Thursday, April 23, 2020

လစ်လျုရှုပါ

ကိုယ့်ကို ဒေါသဖြစ်အောင်လုပ်တိုင်း
ဥပက္ခာပြုလိုက်ပါ ။

ကိုယ့်ကို နိမ့်ကျအောင်လုပ်တိုင်း
မျက်နှာလွှဲလိုက်ပါ ။

ကိုယ့်ကို မုန်းတီးအောင်လုပ်တိုင်း
လစ်လျူရှုလိုက်ပါ ။

တစ်ယောက်နဲ့တစ်ယောက်ကျောချင်းခိုင်းဖို့
တစ်စက္ကန့်လောက်ပဲ လိုအပ်သလို

တစ်ယောက်နဲ့တစ်ယောက် ပြန်ရင်းနှီးသွားဖို့
စစ်မှန်ခြင်းတစ်ခုသာ လိုအပ်ပါတယ် ။

သက်တန့်ချို
23-April 2020

No comments:

Post a Comment