Thursday, September 17, 2009

တို့ရွှေမန္တလာ




တို့ရွှေမန္တလာ

ရွှေမန်းတောင်နဲ့ရန်ကင်း(ငါးရံ့မင်းတောင်)
နန်းတွင်းနဲ့ကျုံးရေပြင်....

ဈေးချိုတော်နာရီစင်နဲ့....
တောင်ပြင်ကမဟာမုနိ..
အနောက်ဆိုမြစ်ဧရာနဲ့..
လှပါဘိ ရွှေမင်းဝံ.....
အရှေ့ဆို ရိုးမဆီးလို့ လှလွန်းနေသေး.......
ဦးပိန်မှာအတူလျှောက်ပါလို့....
မယ်ဇယ်ပင်အရိပ်ခိုကာ..
ထန်းရည်ချိုအတူသောက်ကြမယ်...
ပူလာရင်အင်းရေမှာကွယ်...
ဆင်းစိမ်ကာ အပူဖြောက်ကြစို့...
တင်းတိမ်ကာမနေနိုင်ဘူးကွယ့်......
လွမ်းလွန်းလှသေး........။


ကိုသက်တန့်လေးရေ မတတ်တတတ်နဲ့စပ်ဟပ်ပြီးရေးလိုက်ပါတယ် မန့်မတတ်လို့ မေးလ်ပို့လိုက်တာပါ ရွှေမန်းကိုလွမ်းလို့
နိုင်ဇော်

ညီအစ်ကိုအရင်းတမျှ ခင်မင်တဲ့ အစ်ကိုနိုင်ဇော်က ကျွန်တော့်ရဲ့ ခရီးသွားမှတ်တမ်းဖတ်ပြီး မန္တလေးကိုလွမ်း လွန်းလို့ ကဗျာတစ်ပုဒ် စပ်ပြီးပို့လာပါတယ် ။ ကဗျာ လေးကိုနှစ်သက်လွန်းလို့ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် ။ အစ်ကို နိုင်ဇော်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။


သက်တန့်ချို...

9 comments:

  1. ကဗျာလေးက လှတယ်ဗျာ :)

    ReplyDelete
  2. ကဗျာလေးက လှတယ်။
    လွမ်းစရာကောင်းတဲ့ မန္တလာပုံလေးတွေလဲ ကြည့်သွားတယ်။

    ReplyDelete
  3. ကောင်း၏ နာ ဒါပဲပြောတော့မယ်။

    ReplyDelete
  4. ကဗျာလေးက နုနုညက်ညက်နဲ့ လှလွန်းလှလေ တယ် .... မှုန်ရီမှေး ဟိုအဝေးက စေတီ .... ကျုံး တော်ပတ်လီ မြမြို့ ရိုးပေါ့ ... သီချင်းကို အလွန်ကြိုက်သလို မန်းရွှေပြည်အလှကိုလည်း အလွန်ကို ခိုက်မိပါကြောင်း
    ကဗျာလေး တအားသဘောကျတယ် လှတယ်ဗျာ
    ခင်မင်လျှက်
    မျှဝေတဲ့အတွက်ကျေးဇူးကို သက်တန့် :))))

    ReplyDelete
  5. မန္တလေးသားမဟုတ်ပေမဲ့...
    မန္တလေးကိုရောက်ရင်ပျော်တယ်...
    ရှေးမြန်မာအငွေ.သက်တွေကို ကျန်သေးတယ်
    လို့ခံစားရတယ်...
    ကဗျာလေးကလည်း တစ်ကယ့်အရင်ခေတ်က
    စာဆိုတွေစပ်ထားတဲ့အလားပဲဗျာ
    ကောင်းမှကောင်း

    ReplyDelete
  6. ကဗျာလေးကို ဖတ်ပြီး မန္တလေးကို အရမ်းလွမ်းမိပါတယ် ...
    ကဗျာဆရာ နဲ့ သက်တန့် ရေ.... ပျော်ရွှင်ပါစေ
    နှင်းဟေမာ

    ReplyDelete
  7. ကျွန်တော်တို.မန်းလေးအကြောင်းပုံနှင်.တကွဖေါါပြပေးလို.မောင်သက်တန်.ရေကျေးဇူးနော်

    ReplyDelete
  8. မောင်သက်တန်.တင်ထားတာတွေအန်တီအားလုံးအားပေးသွားတယ်နော်အသစ်တွေတင်ပေးပါအုံးနော်

    ReplyDelete
  9. မန်းလေးသူမဟုတ်ပေမယ့် မန်းလေးကိုအရမ်းချစ်တယ်။မန်းလေးကိုရောက်ရင်အရမ်းပျော်တယ်။ရေမြေခြား
    နေပေမယ့် အရမ်းသတိရပါတယ်မန်းလေးရယ်။ဓာတ်ပုံလေးတွေဖော်ပြပေးလို့
    ကျေးဇူးတင်ပါတယ်။

    ReplyDelete