Sunday, February 7, 2010

2009 MMBA (Myanmar Blogger Press)

2009 MMBA (Myanmar Blogger Press)



အင်း...ဘာလိုလိုနဲ့ ၇ ရက်နေ့တောင်ရောက်သွားပါပြီ ။ မြန်မာဘလော့အကယ်ဒမီ ဆုပေးပွဲအကြောင်းကို မှန်တာပြောရရင် Shwezinu ဘလော့ကနေ စပြီးသိရတာပါ ။ အဲဒီတော့မှ Myanmar Blogger Press လင့်လေးထဲဝင်ပြီး ဖတ်ကြည့်ခဲ့ပါတယ် ။ ပထမတော့ စဉ်းစားပါသေးတယ် ...ငါ..စာရင်းပေးရင်ကောင်းမလား မပေး ရင်ကောင်း မလားပေါ့ ။ တော်ကြာ ဘာအဆင့်ရှိလို့ စာရင်း ၀င်ပေးတာလဲဆိုပြီး အပြောခံရ မှာလဲ ကြောက်သေးး) မှန်တာဝန်ခံရရင် ဆုတွေထက် အဲဒီကဒ်ပြားလေးတစ်ခုကို ကြိုက်သွားမိတယ် ဆိုပါတော့ ။ ဒါနဲ့ စာရင်းဝင်ပေးလိုက်တယ် ။ အဲဒီမှာ ပြဿနာက စတာပါပဲ ။ ကိုယ့်ဘလော့ကို ဘယ်ခေါင်းစဉ်အောက်ထည့်ရမလဲ ဆိုတာပါပဲ ။ ကျွန်တော်က ဘာသာပြန်ရေးလိုက် ကဗျာရေးလိုက် အတွေ့အကြုံလေးတွေရေးလိုက် ၀ထ္ထုရေး လိုက်နဲ့ဆိုတော့ ဘယ်ခေါင်းစဉ်က အကြုံးဝင်နေမှန်းမသိလိုက်ပါဘူး ။ ဒါနဲ့ ငါ့ဘလော့က အစုံပါတာပဲဆိုပြီး မနိုင်းနိုင်းစနေ ကိုအားကျပြီး အကောင်းဆုံး အထွေထွေဘလော့ဆု ကိုစာရင်းပေးလိုက်ပါတယ် ။



ဒါနဲ့ပဲ စာရင်းတွေထွက်လာတယ် ဆိုပါတော့ ။ ကိုယ့်ဘလော့ကို သွားကြည့်လိုက်တော့မှ လား..လား.. အကောင်းဆုံးဘာသာပြန်ရသစာပေ ဘလော့ဆု အောက်မှာရောက်နေပါတယ် ။ နို့ ကျွန်တော်စဉ်းစား ကြည့်တယ် ငါပေးခဲ့တာ အကောင်းဆုံး အထွေထွေဘလော့ဆုပါ အခုဘယ့်နှယ့် ဘာသာပြန်ရသ စာပေဆု အောက်ရောက်နေပါလိမ့်ပေါ့ ။ နောက်ပြီး ဆုမရဖို့ ကျိန်းသေသွားတာက ကျွန်တော်ရေးတာတွေ ဘာသာပြန် တာတွေက ရသစာပေတွေမှမဟုတ်ပဲ သုတတွေပါ ။ သူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဒါမျိုးတွေလည်း ရှိပါလား ဆိုတာ သိသွားစေဖို့ ရေးခဲ့တာတွေပါ ။ အခွင့်ကြုံရင် ကြုံသလို အတွေ့အကြုံလေးတွေလည်း ရေးသားပါတယ် ။ ဟူးးးးးးးးး....စိတ်အတော်မောသွားပါတယ် ။ ကျွန်တော်ဘလော့စရေးတာ တစ်နှစ်တောင်မပြည့်သေးပါဘူး ။ အမှန်တတိုင်း ၀န်ခံရရင် ကိုယ့်ဘလော့ကို ဘာတွေရေးရင် လူတွေစိတ်ဝင်တစား ကြည့်ကြမလဲလို့ လေ့လာကြည့်ပါတယ် ။ ဒါနဲ့ ကို ပီတာကြီး ဘလော့ကို သွားတွေ့ပါတယ် ။ သူ့ဘလော့ကို ကျွန်တော်အရမ်း နှစ်သက်သွား တယ် ။ ဒါနဲ့ ကိုပီတာကြီးလို ထူးထူးဆန်းဆန်းတွေ ရေးမယ်ကွာ...ဆိုပြီး အဲဒီလိုင်းဖက်ကို ဦး တည်ခဲ့ပါတယ် ။

