Friday, September 25, 2009

အလှဆုံးစားပွဲလေးများ

အလှဆုံးစားပွဲလေးများ

Sumo စားပွဲ



Basho ဆိုတဲ့ဆူမိုနဘန်းသမားပုံ စံကို ထုတ်လုပ်ထားတာပါ ။
ဈေးနှုန်း - $225

Pac Man စားပွဲ


Pac Man ဂိမ်းကို တီထွင်ထားတာပါ ။
ပြုလုပ်သူ - Erin McFadden + Syd Bolton (game collector)

Post-It စားပွဲ


ပြုလုပ်သူ - Tom Seymour
စက္ကူပေါင်း ငါးထောင်နဲ့ PVA ကော်ကိုအသုံးပြုပြီးပြုလုပ်ထားတာပါ။ကလေးတွေက သူ့ရဲ့စားပွဲကိုချစ်ကြတယ် ။ ဒါပေမယ့် အဲဒါက UK မှာသာလျှင်ရရှိနိုင်ပါတယ် ။

Silverware စားပွဲ


အဖိုးတန်တဲ့ Famine ကို အသုံးပြုထားပါတယ် ။ Famine ဆိုတာကတော့ အစိတ်အပိုင်းတစ်ခုလုံးကို Cristofle silverware နဲပပြုလုပ်ထားတာ ဖြစ်ပါတယ် ။

Interactive စားပွဲ


ဒါကတော့ LED ကော်ဖီ စားပွဲဖြစ်ပါတယ် ။ ကော်ဖီခွက်လေးတင်လိုက်တာနဲ့ LED မီးသီးပေါင်း ၄၈၀ က ကာလာပေါင်းစုံနဲ့ လင်းလက်လာမှာ ဖြစ်ပါတယ် ။
ဈေးနှုန်း - $ 1895

Human စားပွဲ


ပြုလုပ်သူ - Dzmitry Samal
ယောက်ျား ခြေထောက် ၄ ခုပုံစံပြုလုပ်ထားပါတယ် ။ ၂၀၀၉ စက်တင်ဘာမှာ ထုတ်လုပ်မှာပါ ။

Golf စားပွဲ


ဒီစားပွဲဟာ သဲပြင်တွေ ဂေါက်ကွင်းတွေ မှာအချိန်အများကြီးကုန်တဲ့ golfer တွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ် ။ တစ်ဖက်က တော့စိမ်းစိုနေပြီး တစ်ဖက်မှာတော့ တကယ့် သဲပြင်တွေထည့်သွင်း ပြုလုပ်ထားပါတယ် ။ စီးကရက်ထည့်ဖို့အတွက် အောက်ခံ အံဝှက်လေးလည်းပါပါသေးတယ် ။

Pong စားပွဲ


ပြုလုပ်သူ - DuPont Corian
အလူမီနီယံတွေနဲ့ ပြုလုပ်ထားတဲ့ ထမင်းစားပွဲရှည်ဖြစ်ပါတယ် ။ ထိပ်မှာ LED မီးသီး ၂၅၀၀ ထည့်သွင်းထားပါတယ် ။ Pong game ကစားလို့ရအောင်ပြုလုပ်ထားပါတယ် ။

Skull စားပွဲ


ဖန်သားကြီးပဲပြုလုပ်ထားပါတယ် ။ 47.5 cm မြင့်ပါတယ် ။
ဈေးနှုန်း - $288

Bike စားပွဲ


ပြင်သစ် စက်ဘီးစီးသမားကို ရည်ရွယ်ပြီး ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။ ဘီးတွေကတော့ နေရာ ၃ နေရာမှာပေါ့ ။
ဈေးနှုန်း - $5200

Modren Coffee စားပွဲ


T2A စားပွဲဖြစ်ပါတယ် ။ Afiddesigns က ပြုလုပ်ထားပြီး အစိုင်အခဲတွေကို ဖောက်ထွင်းမြင်ရတဲ့ပုံစံ ပြုလုပ်ထားခြင်း ဖြစ်ပါတယ် ။ ခြေ ၃ ချောင်းနဲ့ ၄ ချောင်း ၂မျိုးရရှိနိုင်ပါတယ် ။

