Tuesday, March 6, 2012

ငါးဖမ်းသမားနှင့် သူဌေးကြီး

ငါးဖမ်းသမားနှင့် သူဌေးကြီး



တစ်ခါတုန်းက ငါးဖမ်းသမားတစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်တစ် ပင်အောက် မှာ လှဲနေရင်း ဆေးလိပ်ဖွာလို့ နေတယ် ။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဌေးကြီး တစ် ဦးရောက် လာပြီး ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ ဆေးလိပ်ထိုင်သောက်နေသလဲလို့မေးပါတယ် ။ အဲဒီတော့ ငါးဖမ်း သမားက ဒီနေ့အတွက် လုံလောက်တဲ့ငါးဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း ပြန်ပြောတယ် ။

သူဌေးကြီးဟာ ငါးဖမ်းသမားအပေါ် အားမလိုအားမရဖြစ်ပြီး ဒေါသလည်းထွက်သွားခဲ့တယ် ။

“ ဘာကြောင့်နောက်ထပ်ငါးတွေမဖမ်းပဲနဲ့ အရိပ်ထဲမှာ သင့်အချိန်တွေကို ကုန်ဆုံးစေရတာလဲ ”
“ ကျွန်တော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ”
“ ဟ .. မင်းငါးတွေထပ်ဖမ်းပြီးထပ်ရောင်းမယ်ဆိုရင်ငွေတွေပိုရလာမယ်လေ အဲဒီအခါ မင်း ငါး ဖမ်းလှေကောင်းကောင်း တစ်စီးဝယ်နိုင်တာပေါ့ ”
“ ငါးဖမ်းလှေဝယ်ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါတွေဖမ်းရမှာပေါ့ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ငွေတွေထပ်ရလာတဲ့အ ခါ မင်း လှေတွေအများကြီးထပ်ဝယ်ရမှာပေါ့ ပြီးတော့ ငါးဖမ်းလုပ် သားတွေခေါ် ယူရမယ် ဒီထက်ငွေတွေပိုရလာအောင်ပေါ့ကွ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ အဲဒီအခါ မင်းငါ့လို လုပ်ငန်းရှင်သူဌေးကြီးဖြစ်လာမှာပေါ့ ”
“ သူဌေးကြီးဖြစ်လာတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဟ .. အဲဒီအခါ မင်း ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့အေးဆေးနေလို့ရပြီပေါ့ ”
“ အခုရော ... ကျွန်တော်ဘာလုပ်နေတယ်လို့ ထင်ပါသလဲ သူဌေးမင်းခင်ဗျား ”

###############################

ဘ၀မှာ ပျော်ရွှင်ဖို့ ငြိမ်းချမ်းဖို့အတွက် နက်ဖြန်ဆိုတဲ့ နောက်တစ်နေ့အထိ စောင့်စရာမလိုပါဘူး ။ ပျော်ရွှင်ချင် ယုံသက်သက်သာဆိုရင်တော့ သင် ချမ်းသာဖို့မလိုအပ်သလို စွမ်းအားကြီးဖို့လည်းမလိုအပ်ဘူး ။

ဘ၀ ဆို ယခု အချိန်လေးပဲလေ --- သင် အပြည့်အ၀ ပျော်ရွှင်နိုင်ပါတယ် ။

လူတချို့ကပြောတယ် “ ငါ့ရဲ့စည်းစိမ်ချမ်းသာတွေက ငါရဲ့ တကယ့်ပိုင်ဆိုင်မှုတွေမဟုတ်ဘူး ဒါပေမယ့် ငါ့လိုအင် ဆန္ဒတွေရဲ့ အနည်းငယ်မျှသာ ဖြစ်တယ် ” တဲ့ ။

ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ သင်နဲ့အဝေးကြီးမှာ ရှိနေတာမဟုတ်ပါဘူး ။

“ သင့်ရဲ့ ယခုအချိန် လေးပါပဲ ”

သက်တန့်ချို
March 5-2012

Stephen ရေးသားသော Enjoy your life at every moment အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. အရမ်း ကောင်းတယ် ဗျာ ... မကြာခဏ စာတွေ ဝင်ဖတ် ပင်မဲ့ ပထမဦးဆုံး comment ရေးမိတာပါ ... ။
    ပုံပြင်လေး က ကျနော် လက်ရှိ စိတ်ကို ပြောင်းလဲ သွားစေလို့  ပါ ....။

    ReplyDelete
  2. ဘ၀မှာ.နေတတ်ရင်ကျေနပ်စရာချည်းပါဘဲ တဲ့။ကျေနပ်ရင်ပျော်ရွှင်စရာလေးပါ..။ကျေနပ်စရာလေးတွေကို စိတ်နဲ့ရော ရုပ်နဲ့ပါ..တစစီလိုက်ကောက်နေပေမဲ့.....။ရလိုက်..ကျကျန်လိုက်နဲ့ပါဘဲ..။
    ခု.ဒီစာကိုဖတ်ပြီးချိန်မှာ..သူဌေးကြီးရဲ့စေတနာကမှန်နေလား/ငါးဖမ်းသမားရဲ့နေတတ်တဲ့စိတ်ကိုဘဲလက်ခံရမလားစဉ်းစားမိပါတယ်..။ကျမအယူအဆကတော့.ငါးဖမ်းရင်းစိတ်ချမ်းသာအောင်နေချင်တယ်။....ဘာကြောင့်လဲဆိုရင်.စိတ်ချမ်းသာအောင်.နေတတ်ဘို့ဆိုတာ..တကယ်ခက်ခဲတယ်လို့...နားလည်ထားလို့ပါ..။

    ReplyDelete
  3. အင်း...တစ်ယောက်ထဲနေတယ့်သူအတွက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်....

    ReplyDelete