အခု... အကောင်းဆုံး ဘာသာပြန်ရသစာပေဆုအောက်မှာ သူနဲ့ ကျွန်တော်..။ ဟီး သွားပြီဆိုပြီး စိတ်လျော့ လိုက်ပါတယ် ။ အရေးထဲ သင်တန်းကလည်း ရှိနေတော့ ဘလော့ဖက်ကို အာရုံ သိပ်မပြုနိုင်ပါဘူး ။ ( သင်တန်းက အတွေ့အကြုံလေးတွေကို ပို့စ်တင်မယ်လို့ စိတ်ကူးထားပါတယ် ) ဒါနဲ့ မဖြစ်ချေဘူး တစ်နေ့တစ်ပုဒ်လောက်တော့ ပို့စ်သွားတင်အုန်းမှဆိုပြီး ထမင်းစားချိန်လေး မတိုင်ခင် ထမင်းချိုင့်ခိုးစား ထမင်းစားချိန်ကို အင်တာနက်ဆိုင်ပြေး ပို့စ်တင် သင်တန်းပြန်တက် ..အောင်မငီး ကုန်လိုက်တဲ့ပိုက်ဆံ တစ်နေ့ တစ်ထောင်လောက်ကို မှန်နေတာပဲ ။ မုန့်ငတ်တာလည်း ကြာပေါ့ ဟဟဟ.. ။

ဒီနေ့တော့ တနင်္ဂနွေနေ့ဆိုတော့ အခြေအနေလေး လာကြည့်ပါတယ် ။ ဒီအတိုင်းပါပဲ ။ မဲတွေတ၀ကြီး ပေးချင်သူများလည်း ဒီမှာ ၀င်ပေးနိုင်ပါတယ် ။



နောက်တစ်ချက်ပြောချင်တာက ဒီ လူတွေအများကြီး မဲပေးတဲ့စနစ်ကို သိပ်တော့ ဘ၀င်မကျမိဘူးဗျိုး..။ ဘာလို့ဆို ဘလော့ တစ်ခုက တကယ်ကောင်းတယ်ဆိုပါတော့ ။ သူက သူများအိမ်တွေသိပ်မလည်ဘူး အပေါင်း အသင်း သိပ်မရှိဘူး စီဘောက်လည်း မထားဘူး ဆိုပါတော့ဗျာ ။ သူများကို လည်း ကွန်းမန့်တွေ အများ ကြီးမပေးဘူး သူအရမ်းပေးချင်မှ တစ်လုံးနှစ်လုံးရေးလေ့ရှိတယ်ဆိုပါတော့ ။ ကဲဒါဆို သူ့ကို ဘယ်သူတွေက မဲပေးမှာလဲ ။ အပေါင်းအသင်းများတဲ့လူ မဲများတဲ့လူအနိုင်ရသလိုကြီး ဖြစ်မနေဘူးလား

နောက်ပြီးအကြံတစ်ခုပေးချင်ပါတယ် ။ ဆရာကြီးလုပ်တာမဟုတ်ပါဘူး ။ စာရင်းလာသွင်းခိုင်းတဲ့အထိ လက်ခံ ပါတယ် ။ ဒါပေမယ့် မဲပေးမယ့်အစား အဲဒီ MMBA အဖွဲ့ကပဲ စာရင်းပေးထားတဲ့ဘလော့တွေကို စောင့်ကြည့်ပြီး သူဘာတွေလုပ်နေသလဲ သူဘာတွေလုပ်ခဲ့သလဲ ဆိုတာ ပို့စ်အဟောင်းတွေကအစ ပြန်ရှာဖတ်ပြီး တကယ်ထိုက် တန်တယ်ဆိုမှ ဆုပေးသင့်တယ်ဆိုတာပါပဲ ။ အဲဒါလေးက ပိုကောင်းမယ်လို့လည်း ထင်ပါတယ် ။ နို့ဆိုရင် IP Address နဲ့ မဲတစ်မဲက ဆုဖြစ်နေပြီး တကယ့်အရည်အချင်း ထိုက်တန်ခြင်းဆိုတာ ပျောက်ကွယ်နေတယ်လို့ ထင်ပါတယ် ။

