Wednesday, March 7, 2012

လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း

လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း



လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို Sexually transmitted disease သို့မဟုတ် venereal diseases (VD) လို့ လည်းခေါ်ပါတယ် ။ STD ဆိုတာဟာ လူသားတွေကြားထဲမှာ လိင်နှင့်ဆိုင်သော အပြုအမှုများ ( ဥပမာ လိင်ဆက် ဆံခြင်း ၊ oral sex ၊ anal sex ) စသည်တို့မှ ကူးစက်တတ်သော ရောဂါများကို ဆိုလိုပါတယ် ။ ဟိုးအရင်တုန်း ကတော့ အဲဒီလိုရောဂါတွေကို Sexually transmitted disease (STD ) သို့မဟုတ် Venereal diseases (VD ) လို့ခေါ်ကြပေမယ့် အခု နှစ်ပိုင်းအနည်းငယ်မှာတော့ Sexually transmitted infections (STI) လို့ပြောင်းခေါ်လာခဲ့ကြပါတယ် ။ ဆိုလိုတာက လူတစ်ယောက်ဟ ဘာရောဂါ တစ်ခုမှ အခံမရှိပဲနဲ့ လိင်မှုဆိုင် ရာနည်းလမ်းတွေမှ တဆင့် ရောဂါကူးစက်ခံရနိုင်တယ်လို့ ဆိုလိုပါတယ် ။ အ ချို့သော STI တွေ ကတော့ ရောဂါရှိသူအသုံးပြုထားတဲ့ အကြောဆေးသွင်းအပ်တွေမှတဆင့် ကူးစက်နိုင်သလို ကလေးမီးဖွားခြင်း ၊ နို့တိုက်ကျွေးခြင်းတွေကနေလည်းကူးစက်နိုင်ပါသေးတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီပြီးကတည်းက လိင်မှတ ဆင့်ကူးစက်တတ်သော ရောဂါတွေဟာ ပေါ်ပေါက်နေပြီဖြစ်ပါတယ် ။

အမျိုးအစားများ

၁၉၉၀ ခုနှစ်အထိတော့ STD ကို Venereal disease အဖြစ် လူသိများခဲ့ကြပါတယ် ။ Veneris ဆိုတာ လက်တင် ဘာသာနဲ့ Venus ရဲ့နာမည်ဖြစ်ပြီး venus ဆိုတာဟာ ချစ်ခြင်းမေတ္တာရဲ့ နတ်ဘုရား ကိုဆိုလိုပါတယ် ။ ရောဂါ တစ်ခုဖြစ်ပြီဆိုရင် ၀င်ရောက်နေတဲ့ရောဂါပိုးက ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို မူမမှန်စေခြင်း ပျက် ဆီးစေခြင်းကို ဖြစ်စေပါတယ် ။ အချို့သောရောဂါတွေမှာတော့ ဘာရောဂါ လက္ခဏာမှ မပြပဲနဲ့လည်း ရှိနိုင်ပါတယ် ။ HPV လို့ခေါ်တဲ့ ရေယုံကိုဖြစ်စေတဲ့ရောဂါပိုးမျိုးကတော့ လိင်မှုဆိုင်ရာ ဆက်ဆံမှုများတဲ့ လူတွေ မှာ ရောဂါကူးစက်စေပြီး ရောဂါဖြစ်စေမှုကတော့ လူအနည်းငယ်ကိုသာ ဖြစ်စေနိုင်တယ် ဆိုတာကို လည်းသိထားရပါမယ် ။ STD ဆိုတာဟာ ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကိုပဲ ရည်ညွှန်းတာဖြစ်ပြီး အချိန်အ များစုမှာဆိုရင် လူတွေဟာ သူတို့ကိုယ်သူတို့ STD ကူးစက်ခံနေရမှန်းမသိကြတာများပါတယ် ။ အထူး သဖြင့် ရောဂါရဲ့လက္ခဏာတွေစပေါ်လာတဲ့အချိန် သို့မဟုတ် စစ်ဆေးမှုတွေပြုလုပ်တဲ့အ ချိန်မှ သာ ကိုယ့် မှာ ရောဂါပိုးရှိနေမှန်းသိကြတာများပါတယ် ။ ဥပမာ တစ်ခုကိုကြည့်မယ်ဆိုရင် Meningitis လို့ခေါ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါဟာ လိင်မှတဆင့် ကူးစက်နိုင်ပေမယ့် သူ့ကို STI အဖြစ် ခေါင်းစဉ်မတပ်ကြပါဘူး ။ ဘာကြောင့်လည်းဆိုတော့ sexual contact ဟာ meningitis ကိုဖြစ်စေတဲ့ pathogens ရဲ့ မူလဇစ်မြစ် Primary vector မဟုတ် လို့ပါပဲ ။ STI ဟာ တခြားကူးစက်နည်းတွေ ဖြစ်တဲ့ ( သွေးသွင်းခြင်းမှ တဆင့် အပ်များမျှဝေ သုံးစွဲခြင်း ) စတာတွေကနေ ကူးစက်တာ နည်းပြီး လိင်မှ တဆင့်သာ အဓိကကူး စက်တတ်တယ်ဆိုတာကိုတော့ နားလည်ထားရပါမယ် ။ ဒါကြောင့် လူတစ်ယောက်ဟာ STI တွေဖြစ်တဲ့ Chlamydia , gonorrhea ( ဆီးပူညောင်းကျ ) , genital herpes ( လိင်အဂါင်္ ရေယုံများ ) ကူးစက်ခံနေရပြီဆိုရင် ဒါဟာ လိင်မှ တဆင့်ကူးစက်တာဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။

