစောင့်ကြိုနေတယ် ။

သက်တန့်ချို
THE WILMA RUDOLPH STORY အား ခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကျေးဇူးပါဆရာရေ
    အားရှိတဲ့ပိုစ့်လေးဖတ်ခွင့်ရလို့

    ReplyDelete
  2. အားနည်းချက်ဆိုတာ အောင်မြင်မှုကို မှေးမှိန်စေတဲ့အရာမဟုတ်ဘူး ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို လှမ်းတတ်နိုင်ဖို့ အနင်းခံလှေကားတွေပဲဖြစ်တယ် ။
    အားပေးသွားပါတယ်ကွယ်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  3. အခုမှရောက်ဖြစ်တယ် ကိုသက်တန့်ရေး)
    ကျန်းမာတော်မူပါစဗျာ

    ReplyDelete
  4. အ၇မ်းကောင်းတဲ့စာလေးပါ......

    ReplyDelete