Tuesday, September 17, 2019

မရယ်ပါနဲ့


 မရယ်ပါနဲ့
သင့်လို လူတိုင်းပြည့်စုံနေကြတာမှမဟုတ်ဘဲ

မရယ်ပါနဲ့
သင့်လို လူတိုင်း ကြိုးစားပိုင်ခွင့် ရှိကြတာမှမဟုတ်ဘဲ

မရယ်ပါနဲ့
သင့်လို လူတိုင်းကျောထောက်နောက်ခံရှိကြတာမှမဟုတ်ပဲ

မရယ်ပါနဲ့
သင့်လို ညတိုင်းအိပ်မက်လှလှ မက်နိုင်ကြတာမှမဟုတ်ပဲ

ကိုယ်နဲ့မတူတိုင်း ကိုယ့်လိုဖြစ်မလာတိုင်း ရယ်ဖို့မကြိုးစားပါနဲ့
ဘ၀တိုင်းရဲ့နောက်ကွယ်မှာ ပြန်မပြောချင်တဲ့အဖြစ်အပျက်တွေ အများကြီးရှိတယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment