Friday, September 27, 2019

တစ်နေ့တာ




အတင်းပြောတတ်သူက ဘယ်သူ့မှာ ဘာအားနည်းချက်ရှိလဲတွေးပြီး
တစ်နေ့တာကို ဖြတ်သန်းတယ်

ရန်လိုတဲ့သူက ဘယ်သူ့ကို ငါကြည့်မရဘူးလဲတွေးပြီး
တစ်နေ့တာကိုဖြတ်သန်းတယ်

ကောက်ကျစ်တဲ့လူက ဘယ်သူ့ကို ဒုက္ခရောက်အောင်လုပ်မလဲတွေးပြီး
တစ်နေ့တာကိုဖြတ်သန်းတယ်

တစ်ကိုယ်ကောင်းဆန်တဲ့သူက ငါ့အတွက် ဘာအကျိုးရှိမလဲတွေးပြီး
တစ်နေ့တာကို ဖြတ်သန်းတယ်

စိတ်ထားဖြူစင်သူက ဘယ်သူ့ကို ကူညီရမလဲ တွေးပြီး
တစ်နေ့တာကိုဖြတ်သန်းတယ်

လူတိုင်းလူတိုင်း
တစ်နေ့တာ ကုန်တာခြင်းအတူတူပေမယ့်
ဖြတ်သန်းပုံကတော့ ကွာခြားပါတယ် ။

သက်တန့်ချို
27-Sept-2019

No comments:

Post a Comment