Wednesday, August 5, 2009

ကျွန်တော်နှင့် ဟောက်ဆာဂျင်ဘဝ

ကျွန်တော်နှင့် ဟောက်ဆာဂျင်ဘ၀ …အပိုင်း (၁)

အရင်ဆုံး ဟောက်ဆာဂျင်ဘ၀မရောက်ခင်ကျွန်တော့ရဲ့ဘ၀လေးကိုအရင်ပြောပြချင်ပါတယ်…
ဆေးကျောင်းသားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဆေးကျောင်းကိုဘုမသိဘမသိရောက်လာ
တာများတယ်ဗျ…ကျွန်တော်လဲအများနည်းတူ ၁၀တန်းမှာအမှတ်လေးကောင်း ဂုဏ်ထူးလေး
ထွက်တော့…အိမ်ကဆေးကျောင်းတက်ခိုင်းပါလေရော…..အမျိုးထဲမှာဆရာဝန်မရှိဘူးဘာညာ
ပေါ့…တစ်ကယ်ကကျွန်တော်ဝါသနာပါတာက ပိုင်းလော့ လေယာဉ်မှုးပါ…ဒါမှမဟုတ်ရင်
သဘော်မောင်းမယ်ပေါ့….တစ်ကယ်ကအိမ်ကမချမ်းသာဘူးဗျ…………………..၁၀တန်းမှာ အသေအကြေကြိုးစားခဲ့ရတာ.ဆရာဝန်ဖြစ်ချင်လို့ဆေးကျောင်းတက်ချင်လို့ရယ်မဟုတ်ပါဘူး….တစ်ကယ်တော့အခုလိုဆရာဝန်ဖြစ်ခဲ့ရတာ….လူ့အသက်တွေကိုကယ်ဆယ်ခွင့်ရခဲ့တာ…ဆရာစိုင်းသီဟနဲ့မသက်စုဝင်း(ယခု ရန်ကုန်ဆေးရုံကြီးတွင် AS တာဝန်ထမ်းဆောင်နေသူ ) တို့ရဲ့ ကျေးဇူးတွေအများကြီးပါပါတယ်……
ဆရာဝန်ဘ၀ကို ဟောက်ဆာဂျင်ဆင်းတော့မှဘဲတစ်ကယ်ကိုဝါသနာပါသွား
တယ်ဗျိုး……ဟောက်ဆာဂျင်ဘ၀မှာကြုံရဆုံရတဲ့ အမှတ်တရတွေ…အတွေ့အကြုံတွေ.သင်
ခန်းစာယူစရာတွေအများကြီးရှိခဲ့ပါတယ်….အဲဒီအတွေ့အကြုံလေးတွေကိုပြန်လည်ဝေမျှပေး
ချင်ပါတယ်….ဟောက်ဆာဂျင်မှာ တစ်နှစ်တိတိတာဝန်ထမ်းဆောင်ရပါတယ်….Posting တစ်
ခုကို ၃ လ နဲ့ Posting ၄ ခုဆင်းရပါတယ် ….ကျွန်တော်အရင်ဆုံး စဆင်းတာကတော့ ………
Medical ward မှာပါ….အင်းစိန်ဆေးရုံမှာပေါ့……၁ပါတ်ကို၁ခါလောက်ဂျူတီဆင်းရပါတယ်..
သူ့ရက်နဲ့သူဂျူတီတွေခွဲထားပါတယ် ..Duty,OPD,Refer,Injection စသဖြင့်ပေါ့….Duty ကျ
ရင်မနက် ၈နာရီကနေ နောက်နေ့ နောက်ဂျူတီသမားမလာခင်ထိဆင်းရပါတယ်…OPD က
ပြင်ပလူနာကြည့်ရတာပါ…လူနာ ၅၀ ။ ၆၀ ကြည့်ရပေမယ့် အသက်သာဆုံးနေ့ပါဘဲ ဘာstressမှမရှိဘူး..အေးဆေးဘဲ……Refer ဆိုတာကတော့ အင်းစိန်ဆေးရုံမှာကုလို့ မနိုင်တဲ့
လူနာတွေ….ကုလို့မရတဲ့ လူနာတွေကို ရန်ကုန်ဆေးရုံကြီးကိုပို့ရပါတယ်…တခြား CT Scan ရိုက်တာတို့….Scope ကြည့်ဖို့လိုတဲ့သူတွေကို သက်ဆိုင်ရာဆေးရုံတွေကိုပို့ပေးရပါတယ်…..
Injection ဆိုတာကတော့ Medical Ward တစ်ဆောင်လုံးမှာရှိတဲ့လူနာတွေကိုဆေးလိုက်ထိုး
ပေးရတဲ့နေ့ပါဘဲ…..တခြားဘာမှလုပ်စရာမလိုပါဘူး……Duty ကတော့အပင်ပန်းဆုံးပေါ့ဗျာ…
၎နာရီနောက်ပိုင်းတခြားသူငယ်ချင်းတွေပြန်ပြီးတော့ ဂျူတီကျသူငယ်ချင်းလေးယောက်ဘဲကျန်
ခဲ့တာပေါ့…..အစအဆုံး လူနာလာရင်အဲဒီလေးယောက်ဘဲ အကုန်လုပ်ရပါတယ်….medical ကနေစဆင်းရလို့လားမသိဘူး..အခြား posting တွေကိုသိပ်မပင်ပန်းတော့သလိုဘဲ..
အရင်ဆုံးဆီးပိုက်ထည့်တဲ့အတွေ့အကြုံလေးပြောပြချင်ပါတယ်….သူငယ်ချင်းအချင်းချင်းထဲမှာတော့ ဆီးပိုက်ထည့်ဖူးတဲ့ လူကိုအရမ်းကိုအထင်ကြီးကြတာပေါ့ …ခက်လဲခက်တာကိုး….သူ
က UTI လို့ခေါ်တဲ့ဆီးပိုးမ၀င်အောင်လို့အရမ်းကိုဂရုစိုက်ရတယ်လေ….ကျွန်တော်တို့ထဲမှာစိုး
ကြီးဆိုတဲ့သူငယ်ချင်းတစ်ယေက်ရှိတယ်…သူဆိုဆီးပိုက်ထည့်တာအရမ်းကျွမ်းတယ်…သူ
ထည့်ပြီးရင်လူနာကသေရော…ဟားဟားဟား….အမှန်တော့သူ့ဟာသူသေမယ်လူနာနဲ့ သူ
ဆီးပိုက်ထည့်တာနဲ့သွားပြီး တိုက်ဆိုင်နေတာပါ…

