Tuesday, September 1, 2009

Grand Canyon SkyWalk

Grand Canyon SkyWalk

ဒီဖန်တံတားပေါ်မှာ လမ်းလျှောက်ချင်ပါသလား ။
















ဖန်တံတားကြီးဟာ ခန်းနားကြီးကျယ်တဲ့ Canyon ချောက်ကြီးရဲ့ အစွန်းပိုင်းမှာတည်ဆောက် ထားတာဖြစ်ပြီး
Colorado မြစ်ရဲ့ ပေ ၄၀၀၀ အမြင့်မှာတည်ဆောက် ထားတာဖြစ်ပါတယ် ။ ဒီပုံစံရဖို့အတွက် နောက်ဆုံးအဆင့်ကို အင်ဂျင်နီယာ နည်းပညာလိုအပ်မှုပေါင်း ၄၀၀ ရာခိုင်နှုန်းလောက် တွက်ချက်ပြီးမှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ခံနိုင်ရည်အားဟာ fully loaded Boeing 747 လေယာဉ်ပေါင်း ၇၁ စင်း အလေးချိန်ခံနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ် ။ ဒါဟာ ၇၁ မီလီယံပေါင်ထက်တောင်ပိုပါတယ် ။ သူ့ရဲ့လေတိုက်နှုန်းခံနိုင်ရည်အားဟာ အရပ်မျက်နှာ ၈ မျက်နှာမှ တိုက်ခက်တဲ့ လေပြင်း တစ်နာရီကို ၁၀၀ မိုင်နှုန်းနဲ့တိုက်ခတ်တာကိုတောင် ခံနိုင်ရည်ရှိုပါတယ် ။ မိုင် ၅၀ အတွင်း 8.0 magnitude နဲ့ လှုပ်တဲ့ ငလျှင်ကိုလည်းကောင်းကောင်း ခံနိုင်ရည် ရှိပါတယ်။၁၀၀ မီလီယံပေါင်ထက်ပိုတဲ့ စတီးတွေနဲ့ ဒီ Grand Canyon Sky Walk ဖန်တံတားကို တည်ဆောက်ထားတာဖြစ်ပါတယ် ။

စာရေးသူ......သက်တန့်ချို......( ၁း၀၀ ည ၁.၉.၀၉ )

No comments:

Post a Comment