တစ်ကယ်ထိုက်တန်သော သူများ အကောင်းဆုံးဘလော့အကယ်ဒမီဆုကို ရနိုင်ကြပါစေ ။ ကျွန်တော်ကတော့ မျှော်လင့်ချက် ကို ၇၀ % ထားထားပါတယ် ။ နောက်ပြီး ဒီဆုအကြောင်းကို မသိတဲ့လူတွေ အများ ကြီးရှိပါသေး တယ် ။ ဘလော့ဂါတွေထဲမှာတောင် မသိသေးတဲ့လူတွေရှိတဲ့အတွက် ဒီပို့စ်လေးကို ရေးရခြင်း ဖြစ်ပါတယ် ။

MMBA ရဲ့ စေတနာ နဲ့ ဘလော့လောကကို တိုးတက်စေချင်တဲ့ စိတ်ထားလေးကို အထူးပဲ လေးစားစွာ ဂုဏ်ယူမိပါတယ် ခင်ဗျာ ။

စာရေးသူ.....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

16 comments:

  1. မြန်မာဘလော့ အကယ်ဒမီဆုပေးပွဲနဲ့ ပတ်သက်ပြီး အခုမှ အသေးစိတ် ဖတ်ပြီး သိသွားတယ် ကျေးဇူးပါ အခုလို ဘလော့နဲ့ ပတ်သက်ပြီး မသိသေးသူတွေ နားလည်အောင် ပို့စ်တင်တာကို လေးစားပါတယ်ရှင်။

    ReplyDelete
  2. ဟုတ်ကဲ့ ... ကိုသက်တန့်ချို ရေးမှပဲ သေသေချာချာ သိတော့တယ်၊ ကျွန်တော်လည်း အလုပ်များနေလို့ ဘလော့ မဝင်ဖြစ်တာနဲ့၊ အဲဒီ့ ဘလော့မဲပေးပွဲ အကြောင်းကို မနေ့ကမှ သိတာဗျ၊ တော်တော်များများ မသိကြဘူး။ အခုလို ရေးပြတာ ကောင်းပါတယ်။

    ReplyDelete
  3. အကောင်းဆုံးစာရင်းထဲ ဝင်သွားတော့ ပိုကောင်းသထက် ကောင်းအောင် ကြိုးစားရတော့မှာပေါ့...းP

    အမှန်တကယ် မထိုက်တန်ဘဲနဲ့ ဒီနေရာကို ရောက်မလာနိုင်ပါဘူး။

    စာဖတ်သူတွေဟာ ကိုယ်တို့တွေထက် ပိုတော်ကြတာ အမှန်ပဲလေ...

းဝ)

    ReplyDelete
  4. လာဖတ်သွားပါတယ်။

    စာကောင်းလေးတွေပါပဲ။

    ReplyDelete
  5. ဟုတ်တယ်ဗျ။ မဲနဲ့ချည်း မဆုံးဖြတ်ပဲ စံလေးတွေ သတ်မှတ်ပြီး ပေးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ

    ReplyDelete
  6. ဘလောဂ့်ပြိုင်ပွဲအကြောင်းရေးထားတာ ဖတ်ရတာကျေးဇူးတင်ပါတယ်၊ ကျွန်မနဲ့ ခေါင်းစဉ်တူနေတယ်၊ ကိုသက်တန့်ကို မဲပေးလိုက်ပါတယ်၊ သူငယ်ချင်းသိပ်မရှိတော့ အားငယ်လိုက်တာနော် ;) အခုတလော မအားတာရယ်၊ ရာသီဥတုအေးအေး ခေါင်းတွေကိုက်ပြီးဖျားတာနဲ့ စာလဲ မရေးနိုင်ဘူး၊ ဒေါက်တာရဲ့ ဘလောဂ့်က အကြောင်းအရာစုံစုံနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ ချီးကျူးမိတယ် ဒေါက်တာရေ Cheers!

    ReplyDelete
  7. သက်တန့်အကောင်းဆုံးဆုရလိမ့်မယ်လို့ထင်ပါတယ်..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  8. ရွေးမယ်ဗျာပေးမယ်ဗျား)

    ReplyDelete
  9. ကဲ သူငယ်ချင်း ရေ

    ဘယ်သူဘယ်လောက် တော်တော် ကိုသက်တန့်ချို ကတော့ ရွှေစင်ဦး သူငယ်ချင်း ဆိုတော့ တမဲ ထည့်ပြီးပြီး နော်

    အဟီး
    ခင်တဲ့ ရွှေစင်ဦး

    ReplyDelete
  10. ဒီပိုစ့်မှာရေးတဲ့အကို့ရဲ့အမြင်ကို အပြည့်အဝထောက်ခံပါသည်။

    ReplyDelete
  11. MMBA အဖွဲ့ကပဲ စာရင်းပေးထားတဲ့ဘလော့တွေကို စောင့်ကြည့်ပြီး သူဘာတွေလုပ်နေသလဲ သူဘာတွေလုပ်ခဲ့သလဲ ဆိုတာ ပို့စ်အဟောင်းတွေကအစ ပြန်ရှာဖတ်ပြီး တကယ်ထိုက် တန်တယ်ဆိုမှ ဆုပေးသင့်တယ်ဆိုတာပါပဲ ။

    ကိုယ်လည်းအဲ့လိုပဲထင်တယ်။ယူဆတယ်။

    ReplyDelete
  12. ဒီလို ဝေဖန်တဲ့ ပိုစ့်လေးကိုတော့ တကယ် သဘောကျသွားတယ် သက်တန့်ရေ... ဘာကြောင့်လဲဆိုတော့ တချို့ တကယ်ကောင်းပြီး အရည်အသွေးရှိတဲ့ ဘလောဂ့်တွေ များစွာရှိနေလို့ပါပဲ။ ဒီမဲပေး စနစ်က အပေါင်းအသင်းများရင် များသလို ရနေသလိုမျိုးဖြစ်နေလို့ MBAA ကို သက်တန့် အကြံပေးတာလေး တကယ်ကို မှန်ကန်ပါတယ်။ တချို့ ဘလောဂ့်တွေ ဆိုရင် စာတွေ တကယ်ကောင်းပြီး ကွန်မန့်ရော စီဘောက်ပါ မရှိတဲ့ ဆိုက်တွေ အများကြီးပါ။ တကယ် ထိုက်တန်တဲ့ သူတွေနဲ့ တန်ဖိုးရှိတဲ့ စာပေတွေကိုသာ ရစေချင်တာ စာဖတ်သူတိုင်းရဲ့ ရင်ထဲက ဆန္ဒပါပဲ။
    အပြည့်အ၀ ထောက်ခံသွားတယ် သက်တန့်ရေ..။

    ခင်မင်လေးစားလျှက်

    ReplyDelete
  13. ဒီဘလော့ အကယ်ဒမီပွဲမှာ စစ်မှန်တဲ့ အကယ်ဒမီဆုရှင် မပေါ်နိုင်ပါဘူး.. ခင်ရာမင်ရာ ဆွေမျိုးသူငယ်ချင်း များရင်များသလို မဲများသွားမယ်ဆိုတာ သေချာပါတယ်.. သက်တန့်ချို ပြောတာ မှန်ပါတယ်.. ဒီပွဲမှာ မဲမရပဲ အကယ်ဒမီရသင့်တဲ့ ဘလော့တွေ အများကြီး ရှိနေပါသေးတယ်.. စာရင်းထဲ မပါတဲ့ ဘလော့တွေလည်း ကျန်နေပါသေးတယ်.. မျှတမှု မရှိတာတော့ အမှန်ပါပဲ.. မဲဆွယ်ပြီးရတဲ့ အကယ်ဒမီမျိုးက စာဖတ်သူတွေရစေချင်တဲ့ စစ်မှန်တဲ့ ရွေးချယ်မှုမျိုး မဟုတ်ပါဘူး.. ကျွန်တော့် အမြင်လေးကို MMBA ကိုလည်း သွားပြောချင်ပါသေးတယ်.. ကိုယ်တိုင်က ဘာမှ မဟုတ်ပေမယ့် မျှတမှုကိုတော့ လိုလားပါတယ်..

    အကယ်ဒမီဘလော့ဆိုတာ..
    သပ်ရပ်သော ဘလော့အပြင်အဆင်.. အဆင့်အတန်းရှိသော မြန်မာစာ အရေးအသား.. စာလုံးပေါင်းသတ်ပုံ.. ဝါကျအသုံးချပုံ.. ဒါတွေအားလုံး ပြည့်စုံဖို့ လိုအပ်ပါတယ်.. ရေးသားနေတဲ့ စာတွေကလည်း စာဖတ်သူကို တစ်စုံတရာ ပေးစွမ်းနိုင်ရပါမယ်.. ဘလော့ရေးသက်နဲ့ ပိုစ့်အရေအတွက် ထည့်သွင်းစဉ်းစားသင့်ပါတယ်..

