Tuesday, August 27, 2019

ဆုံးရှုံးသွားတဲ့အရာတွေတိုင်း

ဆုံးရှုံးသွားတဲ့အရာတွေတိုင်း
ပြန်ပိုင်ဆိုင်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

စွန့်ပစ်လိုက်တဲ့အရာတွေတိုင်း
ပြန်သိမ်းဆည်းဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

ဝေးကွာသွားတဲ့အရာတွေတိုင်း
ပြန်နီးစပ်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

သစ္စာဖောက်သွားတဲ့သူတွေတိုင်း
ပြန်ရိုးသားဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတိုင်း
ပြန်ယုံကြည်နိုင်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

ဘယ်လောက်ချစ်ချစ်
တစ်နေ့တော့ လက်ပြနှုတ်ဆက်ရဦးမှာပါပဲ

ဘယ်အရာမှ ပျော်စရာသိပ်မကောင်းမှန်းသိလာခဲ့ရင်
သင်ဟာ ရင့်ကျက်သူတစ်ယောက်ဖြစ်လာခဲ့တာ  သေချာပါတယ် ။

သက်တန့်ချို
27-August-2019




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment