Thursday, September 26, 2019

လယ်သမားနဲ့မုန့်ဖုတ်သမား

 တစ်ခါတုန်းက ပေါင်မုန့်ဖုတ်သမားတစ်ဦးကိုနေ့စဉ် ထောပတ်တစ်ပေါင် ရောင်းရောင်းနေတဲ့ လယ်သမားတစ်ဦးရှိတယ်

တစ်ရက်မှာ ပေါင်မုန့်ဖုတ်သမားက သူနေ့စဉ်ဝယ်နေတဲ့ထောပတ်က အလေးချိန်မှန်မမှန် သိချင်လာလို့ အိမ်မှာ ပြန်ချိန်ကြည့်တဲ့အခါ အလေးချိန်မပြည့်တာကိုတွေ့ခဲ့ရတယ်

သူလည်းဒေါသထွက်ပြီး လယ်သမားကို တရားရုံးမှာ တရားစွဲခဲ့တယ်

တရားသူကြီးက လယ်သမားကို မေးတယ် " သင့်မှာ ထောပတ်ကို ချိန်ဖို့ ဘယ်လို အချိန်အတွယ်တိုင်းတာနည်းကိုသုံးပါသလဲ "

လယ်သမားကပြန်ဖြေတယ် " ဟုတ်ကဲ့ပါ တရားသူကြီး ကျွန်တော့်မှာ တိကျသေချာတဲ့ တိုင်းတာနည်းရယ်လို့တော့မရှိပါဘူး ဒါပေမယ့် ကျွန်တာ့်မှာ သေချာတဲ့အလေ့အကျင့်တစ်ခုတော့ရှိတယ် "

တရားသူကြီးကဆက်မေးတယ် " ဒါဆို ထောပတ်တွေကို ဘယ်လိုချိန်တွယ်သလဲပြောပါဦး "

လယ်သမားကပြန်ဖြေတယ်

" တရားသူကြီးမင်းခင်ဗျာ ပေါင်မုန့်ဖုတ်သမားကျွန်တော့်ဆီက ထောပတ်စပြီးဝယ်တဲ့အချိန်ကတည်းကစပြီး သူ့ဆီက ပေါင်မုန့် တစ်ပေါင် နေ့စဉ်ကျွန်တော်ပြန်ဝယ်ခဲ့ပါတယ် နေ့တိုင်းမှာ ပေါင်မုန့်ဖုတ်သမား သယ်လာတဲ့ပေါင်မုန့်ရဲ့ အလေးချိန်အချိန်အဆအတိုင်း ထောပတ်ရဲ့အလေးကို တူညီစွာ ချိန်ပြီး သူ့ကိုပြန်ပေးခဲ့ပါတယ် .. ဒါကြောင့်အပြစ်တင်ချင်းတင်ရင် ပေါင်မုန့်ဖုတ်သမားကိုသာ တင်ရပါလိမ့်မယ် " တဲ့ ။

-----------------------

ဘ၀မှာ သင်ပေးတဲ့အရာကိုပဲ သင်ပြန်ရတာပါ
ဘယ်တော့မှ တခြားလူတွေကို လိမ်ဖို့မကြိုးစားပါနဲ့ တဲ့ ။

မူရင်းရေးသူမသိပါဘူး အင်တာနက်မှာ စာဖတ်ရင်း ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။

သက်တန့်ချို
26-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment