Thursday, August 29, 2019

ချစ်ခြင်း.. မုန်းခြင်း...လွမ်းခြင်းဆိုတာ


 အသက်ရှင်နေထိုင်ရတဲ့ ရက်တိုတိုလေးမှာ

- သိပ်ချစ်လို့ဆိုပြီး ဘာကိုမှ ဖက်တွယ်မထားပါနဲ့

- သိပ်မုန်းလို့ဆိုပြီး ဘာကိုမှ မနာကျည်းနေပါနဲ့

- သိပ်လွမ်းလို့ဆိုပြီး ဘာကိုမှ တမ်းတမနေပါနဲ့

မရေရာခြင်းတွေကိုပဲ ဖက်တွယ်ထားမိမှန်း တစ်နေ့သိလာခဲ့ရင်

မသေချာခြင်းတွေကိုပဲ ကိုင်ဆုပ်မိနေမှန်း တစ်နေ့သိလာခဲ့ရင်

ချစ်ခြင်း မုန်းခြင်း လွမ်းခြင်းဆိုတာ
ဘ၀ စာမျက်နှာ တစ်ရွက်သာသာမျှပါ ။

သက်တန့်ချို
29-August-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment