Tuesday, August 6, 2019

လူတစ်ယောက် တိတ်ဆိတ်နေတယ်ဆိုတာ


 လူတစ်ယောက်တိတ်ဆိတ်နေတယ်ဆိုတာ
ခံစားချက်မဲ့နေတာမဟုတ်ဘူး အထီးကျန်နေတာလည်းဖြစ်နိုင်တယ်

လူတစ်ယောက် စကားပြောနည်းသွားတယ်ဆိုတာ
ဘ၀င်မြင့်သွားလို့မဟုတ်ဘူး မမှားချင်တော့တာလည်းဖြစ်နိုင်တယ်

လူတစ်ယောက် စိမ်းကားသွားတယ်ဆိုတာ
အချိန်မပေးနိုင်တာမဟုတ်ဘူး စိတ်ကုန်သွားတာလည်းဖြစ်နိုင်တယ်

လူတစ်ယောက် တန်ဖိုးမထားတော့ဘူးဆိုတာ
မချစ်တော့လို့မဟုတ်ဘူး မထိုက်တန်တော့လို့လည်းဖြစ်နိုင်တယ်

သက်တန့်ချို
6-August-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment