Thursday, April 2, 2020

ဘာလို့ Mask တပ်ခိုင်းတာလဲသိလား ?

ဘာလို့ Mask တပ်ခိုင်းတာလဲသိလား ?

Mask တပ်တာနည်းတဲ့ အီတလီ - ၁၃၁၅၅ သေဆုံး
လူတိုင်းကိုယ်စီ Mask တပ်တဲ့ ထိုင်ဝမ်မှာ - ၅ ယောက်သေဆုံးတဲ့

Mask တပ်တာနည်းတဲ့ စပိန် မှာ ၉၃၈၇ သေဆုံးပြီး
လူတိုင်းကိုယ်စီ Mask တပ်တဲ့ ဂျပန်မှာ - ၅၇ ယောက်သေဆုံးတဲ့

Mask တပ်တာနည်းတဲ့ အမေရိကမှာ ၅၁၁၀ သေဆုံးပြီး
လူတိုင်းကိုယ်စီ Mask တပ်တဲ့ တောင်ကိုရီးယားမှာ ၁၆၉ ယောက်သေဆုံးတဲ့

အရင်က WHO နဲ့ U.S Surgeon General ကပြောတယ် Mask တွေက COVID-19 ပျံ့နှံ့မှု တားဆီးရေးမှာ အသုံးမဝင်ပါဘူးတဲ့ ဒါကြောင့် ကိုယ့်မှာ ဖျားနာ‌ချောင်းဆိုး နဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေမရှိရင် mask တွေကို လုယက်မဝယ်ကြပါနဲ့ဆိုတယ် ။
အောက်မှာ ဖတ်ကြည့်

If you do not have any respiratory symptoms, such as fever, cough, or runny nose, you do not need to wear a medical mask. When used alone, masks can give you a false feeling of protection and can even be a source of infection when not used correctly. ➡️https://t.co/0nyHux1SgN pic.twitter.com/JDQhnowx3p
— World Health Organization Western Pacific (@WHOWPRO)

တကယ်မှန်ရဲ့လား ? လေ့လာမှုတွေအရ Mask တပ်ခြင်းကြောင့် COVID-19 ကြောင့်သေဆုံးမှုကိုအောက်ပါနည်းလမ်း ၃ ချက်နဲ့လျော့ကျစေနိုင်ပါသတဲ့ ။

၁ ။ ရောဂါပိုးကူးစက်ခံနေရသူတွေကြောင့် ပိုးပျံ့နှံ့ခြင်းကို နည်းစေနိုင်ခြင်း ။ Mask က virus particles တွေကို အတွင်းမှာ ပိတ်မိအောင်လုပ်တယ် ဒီ Virus particles တွေကို airborne ဖြစ်မလာအောင်ကာကွယ်ပေးစတယ် ပြီးတော့တခြားသူတွေကိုကာကွယ်ပေးနိုင်တယ် ။

၂ ။ ရောဂါပိုးမကူးစက်ခံရသေးတဲ့သူတွေကိုလည်း new infection ရစေခြင်းကိုနည်းစေတယ် ။ အပြင်ဖက်မှာ ပျံ့နေတဲ့ airborne virus particles တွေကို ရှူသွင်းခြင်းကနေ ကာကွယ်ပေးပြီး သင့်ကို သင် ကာကွယ်ပေးနိုင်တယ် ။

၃ ။ လက်ကနေတဆင့်မျက်နှာကိုထိတွေ့ခြင်းကို ကန့်သတ်ပေးတယ် ။ Mask တပ်ခြင်းအားဖြင့် ညစ်ပေးနေတဲ့ ပိုးကပ်နေနိုင်တဲ့ လက်နဲ့ ခန္ဓာကိုယ်အဆုတ်ထဲကို မျက်နှာကိုထိတွေ့ခြင်းမှမတဆင့်မဝင်နိုင်အောင် physical barrier အနေနဲ့ တားဆီးပေးနိုင်ပါတယ် ။

Czech Republic နိုင်ငံမှာ မတ်လ ၁၈ ရက်နေ့ကတည်းက လူထု ကို Mask ဝတ်ဖို့တိုက်တွန်းပြီး အပြင်ထွက်တာနဲ့ mask တပ်စေတယ် ။ ဒီတော့ သူတို့နိုင်ငံမှာ Confirmed Case ခုထိ ၃၅၈၉ ပဲရှိပြီး သေဆုံးသူ  ၃၉ ယောက်ပဲရှိပါသေးတယ် ။ ဒိန်းမတ်လည်းအလားတူပါပဲ ။

ရောဂါကူးစက်မှုကို ကျွမ်းကျွမ်းကျင်ကျင်ထိမ်းချုပ်နေနိုင်ပြီဖြစ်တဲ့ တောင်ကိုရီးယားနဲ့ဟောင်ကောင်ကဘာပြောသလဲဆိုရင် " Face Masks တွေက ကျယ်ကျယ်ပျံ့ပျံ့သုံးမယ်ဆိုရင် SARS-CoV-2 ပျံ့နှံ့မှုကို နှေးစေတဲ့နေရာမှာ အထိရောက်ဆုံးဖြစ်ပါတယ် ဘာကြောင့်လည်းဆိုတော့ mask တွေက လက္ခဏာမပြတဲ့ ပိုးသယ်ဆောင်သူတွေကနေတဆင့် အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိပဲ လူကောင်းတွေဆီကူးစက်ခြင်းကို တားဆီးပေးနိုင်ပါတယ် " တဲ့ ။

United States လိုနိုင်ငံမှာတောင် mask တွေပစ္စည်းပြတ်တာ အဓိကပြဿနာတစ်ခုဖြစ်နေတယ် ။ သောကြာနေ့တုန်းက survey အရတော့ မြို့ပေါင်း ၂၁၃ မြို့ရဲ့ ၉၂%ဟာ frist responders နဲ့ medical personnel တွေအတွက်လုံလောက်တဲ့ face masks supply မရှိသေးပါဘူးလို့ဆိုတယ် ။

အချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံအတွက် အစိုးရအနေနဲ့ အခုကတည်းက ဒါလေးတွေလုပ်ပေးရင်ကောင်းပါမယ်

 " Mask တပ်ကြပါဆိုတာထက် Mask မဖြစ်မနေတပ်ပါ " ဆိုတာမျိုး ဒီအတွက်လည်း mask တစ်ခုကို ၅၀၀ ကနေ ၁၀၀၀ ကြားပေးဝယ်နေရတဲ့ issue တွေမရှိအောင် စျေးမြင့်တာတွေမမြင့်အောင်စီစဉ်ပေးဖို့လိုပါမယ် ။

Social Distancing ကို အင်တိုက်အားတိုက်ခုကတည်းက ကြပ်မတ်လုပ်ဆောင်စေချင်ပါတယ် ။ ကြေငြာချက်ထုတ်တာမျိုးမဟုတ်ပဲ လိုရင်းတိုရှင်း လူတစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာ လျောက်ပါဆိုတာမျိုး ။

အလုပ်တွေ ပိတ်ကြပါ ဆိုတာထက် အိမ်မှာနေရင်း WORK FROM HOME လုပ်လို့ရတဲ့အလုပ်တွေကို ခွဲထုတ်ပြီး traffic လျော့ကျစေဖို့စနစ်တကျ လုပ်ဆောင်ဖို့ တိုက်တွန်းတာမျိုး ( ဥပမာ စင်ကာပူလို )

လူစုလူဝေးရှိတဲ့နေရာ မသွားပါနဲ့ဆိုတာထက် လူဘယ်ယောက်ထက်ပိုစုဝေးရင် ဒါဏ်ကြေးဘယ်လောက်ဆိုတာမျိုး ။

လိုအပ်ရင် Contact ရှိနေတဲ့ Crowded city တွေကို အချိန်အပိုင်းအခြားနဲ့အသွားအလာကန့်သတ်တာမျိုး ( Community Quarantine )  ။

နိုင်ငံတော်အခြေအနေကိုအားနာပေမယ့် ဆုံးဖြတ်စရာရှိတာတွေကိုမြန်မြန်ဆုံးဖြတ်ပြီး Super Spreader တွေ Massive Spreading တွေကို အချိန်ရှိတုန်းလေး တားကြရအောင်ပါ ။

သက်တန့်ချို
2.4.2020

လေ့လာချင်ရင်
https://www.maskssavelives.org/?fbclid=IwAR2oMkwnDvM0V-UV0bZD6awY19fWWtlI3c2g7d8ZNXdfjWZjtQvo3T1FII0
https://www.npr.org/sections/health-shots/2020/03/31/824560471/should-we-all-be-wearing-masks-in-public-health-experts-revisit-the-question
https://www.worldometers.info/coronavirus/

No comments:

Post a Comment