Monday, April 6, 2020

Mask တပ်တာနဲ့ပတ်သတ်ပြီး ၅.၄.၂၀၂၀ နေ့စွဲနဲ့ MOHS က ထုတ်ပြန်တဲ့ FAQ တွေကိုဖတ်ပြီးပြီလား ?



Mask တပ်တာနဲ့ပတ်သတ်ပြီး ၅.၄.၂၀၂၀ နေ့စွဲနဲ့ MOHS က ထုတ်ပြန်တဲ့ FAQ တွေကိုဖတ်ပြီးပြီလား ?

စာအရှည်ကြီးတွေဆိုတော့ အစအဆုံး တော်တော်များများ မဖတ်ရသေးလောက်ဘူး ။

အောက်မှာ လိုရင်းတိုရှင်းပဲပြန်ရေးထားတယ် ဖတ်ကြည့် ။

၁ ။ COVID က 60-140nm ရှိတဲ့အကောင်ကြီး ဗိုင်းရပ်စ်အမျိုးအစား ဒါကြောင့် ချောင်းဆိုး ၊ နှာချေရင် droplets တွေက ၃ပေ-၆ပေထိလွင့်နိုင်တယ် ။

၂ ။ လေထဲကနေတဆင့်ကူးစက်ဖို့ Aerosol transmission ဖြစ်ဖို့အတွက် 10 micrometer အောက်ဖြစ်ပြီး လေထက်ပေါ့ဖို့လို့လိုတဲ့အွက် လေထဲလွင့်ကူးဖို့အခြေအနေနည်းတယ်လို့ဆိုတယ် ။

၃ ။ Mask ၃ မျိုးရှိတယ်

က ။ Surgical Mask ( 10 micrometer အထက် droplest တွေကာကွယ်နိင် )

- ခွဲခန်းအပြင် အသက်ရှုလမ်းကြောင်းကနေတဆင့်ကူးတတ်တဲ့ရောဂါကာကွယ်တဲ့နေရာတွေမှာ သုံးတယ် ။

- Surgical Mask ထဲကို ပြင်ပကအမှုန်အမွှားတွေ ၂၅% ဝင်နိုင် ။ ရောဂါပိုးအကောင် ၁၀၀ ရှိရင် ၂၅ ကောင်ပဲဝင်တဲ့သဘော ။

- Surgical Mask တပ်ပြီး ချောင်းဆိုးရင် ကိုယ့်ဆီကအမှုန်အမွှားတွေ အပြင်ကို ၅၀%ရောက်နိုင် ။ ကိုယ့်မှာ အကောင် ၁၀၀ ရှိရင် အကောင် ၅၀ အပြင်ကိုရောက်နိုင်တဲ့သဘော ။

ခ ။ N95 (လေထဲက ရောဂါအမှုန်အမွှားတွေကို ၉၅% ကာကွယ်နိုင်တယ်

- သာမန်ပြည်သူများတပ်ရန်အကြံမပြု ။ High risk ကျန်းမာရေးဝန်ထမ်းတွေသာ တပ်ရမယ် ။

- N95 ထဲကို ပြင်ပအမှုန်အမွှားတွေ ၁% သာဝင်နိုင် ။ ရောဂါပိုးအကောင် ၁၀၀ ရှိရင် ၁ ကောင်ပဲဝင်နိုင်တဲ့သဘော ။

- N95 တပ်ပြီးချောင်းဆိုးရင် ကိုယ့်ဆီကအမှုန်အမွှားတွေအပြင်ကို ၃၀% ရောက်နိုင် ။ ကိုယ့်မှာ ပိုး ၁၀၀ ရှိရင် အကောင် ၃၀ အပြင်ရောက်နိုင်တဲ့သဘော ။

 ဂ ။ Cloth Mask ( ချည် ၊ လီနင် သားနဲ့လုပ်ထားတဲ့ အဝတ်နှာခေါင်းစည်း ) အမေရိကန် CDC ကတော့ ပိုးမွှားဝင်ရောက်ကာကွယ်ခြင်းနိမ့်ပေမယ့်ပြန်လျှော်ဖွပ်သုံးနိုင်တဲ့အတွက် cloth mask သုံးနိုင်ကြောင်းပြောထားတယ် ။

- Cloth Mask အတွင်းကိုအပြင်က အမှုန်အမွှားတွေ ၃၃% ဝင်နိုင် ။ ရောဂါပိုးအကောင် ၁၀၀ ရှိရင် ၃၃ ကောင်ဝင်နိုင်တဲ့သဘော ။

- Cloth Mask တပ်ပြီးချောင်းဆိုးရင် ကိုယ့်ဆီကအမှုန်အမွှားတွေ အပြင်ကို ၉၀%ရောက်နိုင် ။ ကိုယ့်မှာ ရောဂါပိုး ၁၀၀ ရှိရင်အကောင် ၉၀ အပြင်ရောက်နိုင်တဲ့သဘော ။

အသေးစိတ်အရှည်ကြီးဖတ်ချင်ရင် တော့ MOHS Page မှာသွားဖတ်ပါ ။

ထပ်ပြောပါ့မယ် Physical distancing ခေါ်ခေါ် Social Distancing ခေါ်ခေါ် ၃ ပေခွာတာထက် ၆ ပေခွာကြပါ ။

Droplets က ပိုးရှိသူချောင်းဆိုးရင် ၃ပေကနေ၆ပေအကွာထိရောက်နိုင်ကြောင်း အတိအလင်းဆိုထားပါတယ် ။

သက်တန့်ချို
6.4.2020


No comments:

Post a Comment