Wednesday, September 16, 2009

ဂဏန်းနီကျွန်း

ဂဏန်းနီကျွန်း



Christmas ကျွန်းပေါ်မှာ တည်ရှိပါတယ် ။


Christmas ကျွန်းရဲ့ မိုးသစ်တောထဲမှာပေါ့ ။



အနီရောင် ဂဏန်းတွေ....။



အနီရောင် ဂဏန်းတွေဟာ သစ်တောတွေဆီကနေ ပင်လယ်ဘက်ဆီကို ချီတက်လာကြပါတယ် ။ ပင်လယ်ထဲရောက်မှသာ သူတို့ဟာ မျိုးပွား ကြတာ ဖြစ်ပါတယ် ။



ဒီဂဏန်းနီတွေ ရွေ့ပြောင်းနေစဉ်မှာ လူတွေက ယဉ်တွေကို ၀င်ခွင့်မပေးပါဘူး ။



ဘာကြောင့်လည်းဆိုတော့ သူတို့ချီတက်တာဟာ သန်းနဲ့ချီပြီး ရှိကြလို့ပါပဲ ။ အုပ်စုတစ်ခါ ချီတက်စဉ်မှာ ဂဏန်းပေါင်း ၁၂၀ မီလီယံလောက်ရှိပါတယ် ။


နှစ်စဉ် နှစ်တိုင်းမှာ သူတို့ဟာ လမ်းကြောင်းတစ်ကြောင်းကနေပဲ ချီတက်လေ့ရှိပါတယ် ။


ကျွန်းသူကျွန်းသားတွေဟာ သူတို့ရဲ့ ကျွန်းပေါ်မှာနေတဲ့ သက်တမ်းတလျှောက်မှာ ဂဏန်းနီတွေချီတက်တာနဲ့ ကြုံတွေ့ရလေ့ရှိပါတယ် ။



အချိန်အများ စုမှာတော့ သူတို့ဟာ ဒီဂဏန်းနီတွေနဲ့ ရောထွေးနေရလေ့ရှိပါတယ် ။



ဒီဂဏန်းနီတွေဟာ လမ်းသန့်ရှင်းသမားတွေလည်း ဖြစ်ကြပါတယ် ။



သူတို့ ချီတက်တာ ၂ ပါတ်လောက်ကြာပြီးတဲ့အခါမှာ ပထမ ဂဏန်းနီတစ်သုတ်ဟာ ပင်လယ်ပြင်ကိုရောက်ရှိနေပြီ ဖြစ်ပါတယ် ။





ခရီးသည်အချို့ဟာ သူတို့ရဲ့ ခန္တာကိုယ်ကို သန့်စင်ဖို့နဲ့ ဆားဓါတ်တွေကို ဖယ်ရှားဖို့အတွက် ပင်လယ်ထဲမှာ လာစိမ်လေ့ရှိပါတယ် ။



Christmas ကျွန်းလေးကို အပေါ်စီးကနေ မြင်ရပုံပါ ။



ဒီဂဏန်းတွေဟာ မထင်မှတ်တဲ့နေရာတွေကိုလည်း ရောက်ရှိလာပါသေးတယ် ။



ဂဏန်းနီအမတွေဟာ သူမမျိုးဆက်အတွက် ဥ ( သို့မဟုတ် ) ကျုံ့နိုင်ဆန့်နိုင်တဲ့ အိတ်လေးကို ဥချပါတယ် ။



ဒီဥလေးဟာ ရေနဲ့ထိပြီးတာနဲ့ တပြိုင်နက် ပေါက်ဖွားလာပါတယ် ။



ဂဏန်းနီပေါက်စလေးတွေဟာ (ပုရွက်ဆိတ်နီများကဲ့သို့ ) သူတို့ရဲ့လမ်းကြောင်းအတိုင်း မိုးသစ်တော တွေဆီပြန်ဝင်သွားကြပါတယ် ။

စာရေးသူ......သက်တန့်ချို.....(၁၂း၀၀ နေ့လည် ၁၆.၉.၀၉ )

9 comments:

  1. ဂဏန်းနီ တွေ့ပြီး ကျွန်ုပ် ဂဏန်း မစားတော့ပါ။ ချီတက်နေပုံက ပုရွက်လေးတွေလိုပဲ။ အင်း ပုရွက်နဲ့ ဆင် သွားရင် လမ်းဖြစ်သတဲ့။ ခု ဂဏန်းနီပေါ့။ လူကို အန္တရာယ်မဖြစ်စေတာတော့ကောင်းတယ်။ သူတို့လည်း မဖြစ်ပါစေနဲ့။ ကျေးဇူး တင်ရများပြီး ပြန်ပေးတော့ ဂဏန်းနီးကျွန်း သွားလည်ဖို့