Artistic စားပွဲ


ကိုရီးယား လူငယ်ဒီဇိုင်နာ Chul an Kwak က Dynamic emotion နည်းနဲ့ပြုလုပ်ထားပါတယ် ။ ရည်ရွယ်ချက်ကတော့ တည်ငြိမ်မှုဝိသေသတွေကို ဖြိုခွဲဖို့ပါတဲ့ ။

စာရေးသူ....သက်တန့်ချို.......(၃း၃၆ နေ့လည် ၂၅.၉.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

13 comments:

  1. ဆူမိုရယ် ၊ skull ရယ်၊ Bike ရယ်၊ နောက် artistics ရယ် ကြိုက်တယ်... မှာရင် အိမ်အရောက်ပို့ပေးလား... အဟီး ...:P

    ReplyDelete
  2. နာတော့ ဆူမိုကြောက်တယ်ဟယ်။ bikeလေးကြိုက်တယ်။ artistic လေးလည်းကြိုက်တယ်။ ဝယ်ပေးမလား။ စားပွဲဆို ချစ်ပါတယ်ဆိုမှ

    ReplyDelete
  3. အကုန်လိုချင်တယ်....

    ReplyDelete
  4. လှပါပေါ့ မိုက်ပါ့ပေ့ ကောင်းပါပေ့တယ် မိတ်ဖြစ် ဆွေဖြစ် တစ်လုံးလောက် လက်ဆောင်ရရင် ကောင်းပါပေ့ :))))))

    ReplyDelete
  5. ဝက်ဝံလေးSeptember 25, 2009 at 10:30 PM

    နင်လဲ ပေါက်ပေါက်ရှာရှာ သိပ်တတ်တယ် ကြည့်သွားတယ် သိလား အားလုံးကြိုက်တယ် ဝယ်ပေးမလား ဟိဟိ

    ReplyDelete
  6. ကိုဆူမိုနေပုံဆန်းပါပေ့
    ရွှေဧည့်သည်
    လာလည်ခဲ့ရင်ဖြင့်
    ဖင်ပြောင်ပြောင်
    မြင်အောင်ကြည့်ပါဗျို့ပြလို့နေသေး
    Pac Manစားပုံငန်း
    ချက်ချက် ချက်ချက်အသံဆန်း
    silverwearကိုသုံးရင်ကွယ်
    ဇွန်း ခရင်းပြောက်မှာကြောက်ရတယ်
    ကြိုက်တာကိုရွေး ကျနော်ရေး
    ကိုသက်တန့်လေးခုဝယ်ပေး

    ReplyDelete
  7. silverwaerကိုမှားရေးထားတယ်
    ပြင်ဖတ်ကြပါဂျာ

    ReplyDelete
  8. လှလိုက် မိုက်စ်လိုက်တာနော်။ ထိုင်ခုံလေးတွေ ရကောက်ပြောသလိုပဲ မိတ်ဖြစ်ဆွေဖြစ် ၀ယ်ပေးချင်စိတ်မပေါက်ဘူးလား သက်တန့်ဟင်.....

    ReplyDelete
  9. ကို သက်တန့်ကြီးက လိုချင်တဲ့ သူအကုန်လက်ဆောင် ပေးမတဲ့
    မန့်ထားတဲ့သူများ လာယူကြပါတဲ့ ............

    ReplyDelete
  10. တကယ့်လက်ရာမြောက်တဲ့ စားပွဲလေးတွေပဲ ဈေးတွေကလည်း ရှယ်ပဲနော်

    ReplyDelete
  11. တွေ့လိုက်ရင် ပေါက်တတ်ကရတွေချည်းပဲနော်...

းဝ)

    ReplyDelete
  12. may myo said...
    လှပါပေါ့ မိုက်ပါပေါ့ ကောင်းပါပေါ့ အားလုံးကြိုက်တယ် ၀ယ်ပေးမလား.......:P

    ReplyDelete
  13. စားပွဲလေးတွေအရမ်းလှတာပဲ။ ဒီိလိုထွင်တတ်တဲ့ပညာရှင်ကိုလည်း အရမ်းချီးကျူးတယ်။ ဈေးကလည်းရှယ်ပဲနော်။ အိမ်မှာအလှထားချင်လိုက်တာ။ နိုင်ငံခြားသားတွေအကြိုက်ပဲ။ ဟော်တယ်တွေမှာထားရင်ကောင်းမှာ။ ဒီလိုအထူးအဆန်းလေးတွေတင်ထားပေးတဲ့ ကိုသက်တန့်ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete