Thursday, August 8, 2019

ဝန်မလေးပါနဲ့

 ဘယ်လောက်ပဲ ခက်ခဲပါစေ
ပင်ပန်းဆင်းရဲခြင်းက သင့်ကို မလဲကျစေနဲ့

ဘယ်လောက်ကြမ်းတမ်းနေပါစေ
မောပန်းနွမ်းနယ်ခြင်းက သင့်ကို မပြိုလဲစေနဲ့

ဘယ်လောက်ပူလောင်နေပါစေ
ဆက်လျှောက်ရမယ့် လမ်းကြမ်းတွေက သင့်ကို မရပ်တန့်စေနဲ့

ဘယ်လောက်အထီးကျန်နေပါစေ
အမှောင်ထုက သင့်ကို မဖုံးလွှမ်းစေနဲ့

ဘယ်လောက်လိုအပ်နေပါစေ
သင်နဲ့မထိုက်တန်တာတွေကို စွန့်ပစ်ဖို့ဝန်မလေးပါနဲ့ ။

သက်တန့်ချို
8-August-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment