Saturday, March 17, 2012

ဖိလစ်ပိုင်နိုင်ငံမှ ကြီးမားသော ရွှေရောင်မြေခွေး-လင်းနို့

ဖိလစ်ပိုင်နိုင်ငံမှ ကြီးမားသော ရွှေရောင်မြေခွေး-လင်းနို့



ဦးခေါင်းထိပ်မှာ ရွှေရောင်လေးပိုင်ဆိုင်ထားတဲ့ Flying-fox bat လို့ခေါ်တဲ့ ဒီကြီးမားတဲ့ လင်းနို့ကြီး ဟာတ ကယ်တော့ ရှားပါးတဲ့ မျိုးစိတ် အနွယ်ဝင်ဖြစ်ပါတယ် ။ ရှည်လျှားတဲ့တောင်ပံတွေကိုပိုင်ဆိုင်ပြီး တခါတရံ လျှည် လျား တဲ့တောင်ပံတွေနဲ့ ခန္ဓာကိုယ်ကိုရစ်သိုင်းထုပ်ပိုးထားပုံက လှို့ဝှက်မှု ဆန်လှပါတယ် ။ Flying-Fox လို့ခေါ်ရတဲ့အကြောင်းကဒီကြီးမားတဲ့လင်းနို့တွေရဲ့မျက်နှာက မြေခွေးတစ်ကောင်နဲ့ဆင်တူတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ။

ကမ္ဘာပေါ်မှာ ဖိလစ်ပိုင်နိုင်ငံကသာလျှင် သူတို့ရဲ့ မွေးဖွားကြီးပြင်းရာ စားကျက်ဖြစ်ပါတယ် ။ လူတွေကို အန္တရာယ် မပေးပဲ နေလေ့ရှိပြီး အခုတော့ သစ်တောပြုန်းတီးမှုနဲ့ ဒီလင်းနို့တွေကို ချက်ပြုတ်စားသုံးမှုတွေကြောင့် မျိုးတုန်းပျောက် ကွယ်တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ် ။ သူတို့မှာ အမြီးမပါရှိပဲ သူတို့ရဲ့ တောင် ပံ နှစ်ဖက်အရှည်က 1.5–1.7 m (4 ft 10 in–5 ft 7 in) ဖြစ်ပြီး အလေးချိန်ကတော့weighing 0.7–1.2 kg (1.5–2.6 lb).ဖြစ်ပါတယ် ။

သက်တန့်ချို

ှSource : Strange News

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကြောက်တာမှသေအောင်ကြောက်တာ
    ငယ်ငယ်က မျက်နှာကိုဘတ်ခနဲကပ်တာ နောက်ပြန်လန်ကျလို့း((

    ReplyDelete
  2. တစ်ခါက ရွှေရောင်လင်းနို့တစ်ကောင်အိမ်ထဲရောက်လာတယ်
    အဒေါ်က လင်းနို့သုတေသနအတွင်းရေးမှူးလေ အဲဒါရန်ကုန်ကိုပို့လိုက်တယ်လေ။
    အဒေါ်ပြောတာတော့ ပြဒါးဂူမှာ လက်သည်းခွံလောက်ပဲရှိတဲ့ လင်းနို့တွေရှိတယ်တဲ့။

    ReplyDelete