ဆက်လက်ရေးသားပါမယ် …သက်တန့်ချို…12:12.am 4.8.09

6 comments:

  1. ဆက်လက်ရေးသားပါမယ်ဆိုလို့ လိုက်ရှာကြည့်တာ ထပ်ရေးထားတာ မတွေ့မိဘူးနော်...
    အချိန်ရရင် ရေးပါဦး... အခန်းဆက်လေးတွေပေါ့...
    ဒီလို ဟာသနှောတဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတွေကို ဖတ်ရတာ သဘောကျနှစ်သက်ပါတယ်...
    ဆက်ရေးပါဦးလို့... :)

    ReplyDelete
  2. ဖတ်ရင်း ရီသွားတယ် ကိုသက်တန့် ချိုရေ့ .. ဆက်ရေးပါဦး...

    အားပေးလျက်
    :~)

    ReplyDelete
  3. ငါလည်း အရင်က လေယာဉ်မယ်ဖြစ်ချင်ခဲ့တာ ... ဟီးးဟီးးး
    ခုတော့ ဆရာဝန်မဟုတ်ဘူးနော်း)

    ReplyDelete
  4. သက်တန့်ရဲ့
    ဒီ ပို့စ် ခေါင်းစဉ် နဲ့ ဟာကို
    ဖတ်ချင်နေတာ ကြာပါပြီ ..
    မအားတာနဲ့ မဖတ်ဖြစ် ဖြစ်နေတာ
    အခု စပြီး ဖတ် ပြီ ...

    အပိုင်း ၂ ဆက် ဖတ် လိုက် အုံးမယ် ...

    ReplyDelete
  5. အပိုင်း 7 ကနေ ဖတ်ကောင်းကောင်းနဲ့ ကျော့လာတာ မောသွားပြိး။ ဟူး!

    ReplyDelete