တကယ်တော့ sexual contact အတွင်းမှာ အထက်မှာ ပြောထားတဲ့ ရောဂါတွေသာ မကပဲ အအေးမိဖျားနာ ၊ တုပ်ကွေး ၊ အဆုတ်ရောင် ရောဂါတွေလည်းး လူတစ်ဦးကနေတစ်ဦး ကူးစက်နိုင်ပါသေးတယ် ။ ဒီလို မျိုး ရော ဂါတွေ ကိုတော့ sexual contact ရှိပေမယ့်လည်း STD အဖြစ် ထည့်သွင်းစဉ်းစားလေ့မရှိပါဘူး ။

ဖြစ်စေသောအကြောင်းအရာများ



Bacterial ရောဂါပိုးများ

- Chancroid (Haemophilus ducreyi)
- Chlamydia (Chlamydia trachomatis)
- Granuloma inguinale or (Klebsiella granulomatis)
- Gonorrhea (Neisseria gonorrhoeae)
Syphilis (Treponema pallidum)

Fungal (မှိုပိုးများ )

- Candidiasis (yeast infection)

Viral ( ဗိုင်းရပ်ပိုးများ )

- Viral Hepatitis B Virus ( တံတွေး ၊ လိင်အဂါင်္မှ အရည်များမှတဆင့် ) (မှတ်ချက် - အသည်းရောင် အသားဝါ အေနဲ့ အီးတို့ဟာ fecal-oral route မှသာ ကူးစက်နိုင်ပါတယ် ။ စီပိုးကတော့ လိင်မှတ ဆင့်ကူးစက်တာ ရှားပါတယ် )
- Herpes simplex virus 1 & 2 ( အရေပြား အာခံတွင်း ရေယုံ အဖုတွေ ရှိရှိမရှိရှိ ကူးစက်နိုင်ပါတယ် )
- HIV ( လိင်အဂါင်္မှ အရည်များ ၊ သုတ်ရည် ၊ နို့ရည် ၊ သွေး မှ တဆင့် )
- HPV ( ကြွက်နို့ ဖြစ်စေသော ပိုး ၊ အရည်ပြား အာခံတွင်းတို့မှ တဆင့် ) (မှတ်ချက် - အန္တရာယ်များတဲ့ High risk အုပ် စု HPV ပိုးတွေဟာ သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေနိုင်ပြီး တခြား စအို ၊ လိင်တံ နဲ့ မိန်းမကိုယ် ကင်ဆာတွေ ကိုလည်းဖြစ်စေနိုင်ပါတယ် ။ တခြား သော HPV ပိုးတွေဟာ လိင်အဂါင်္ကြွက်နို့တွေ ဖြစ်စေနိုင် ပါတယ် )
- Molluscum contagiosum

Parasites (ကပ်ပါးပိုးများ )

- Crab louse, (Pthirus pubis)
- Scabies (Sarcoptes scabiei) ၀ဲနာများ

Protozoal (ပရိုတို ဇိုးဝါးများ)

- Trichomoniasis (Trichomonas vaginalis)

STD အကြောင်းသိကောင်းစရာ



STD အများစုဟာ လိင်တံ ၊ မိန်းမကိုယ် ၊ အစာဟောင်းအိမ် ၊ ဆီးလမ်းကြောင်း ၊ ပါးစပ် ၊ လည်မျို ၊ အသက်ရှူလမ်းကြောင်း နဲ့ မျက်လုံး တို့မှာရှိတဲ့ mucous အမြှေးပါးကနေတဆင့် ကူးစက်တတ်ပါတယ် ။ လိင်တံထိပ် ကို ဖုံးအုပ်ထားတဲ့ မြင်နေရတဲ့အရေပြားဟာ mucous membrane ဖြစ်ပါတယ် ။ အဲဒီကနေတဆင့် mucus အချွဲတွေ ထုတ်ပါတယ် ( ပါးစပ်မှာ ရှိတဲ့ နှုတ်ခမ်းနဲ့တူပါတယ် ) ။ Mucous အမြှေးပါးနဲ့ အရေပြားနဲ့ မတူတဲ့အချက်ကတော့ Mucous အမြှေားပါးဟာ အချို့သော ရောဂါပိုးတွေကို ခန္ဓာကိုယ်မထဲမှာ ထားရှိထားနိုင် ပါတယ် ။ ရောဂါပိုးတွေဟာလည်း အရေပြားပွန်းပဲ့ရာ လေးတစ်ခု ကနေတောင် တစ်မိနစ်အတွင်း ၀င်ရောက် ကူးစက်သွားနိုင်ပါတယ် ။ ဒါ့အပြင် ရောဂါပိုးတွေဟာ မစင် ၊ ဆီးနဲ့ ချွေးတို့ကနေတဆင့်လည်း ကူးစက်နိုင်ပါတယ် ။ ဘယ်လောက်အထိ ထိတွေ့သလဲဆိုတဲ့ ပမာဏဟာ ရောဂါ ပိုးဝင်ရောက်စေမှု အတိုင်းအတာကို ကွဲပြားစေတယ် ဆိုတာ မှန်ပေမယ့်လည်း ရောဂါအားလုံးမှာတော့ ရောဂါရှိနေတဲ့ အရည် ကနေ Mucous membrane ကိုအနည်းငယ်လေး ထိတွေ့ယုံနဲ့တင် ရောဂါ ဖြစ်စေနိုင်ပါတယ် ။

Mucous Membrane ဟာ နှုတ်ခမ်းမှာရော လိင်အဂါင်္မှာရော ပါရှိပေမယ့်လည်း STI အများစုဟာ သာမန် နှုတ် ခမ်းချင်း နမ်းတာထက်စာရင် Oral sex နေက ကူးစက်ဖို့ ပိုလွယ်ကူပါတယ် ။ Safe sex chart အရ ရောဂါပိုးအများစုဟာ ပါးစပ်မှ လိင်အဂါင်္ ၊ လိင်အင်္ဂါမှ ပါးစပ် အစရှိသဖြင့် ပိုမိုလွယ်ကူစွာ ကူးစက်နိုင်ကြောင်းတွေ့ ရပါတယ် ။ တံတွေးမှာထက်စရာ မျိုးပွားအဂါင်္မှ ထွက်ရှိသော အရည်တွေ မှာ ရော ဂါပိုးတွေ ပိုပါဝင်ပါတယ် ။ Herpes simplex နဲ့ HPV ပိုးတွေကတော့ အရေပြားကနေ တိုက်ရိုက် ထိတွေ့ခြင်းမှ ကူးစက်နိုင်ပါတယ် ။ KSHV ဆိုတဲ့ပိုးကတော့ တံတွေးကနေတဆင့် ( နမ်းခြင်း ၊ တံတွေး အား ချော ဆီအဖြစ်အသုံးပြုခြင်း ) ကူးစက်နိုင်ပါတယ် ။ STD အမျိုးအစားပေါ် မူတည်ပြီးတော့ လူတစ်ယောက်ဟာ ဘယ်လို ရောဂါလက္ခဏာမျိုးမှ မပြပဲနဲ့လည်း ရောဂါတွေကို ပျံ့နှံ့ကူးစက်စေနိုင်စွမ်းရှိပါတယ် ။ ဥပမာ အနေနဲ့ပြော ရရင် Herpes ရေယုံပိုးဟာ ရေယုံအဖု တွေရှိနေတဲ့လူဟာ မရှိတဲ့လူထက်စာ ရင်ပိုမို ရောဂါ ပိုးပျံ့ပွားစေနိုင်ပြီး HIV ကတော့ အချိန်တိုင်းမှာ ရောဂါပြန့်ပွားကူးစက်စေနိုင်ပါတယ် ။ ဆိုလိုတာက လူတစ်ယောက်ဟာ HIV ရှိနေတယ်ဆိုရင် AIDS ရဲ့ ရောဂါလက္ခဏာတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ HIV ကိုကူးစက်စေနိုင် ပါတယ် ။ STD ထဲမှာ အပါအ၀င်ဖြစ်တဲ့ ဒီ HIV ပိုးဟာလည်း အမေကနေ ကလေးကို ကိုယ် ၀န်ဆောင်ချိန်မှာဖြစ်စေ နို့တိုက်ကျွေးချိန်မှာ ဖြစ်စေ ကူးစက်သွားနိုင်ပါသေးတယ် ။

လိင်ဆက်ဆံဖက် များလာလေလေ ရောဂါ ပိုးကူးစက်နိုင်ခြေကလည်းများလာလေလေဆိုတာကိုလည်း သိထားရပါမယ် ။ STD ရှိတိုင်းအားလုံးဟာ လိင်ဆက်ဆံခြင်းမှ တဆင့်ကူးစက်တယ်လို့ တရားသေတော့ပြော လို့မရ ပါဘူး ။ ဥပမာ ဆေးမှင်ကြောင်ထိုးခြင်း ၊ ကလေးမွေးခြင်း ၊ အပ်စူးမိခြင်း ၊ အပ်များ မျှဝေသုံးစွခြင်း နဲ့ သွေး သွင်းခြင်း စတာတွေကနေတဆင့် ကူးစက်တာတွေ လည်းရှိတတ်ပါတယ် ။ အထူးသဖြင့် Medical workers တွေနဲ့ သွေးအမြဲသွင်းနေရတဲ့လူနာတွေ ဟာ အဖြစ်များလေ့ရှိကြပါတယ် ။ Sexual activity ပြုလုပ်နေ စဉ်အတွင်း STD ကို လျော့ချနိုင်ဖို့အတွက် အကောင်းဆုံး Safe sex အတွက် ဆေးပညာ ကျွမ်းကျင် သူတွေ အကြံပေးထားတာကတော့ ကွန်ဒုံးသုံးကြဖို့ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အလုံးစုံကြီး အန္တရာယ်ကင်း ပါတယ်လို့ အာမခံတာမျိုးတော့မဟုတ်ပါဘူး ။ STD ဟာ ဘာလက္ခဏာမှ မပြပဲ ပိုးသယ်ဆောင် သူအဖြစ် နေနိုင်တာမျိုးလည်းရှိနိုင်ပါတယ် ။ တခါတရံမှာ STD ရှိတဲ့အမျိုးသမီးတစ်ယောက်ဟာ တင်ပဆုံရိုးအ တွင်း ရောင်ရမ်းနာကျင်ရောဂါ ( Pelvic Inflammatory disease ) ကိုလည်း ခံစားရနိုင်ပါတယ် ။

