Tuesday, September 24, 2019

ခြားနားခြင်း

 တူညီတယ်ထင်ပေမယ့်
ခြားနားတဲ့အရာတွေရှိတယ်

နီးစပ်တယ်ထင်ပေမယ့်
ဝေးကွာတဲ့အရာတွေရှိတယ်

လွယ်နေတယ်ထင်ပေမယ့်
ခက်နေတဲ့အရာတွေရှိတယ်

မေ့နေတယ်ထင်ပေမယ့်
လွမ်းနေတဲ့အရာတွေရှိတယ်

မုန်းနေတယ်ထင်ပေမယ့်
သတိရနေတဲ့အရာတွေရှိတယ်

နိုင်နေတယ်ထင်ပေမယ့်
ရှုံးနေတဲ့အရာတွေရှိတယ်

ခြားနားခြင်းဆိုတာ ...
လူတစ်ယောက်နဲ့တစ်ယောက်အကွာအဝေးကိုမဆိုလိုဘူး

ခံစားချက် အတိမ်အနက်ပေါ်ပဲ မူတည်ပါတယ် ။

သက်တန့်ချို
24-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment