Thursday, August 22, 2019

ဘ၀ အတွက်နည်းလမ်းများ


 အောင်မြင်နေတဲ့သူတွေထက်
ပျော်ရွှင်နေတဲ့သူတွေကိုပဲ ငေးမောပါ

လူရာဝင်တဲ့သူတွေထက်
လူကိုလူလို ဆက်ဆံတဲ့သူတွေကိုသာ လေးစားပါ

ကြိုးစားနေတဲ့သူထက်
ရိုးသားနေတဲ့သူကိုသာ အတုယူပါ

ငွေကြေးချမ်းသာတဲ့နည်းထက်
စိတ်ချမ်းသာနေတဲ့နည်းကိုသာ သင်ယူပါ

လူတွေ ယုံကြည်နေဖို့ထက်
ကိုယ့်လိပ်ပြာကိုယ်လုံဖို့ကိုပဲ ဦးစားပေးပါ

ဘ၀ဆိုတာ ရှေ့ဆုံးက ပန်းဝင်ဖို့အဓိကမကျဘူး
ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပါးလွတ်လပ်စွာ ရှင်သန်ဖို့ပဲအဓိကကျပါတယ် ။

သက်တန့်ချို
22-August-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. လာလည်ပြီး စာတွေဖတ်သွားတယ်နော်.

    ReplyDelete