    ReplyDelete
  2. စိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ စိတ်ကူးရင် စွန့် စားခန်း ရုပ်ရှင်တစ်ခု ရိုက်ဖို့ ကောင်းတယ် ကျေးဇူးကိုသက်တန့် :)))
    အဆင်ပြေပါစေ

    ReplyDelete
  3. ဂဏန်းနီ လေ:တွေကအများကြီးပဲနော်
    ကျေးဇူးပါပဲ တခါမှဒီလောက်များတဲ့ဂဏန်းတွေ မမြင်ဘူးဖူး

    ReplyDelete
  4. မစားကြဘူးလားဗျာ
    ဒီကတရုတ်တွေသာတွေ့လို့ကတော့
    အရှင်လတ်လတ်seafoodဖြစ်သွားမယ်
    ဓါတ်ပုံထဲမှာ လူတွေနဲ့လည်းရောထွေးနေတာပဲ
    မညှပ်ဘူးလားမသိ

    ReplyDelete
  5. မင်္ဂလာပါ။ လာဖတ်ပြီး ကြည့်ရှုသွားပါတယ်။ ဘလောံဂ်လေးကို စိတ်ဝင်စားလို့ Link သွားလိုက်တယ်နော့်။

    ReplyDelete
  6. သူတို့သွားနေတာ လူတွေကို ဘာမှ မလုပ်ဘူးလားမသိ နော် ..အသည်းယားစရာ ကောင်းလိုက်တာ..

    ReplyDelete
  7. မညှပ်ဘူးလား မသိဘူးနော်

    ReplyDelete
  8. တီဗီကနေ အဲ့ဒီဂဏန်းနှီလေးတွေ အများကြီး ချီတက်လာပီး ပင်လယ်ကို သွားကြတဲ့ပုံကို တွေ့လိုက်ရတယ်
    အရမ်း အသည်းယားစရာကောင်းတယ်
    ပင်လယ်ကို ရောက်တော့ သူတို့ဗိုက်ထဲကနေ ဥလေးတွေကို ပင်လယ်ထဲ ချခဲ့ကြပီး ပြန်တက်သွားတော့ သစ်တောတွေဆီကို သွားတာ တွေ့ရတယ်
    ဒါပေမဲ့ စိတ်မကောင်းစရာ မြင်ကွင်းက အကိုသက်တန့်ချိုပြောသလို ကားတွေကို ဝင်ခွင့်မပေးဘူးဆိုပေမဲ့ အဲ့ဒီမှာ ပြတဲ့အချိန်မှာ ကားတစ်စီး ဖြတ်သွားတိုင်း ဂဏန်းလေးတွေကို တက်ကြိတ်သွားတဲ့ပုံကို ရိုက်ပြတာ သနားလွန်းလို့ ဂဏန်းဟင်းတောင် မစားရက်တော့ဘူး :(
    ဂဏန်းလေးတွေက လမ်းတစ်ဖက်ကို ဖြတ်ကူးတဲ့အချိန်မှာ အသံတစ်ခုခုကြားလိုက်တာနဲ့ သူတို့ရဲ့လက်မတွေကို ထောင်ပီး ပြေးကြတယ် ဒါပေမဲ့ မလွတ်ဘူး ကားဘီးတွေရဲ့အောက်မှာ သူတို့ရဲ့ ကိုယ်လုံးလေးတွေ တစ်စစီဖြစ်သွားတာကို ရိုက်ပြတာ မြင်ရတာ စိတ်မကောင်းလိုက်တာ
    အဲ့ဒီ ဂဏန်းအသေကောင်တွေကို ဂဏန်းအချင်းချင်းကလဲ ပြန်စားသလို ငှက်တွေကလဲ လာစားကြတယ်
    အဲ့ဒီမြင်ကွင်းကို တော်တော်နဲ့ မေ့မရခဲ့ဘူး
    ဒီနေ့မှ အကိုသက်တန့်ချိုရဲ့ ဂဏန်းနီကျွန်းပို့စ်လေးကို ဖတ်ရတော့ အဲ့ဒီဟာကို ပြန်သတိရတယ် စိတ်မကောင်းလိုက်တာ
    ဗဟုသုတမျှဝေပေးလို့ ကျေးဇူးပါပဲရှင်

    ReplyDelete
  9. ကိုသက်တန့်ရေ ကျေးဇူးဗျ....အခုလိုလေးတွေ ဆက်လက်ဝေမျှပါဦး....

    ReplyDelete