Tuesday, September 15, 2009

ပင့်ကူကင်တွေ စားကြမလား

ပင့်ကူကင်တွေ စားကြမလား


၂၀၀၉ ခုနှစ် March လ ၁၄ ရက်နေ့မှာ Phnom Penh ရဲ့ အရှေ့ဘက်မှာ ရှိတဲ့ Kampong Cham province မြို့လေးမှာ Skun ဆိုတဲ့ကားဂိတ်လေးမှာ ပျံကျဈေးသည်တစ်ဦးဟာ အသင့်ကင်ထားတဲ့ ပင့်ကူနက်ကြီးတွေကို စားသုံးသူတွေကိုရောင်းချ ဖို့အတွက် စောင့်ဆိုင်းနေပါတယ် ။ ပင့်ကူကင် ၁၀ ကောင်ကို ၂ ဒေါ်လာကျပါတယ် ။ ရာသီပေါ်ဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ တွဲစားရတာဖြစ်ပါတယ် ။ ဒီပင့်ကူဟာ အပြင်ဘက်က ကျွတ်ရွနေပြီး အတွင်းပိုင်းကတော့ ထူးကဲတဲ့အရသာရှိပါတယ် ။ အတွင်းပိုင်းမှာလည်း စေးကပ်တဲ့ကြက်သား အနှစ်တွေ ထည့်ထားပါသေးတယ် ။ ၂၀၀၉ ခုနှစ် မတ်လပိုင်းက ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ် ။ Xinhua/Reuters က ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။

စာရေးသူ.....သက်တန့်ချို......( ၁၀း၁၆ ည ၁၄.၉.၀၉ )

4 comments:

  1. စားချင်ပါဘူး ရွံစရာကြီး

    ReplyDelete
  2. အာ ..... သူငယ်ချင်း ခင်ဗျားပဲ အရင်မြည်းပြ စမ်းပါဗျာ နောက်တော့ ဘယ်လို နေလဲပြောပြ ပေါ့ ယုံတယ် ယုံတယ် :))))

    ReplyDelete
  3. မစားဘူးနော် ပင့်ကူ အမငီးးးးမောင်လေးရယ် ။ ဒါ ခရီးအပြန်လက်ဆောင်လား။ မတော် ပါးစပ်ထဲဝင်ပြီး ဗိုက်ထဲမှာ အမျှင်တွေ ပွားနေမှဖြင့်နော်။ (မေးလ်မဝင်အားလို့နော် ) maylay

    ReplyDelete
  4. Hi,
    You can eat as a medicine. Not real spider, a family of spider. No need to drink Paracetamol, eat 5 pieces can cure common cold. Try it.

    ReplyDelete