Monday, April 20, 2020

ငေးကြည့်ယုံပဲတတ်နိုင်ခဲ့တယ်

တချို့လူတွေက လိုလေသေးမရှိအောင်ပြည့်စုံလွန်းတယ်
ငေးကြည့်ယုံပဲတတ်နိုင်တယ် ။

တချို့လူတွေက ပြောစရာအပြစ်မရှိအောင် ကောင်းမွန်လွန်းတယ်
ငေးကြည့်ယုံပဲတတ်နိုင်တယ် ။

တချို့လူတွေက ရှိသမျှ ပိုလျှံနေလောက်အောင်လုံလောက်လွန်းတယ်
ငေးကြည့်ယုံပဲတတ်နိုင်တယ် ။

ဒီလို ငေးကြည့်နေယုံကပဲ
ကိုယ့်ရဲ့ အရှိတရားကို သင်ပေးတယ်
ကိုယ့်ရဲ့ ပစ္စုပ္ပန်ကို သတိရစေတယ်
ကိုယ့်ရဲ့ အသိဉာဏ်ကို သင်ခန်းစာပေးတယ် ။

တချို့သော မျက်ရည်တွေက ခွန်အားဖြစ်စေပေမယ့်
တချို့သော မျက်ရည်တွေက နာကျင်မှုနဲ့ပင်ပန်းစေပါတယ် ။

" ကိုယ်ခေါင်းငိုက်စိုက်ကျနေရတဲ့အခိုက်အတန့်ပေါင်းများစွာမှာ
ကိုယ်ကိုယ်တိုင်ပဲ အားယူပြန်ထရမယ်မဟုတ်လား "

သက်တန့်ချို
20-April 2020

No comments:

Post a Comment