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေပြုလုက်ကြမလဲ

တကယ်တော့ STI ဟာ များစွာ ကျယ်ပြန့်တဲ့အတွက်ကြောင့် စစ်ဆေးမှုပေါင်းများစွာ ပြုလုပ်ဖို့လိုအပ်ပါတယ် ။ တစ်ခုချင်း စီအတွက် စစ်ဆေးတာမျိုးလည်းရှိပါတယ် ။ ကာလသားရောဂါ (Syphilis ) , trichomonas, gonorrhea ( ဆီးပူညောင်းကျ ) , chlamydia , herpes (ရေယုံ ) , hepatitis ( အသည်းရောင်အသားဝါ ) နဲ့ HIV ပိုး အတွက် စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ် ။ ဒီလို STI tests တွေကို ဘာကြောင့် ပြုလုပ်ဖို့ လိုသ လဲဆိုတော့

- ရောဂါရဲ့ ဖြစ်စေတဲ့အကြောင်းကို သိရှိဖို့အတွက် diagnositic test ပြုလုပ်ဖို့ လိုအပ်ခြင်း
- ရောဂါ လက္ခဏာမပြပဲ ပိုးသယ်ဆောင်နိုင်ခြင်း သို့မဟုတ် မည်သည့်ရောဂါပိုးမှန်းသိစေရန် Screening test ပြုလုပ်ခြင်း
- အကယ်၍ ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ပါက ကလေးအား ကူးစက်ခြင်းအား ကာကွယ်ရန်
- မီးဖွားစဉ်တွင် အမေမှတဆင့် ကလေးအား STI မကူးစက်စေရန်
- ရောဂါပိုးရှိနေသော သွေး သို့မဟုတ် ကိုယ်တွင်းအဂါင်္များအား သုံးစွဲခြင်းအား ကာကွယ်ရန်
- ရောဂါပိုးရှိသူနှင့် ရောဂါပိုးမရှိသူအား ထိတွေ့ခြင်းအား ကာကွယ်နိုင်ရန်
- လူသားထုတစ်ရပ်လုံးအား ရောဂါ ပြန့်ပွားမှုမှ စောင့်ကြည့်နိုင်ရန် စတဲ့အကြောင်းပြချက်များစွာရှိပါတယ် ။