    ဖြစ်သင့်တာက မဲစနစ်နဲ့ မဆုံးဖြတ်ပဲ ဘုတ်အဖွဲ တစ်ခု ဖွဲ့စည်းပြီး ရွေးချယ်သင့်ပါတယ်.. အကယ်ဒမီရသင့်တဲ့ ဘလော့တွေကို ပဏာမရွေးချယ်ပြီး.. အဲ့ဒီဘလော့တွေကို တစ်ခုချင်း နှိုင်းယှဉ်ပြီး ရွေးချယ်သင့်ပါတယ်.. ဘုတ်အဖွဲဆိုတဲ့နေရာမှာ..MMBA အဖွဲ့ နဲ့အတူ.. အောင်မြင်တဲ့ စာရေးဆရာများ (ဘလော့လည်းရေးသားနေသူ) များရဲ့ အကူအညီကို ရယူသင့်ပါတယ်.. ဥပမာ.. ဆရာအောင်ဝေး၊ ဒေါ်မေငြိမ်း၊ မတူးတူးသာ၊ မနော်ဟရီ စသည်ဖြင့်..

    အဲ့ဒီလိုဆိုရင်တော့ အကယ်ဒမီ တကယ် ထိုက်တန်သူတွေ အကယ်ဒမီ ရနိုင်ပါတယ်.. အခုတော့.. နှစ်ရက်အတွင်း မဲ.. ၅၀ ကျော် ၆၀ ကျော်.. အင်နဲ့အားနဲ့ မဲဝိုင်းပေးနေကြတာ သိသာပါတယ်.. တချို့ ဘလော့ပေါ်တင်ပြီး မဲဆွယ်ကြပါတယ်.. မဖြစ်သင့်ပါဘူး.. တရားမျှတမှုမရှိပါဘူး..

    မသက်သန့်ချိုကိုတော့ လေးစားပါတယ်.. အရှိအတိုင်းရေးထားတဲ့ သတ္တိကို တကယ်လေးစားပါတယ်..

    ReplyDelete
  14. ဆောရီး ကိုသက်သန့်ချို ကျွန်တော် အသုံးမှားသွားတယ်.. :D

    ReplyDelete
  15. အမြင်ချင်းတူတော့ ဒီပို့စ်ကို အားရကျေနပ်မိတယ်ဗျာ။

    ReplyDelete
  16. ဟုတ်ကဲ့ခင်ဗျာ....
    အခုလို အပြုသဘောဆောင်ပြီး ဝေဖန်ထောက်ပြပေးတဲ့အတွက် MBAA ကိုယ်စား ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ တနှစ်ထက်တနှစ် ပိုကောင်းအောင်၊ ပိုပြီးအဆင်ပြေလာအောင် ကြိုးစားနေပါတယ်။ အခြေအနေထက် အချိန်ကိုကြည့်ပြီး အကောင်းဆုံးကို ဖန်တီးသွားမှာဖြစ်သလိုဘဲ လက်ရှိမဲပေးပုံစနစ်ဟာလည်း နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့စနစ် အတိုင်းဘဲဖြစ်တယ်ဆိုတာသိမယ်လို့လဲမျှော်လင့်မိပ်ါတယ်။ သေချာတာတခုကတော့ ကျွန်တော်တို့ အနေနဲ့ ဖြေးဖြေးချင်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ဖြေးဖြေးခြင်း တဆင့်ပြီးတဆင့်သွားတာက ပိုပြီးတော့ အဆင်ပြေမယ် ထင်ပါတယ်။ ဒီနေ့ခလေးမွေး မနက်ဖန်လူကြီးဖြစ်ရင်တော့ ကောင်းသားပေါ့နော်။ တဖြေးဖြေးတော့ ဖြစ်လာရမှာပါ။ မနှစ်ကထက် ဒီနှစ်၊ ဒီနှစ် ထက် လာမယ့် နှစ်က ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ အစီအစဉ်လေးတွေ ဖြစ်လာဖို့လဲ ကြိုးစားသွားမှာပါ။

    အခုလို အပြုသဘောဆောင်ပြီး ဝေဖန်ထောက်ပြပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။
    MMBlog Press

    ReplyDelete