Friday, April 24, 2020

ကံကောင်းတယ်ဆိုတာ

ဘ၀မှာ သေချာတာ ဘာမှမရှိသလို
ဆုတောင်းတိုင်းလည်းပြည့်မှာမဟုတ်ဘူး ။

မျှော်လင့်တိုင်းလည်းဖြစ်မလာသလို
ဖြောင့်ဖြူးတဲ့လမ်းဆိုတာလည်းရှိမှာမဟုတ်ဘူး ။

မနက်ဖြန်ထိ အသက်ရှင်နေသေးရင်
ကံကောင်းတာပဲ မဟုတ်လား ?

ကိုယ်ချစ်တဲ့သူတွေကို
မြင်နေခွင့်ရသေးရင် ကံကောင်းတာပဲ မဟုတ်လား ?

ဖြတ်သန်းခဲ့တဲ့အချိန်တွေအားလုံး
နောင်တ နည်းခဲ့ရင် ကံကောင်းတာပဲ မဟုတ်လား ?

သက်တန့်ချို
24-April 2020

No comments:

Post a Comment