ရောဂါအမျိုးအစားပေါ်မူတည်ပြီးတော့ အချို့သော STD တွေဟာ မျိုးမပွားနိုင်ခြင်း ၊ နာတာရည် နာကျင်ခြင်း နဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့် စောစောသိ စောစော ကုသခြင်းဟာ ရောဂါပျံ့နှံ့မှုကို ထိမ်းချုပ်နိုင် ယုံသာမက ရောဂါ လက္ခဏာတွေ လျှင်လျှင်မြန်မြန် ပျောက်ကင်း နိုင်ဖို့အတွက်လည်း အလွန်အရေး ပါပါတယ် ။ တခါတရံမှာ Window period လို့ခေါ်တဲ့ STI test ဟာ negative ဖြစ်နေတာမျိုးလည်း ရှိတတ်ပါတယ် ။ ဒီလို အချိန်အတော အတွင်းမှာတော့ ရော ဂါပိုးဟာကူးစက် ပျံ့ပွားနိုင်ပါတယ် ။ ဒီအချိန်ကာလဟာ ဘယ်လောက်ထိ ရှည်ကြာသလဲဆိုတာကတော့ ရောဂါပိုး အမျိုးအစားနဲ့ test အပေါ် မူတည်ပါတယ် ။ Report တစ်ခုမှာဆိုရင် လူတွေဟာ ဆရာဝန်ဆီသွားပြီး အကြံဥာဏ်တောင်း ဖို့ထက်စာ ရင် ကုသမှုခံယူဖို့ထက်စာရင် အင်တာနက်ပေါ်မှာ ရောဂါအကြောင်းရှာဖွေ ကြတယ်လို့ အစီရင်ခံထား ပါတယ် ။ ရောဂါ ကူးစက်နေတဲ့လူက ဆရာဝန်ဆီ ပြသဖို့ ၀န်လေးနေခြင်းကလည်း ရောဂါကို diagnosis ပြုလုပ်ဖို့ နှောင့်နှေးကြန့်ကြာစေပါတယ် ။ ကုသမှုအနေနဲ့ကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စစ်ဆေး ကုသမှုခံ ယူဖို့အရေးကြီးပါတယ် ။ ဒါကြောင့် ကုသမှုအပိုင်းကိုတော့ အကျယ်ချဲ့ပြီးမရေးတော့ပါဘူး ။ လိင် အဓ္ဓမ အနိုင်ကျင့်ဆက်ဆံခံရတဲ့သူတွေမှာတော့ ကာကွယ်တဲ့အနေနဲ့ azithromycin , cefixime နဲ့ metronidazole ပေါင်းစပ်ဆေးတွေသုံးကြတာများပါတယ် ။ ဒါကြောင့် ရောဂါဖြစ်လာပြီဆိုရင် မရှက်ပါနဲ့ ဆရာဝန် နဲ့သေ ချာ တိုင်ပင်ကုသမှုခံယူကြပါ ။

ဘယ်လိုကာကွယ်ကြမလဲ ။

ဒီခေါင်းစဉ်ကတော့အရေးကြီးပါတယ် ။ အခုနောက်ပိုင်းမှာဆိုရင် Sexual health clinic တွေက ကွန်ဒုံးတွေကို ဖြန့်ဝေပြီး အဖြစ်များတဲ့ လူထုထဲမှာ ကွန်ဒုံးရောက်ရှိစေရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်နေကြပါပြီ ။ ကာကွယ်ဖို့ အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ ခန္ဓာကိုယ်ရဲ့ အရည် တွေနဲ့ ထိတွေ့စေခြင်း ကို ရှောင်ကြဉ်ခြင်းနည်းလမ်းဖြစ်ပါတယ် ။ ထိတွေ့တယ်ဆိုတဲ့နေရာမှာ (ဥပမာ Cybersex, phonesex , masturbation - တကိုယ်ရည်စိတ်ဖျော်ဖြေခြင်း ) စတာတွေကတော့ မပါဝင်ပါဘူး ။ ဒါကြောင့် ဒီလို နည်းလမ်းတွေ ကလည်း တိုက်ရိုက်ထိတွေ့တာကို ရှောင်လွှဲတာဖြစ်တဲ့အတွက် အသုံးပြုနိုင်ပါတယ် ။

- ကွန်ဒုံးကို စနစ်တကျ အကျိုးရှိရှိ အသုံးပြုခြင်းကလည်း ရောဂါဖြစ်စေမှုကို အတော်ကြီးလျော့ သွားစေနိုင် ပါတယ် ။ ရောဂါပိုးအများစုက ကူးစက်ခံရတာနဲ့ချက်ချင်း သိနိုင်တာမျိုးမဟုတ်ပါဘူး ။ အချိန်အတိုင်းအ တာတခုရောက် မှသာ detect လုပ်လို့ရတာဖြစ်ပါတယ် ။ ကွန်ဒုံးမှာလည်း အမျိုးသားသုံးရော အမျိုးသမီးသုံးရော ၂ ခုစလုံးရှိပါတယ် ။ Barrier ဖြစ်တဲ့အတွက်ကြောင့် သူဖုံးအုပ်ထားတဲ့ နေရာလေးကိုသာလျှင် ကာကွယ်မှုပေးနိုင် ပါတယ် ။ မဖုံးအုပ်ထားတဲ့ တခြားခန္ဓာကိုယ်နေရာခြင်း ထိတွေ့မှုတွေ ကတော့ ရောဂါ ကူးစက်ခံရမှု ရှိနေတုန်းပါပဲ ။

- Vaccines ထိုးခြင်း အထူးသဖြင့် Hepatitis A , Hepatits B နဲ့ အချို့သော HPV ပိုးတွေအတွက် ဗက်ဆင်းတွေ ရရှိနေပါပြီ ။ လိင်ဆက်ဆံမှုမရှိခင် Vaccine ထိုးထားခြင်းကလည်း အမြင့်ဆုံးကာ ကွယ်မှု ကို ပေးနိုင် ပါတယ် ။ ဒါ့အပြင် ကွန်ဒုံးစနစ်တကျ အသုံးပြုခြင်းကလည်း အလွန်အရေးကြီးလှပါတယ် ။ နောက်မှ သီးသန့်ကွန်ဒုံးအကြောင်း ထပ်ရေးပါဦးမယ် ။

- Nonoxyol-9 လေ့လာသူတွေကတော့Vaginal microbicide ဖြစ်တဲ့ nonoxynol-9 ဟာ STD ဖြစ်ပွားမှုနှုန်း ကို လျော့ကျစေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ် ။ ဒါပေမယ့် Trial တွေမှာတော့ အကျိုးမရှိပါဘူး လို့ ဖော်ပြ ထားပါတယ် ။

အကောင်ဆုံး နဲ့အထိရောက်ဆုံး အကြံပေးချင်တာကတော့

၁ ။ မိမိ ရဲ့ Partner အပေါ် သစ္စာရှိပါ ။
၂ ။ မရှောင်နိုင်က ကွန်ဒုံးသုံးပါ ။
၃ ။ အရည်များထား ထိတွေ့ခြင်းအား တတ်နိုင်သမျှ ရောင်ကြဉ်ပါ ။
၎ ။ မိမိကြောင့် ဇနီး ၊ ခင်ပွန်း ၊ သားသမီး တွေရဲ့ ဘ၀တွေကို စတေးရခြင်းမဖြစ်ပါစေနဲ့ ။
၅ ။ ဖြစ်လာခဲ့ရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ အမြန်ဆုံပွင့်ပွင့်လင်းလင်းပြောပြပြီး ကုသမှုခံယူပါ ။ ရောဂါ အကြောင်းေ ပြာပြရတာ ရှက်စရာမဟုတ်ပါ ။ မိမိမပြောပဲ နေ၍ မိမိရဲ့ မိသားစုတွေကို ကူးစက်စေမှသာ ရှက်စ ရာဖြစ်ပါတယ် ။

သက်တန့်ချို
March 7 2012
Health For All Magazine 2012 March Issue

Ref : http://en.wikipedia.org/wiki/Sexually_transmitted_disease

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. HIVနဲ့ပက်သက်လို့သိချင်တာလေးမေးစရာရှိလို့ အစ်ကိုရေဒီရောဂါဟာခြင်ကိုက်လို့ကောကူးနိုင်လား ကြမ်းပိုးကိုက်တာတို့ ပုရွက်ဆိတ်ကိုက်တာတို့ကနေ ကောကူးနိုင်ခြေရှိလား သွေးလွန်တုတ်ကွေးတောင်ခြင်ကတဆင့် ကူးစက်နိုင်သေးတာနောက်ပြီး လျှာမှာ မှက်ခရု ပေါက်တဲ့သူနဲ့ တဇွန်းတည်း စားသောက်ဖူးရင်ရောရောဂါပိုး ကူးနိုင်လား

    ReplyDelete