Monday, September 30, 2019

သင် ဘယ်လိုလူလဲ






သက်တန့်ချို
30-Sept-2019
-------------------------------------

လူတွေက သင့်ကို ပြောတဲ့စကား ၊ ပေးတဲ့ကတိတွေက
သင် ဘယ်လိုလူလဲဆိုတာ မသတ်မှတ်ဘူး

သင်က .. လူတွေကို ပြောတဲ့စကား ၊ ပေးတဲ့ကတိတွေက
သင် ဘယ်လိုလူလဲဆိုတာ သတ်မှတ်ပေးတယ် ။

လူတွေက သင့်အပေါ်ဆက်ဆံတဲ့ ကောင်းခြင်း ဆိုးခြင်းတွေက
သင့် တန်ဖိုးကို မဖော်ပြပေးဘူး

သင်က .. လူတွေအပေါ်ဆက်ဆံတဲ့ ကောင်းခြင်းဆိုးခြင်းတွေကသာ
သင့် .. တန်ဖိုးကိုဖော်ပြပေးတယ် ။

" ကိုယ့်ရဲ့ဖြစ်တည်မှုကို တစ်ဖက်သားရဲ့အမြင်နဲ့ ဘယ်တော့မှမတိုင်းတာပါနဲ့
သင့်ရဲ့ ဖြစ်တည်မှုဟာ ...သင်ကိုယ်တိုင်ပုံဖော်ထုဆစ်ရတာမျိုးပါ "

သက်တန့်ချို
30-Sept-2019

No comments:

Post a Comment