Friday, February 5, 2010

ကမ္ဘာ့ရုပ်အဆိုးဆုံး သတ္တ၀ါများ

ကမ္ဘာ့ရုပ်အဆိုးဆုံး သတ္တ၀ါများ

ကြမ်းပိုးတစ်ကောင်၏ အနီးကပ်မျက်နှာ


သင့်ရဲ့ မျက်နှာကို တစ်စုံတစ်ယောက်က အနီးကပ်ပြီး မိုက်ကရိုစကုပ်နဲ့ ကြည့်မယ်ဆိုရင် သင်နှစ်သက်လိမ့်မယ် မဟုတ်ပါဘူး ။ Dobsonfly ဆိုတာကတော့ Khing bug လို့လည်း ခေါ်ပါတယ် ။ Corydalinae subfamily အင်းဆက်အမျိုးစားဖြစ်ပြီး သူတို့ကို Oklahoma Microscopy အဖွဲ့အစည်းကနေ ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး အင်းဆက်ပြပွဲကြီးမှာ တင်သွင်းခံရပါတယ် ။ ဒီပုံဟာ ပြိုင်ပွဲအတွင်းမှာ ပြထားတဲ့ပုံဖြစ်ပြီး Scanning Electron Microscope ကိုအသုံးပြုပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ အဲဒီမိုက်ကရိုစကုပ်က ဒီကြမ်းပိုးကို ဆယ်ဆကနေ အဆ၅၀၀ လောက်ထိအောင် သူတို့ရဲ့ ကိုယ်ပိုင် အရွယ်အစားကနေ ချဲ့ပေးနိုင်ပါတယ် ။ ဒါပေမယ့်လည်း ဒါဟာ တကယ့် ကြမ်းပိုး တစ်ကောင်ပဲ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ မပြောဖြစ်တဲ့ အမှန်တရားတွေ ရှိနေပါသေးတယ် ။

Fine Cuisine



အကယ်၍ monkfish တစ်ကောင်ဟာ အလွန်တရာကြီးမားတဲ့ သွားတွေနဲ့ ပြည့်နေတဲ့ ပါးစပ် ၊ သီးခြားဖြစ်နေတဲ့ ခန္ဓာကိုယ် ပြားပြား ၊ လျော့ရဲပြီး ပါးလွှာတဲ့ရေပြားနဲ့ဆို ဘယ်လိုပုံစံများ ဖြစ်နေမှာပါလိမ့် ။ ဥရောပ ဂျပန် နဲ့ ယူနိုက်တက် ပြည်နယ်တွေမှာ လူသန်းပေါင်းများစွာဟာ ဒီလို ကြီးမား ၊ ရုပ်ဆိုး ၊ ငါးပြားပြားကြီးတွေကို မွေးမြူလေ့ ရှိကြပါတယ် ။ ဒါပေမယ့် သင် မအိပ်ခင်မှာတော့ ငါးမျက်နှာကို မကြည့်မိပါစေနဲ့ ။

အမေသာလျှင် ချစ်နိုင်မယ့် မျက်နှာတစ်ခု



Warthog ဆိုတဲ့ အကောင်တွေဟာ အလွန်တရာပဲ ရုပ်ဆိုးလှပါတယ်။ ဒီကောင်တွေက ၀က်အနွယ်ဝင်တွေ ဖြစ်ပြီး စည်ပိုင်းပုံ ခန္ဓာကိုယ် ကြီးမား ကျယ်ပြန့်တဲ့ ဦးခေါင်းမှာ ထိုးထွက်နေတဲ့ ကြွက်နို့ကြီး ခြောက်ခု နဲ့ ကြီးမားပြီး ကွေးနေတဲ့ ခွေးစွယ်လို အစွယ်မျိုးတွေလည်း ပါရှိပါတယ် ။ သူတို့ရဲ့ အရပ်က ၂၅ မှ ၃၃ လက်မလောက်ပဲ ရှိပြီး ပေါင် ၁၁၀ မှ ၃၃၀ လောက်ထိကို အသာလေး ခံနိုင်ပါတယ်။

သေခြင်းမှ လွတ်မြောက်လာသော


Almiqui တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပင် မျိုးသုန်းပျောက်ကွယ်ခဲ့တာ ၂၀၀၃ ခုနှစ်တိုင်အောင်ပါပဲ ။ စူးစမ်းရှာဖွေသူတွေက ကျွန်းစွယ် အရှေ့ပိုင်းတွေမှာ ဒီကောင်တွေကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ ခရီးစဉ်ကို ဘ၀သစ်ဆီပြန်လာခြင်းလို့ အမည်ပေးထားပါတယ် ။ ဘာကြောင့်လဲဆို ကမ္ဘာ့ရုပ်အဆိုးဆုံးစားရင်း ၀င်အဖြစ် မှတ်တိုင်ထူခွင့်ရတော့မှာ ဖြစ်ပါတယ် ။

ကြည့်တာနဲ့ သေစေနိုင်တယ်



ဒီပြိုင်ပွဲကြီးမှာ Matamata လိပ်တစ်ကောင်ရဲ့ မျက်နှာပြင်ကလည်း ဦးဆောင်နေပါတယ် ။ Matamata ဆိုတာကတော့ စပိန်ကနေ ဘာသာပြန်ရမယ်ဆိုရင် I Kill, I Kill လို့ ဆိုလိုပါတယ် ။ သင်တကယ်ပဲ ကျွန်တော်တို့ မျက်လုံးတွေကို သတ်ပစ်မှာလား ။ ထူးဆန်းထွေလာ သတ္တ၀ါတွေကြားမှာ သူရဲ့ကျော်ကြားမှုကတော့ ဦးခေါင်းနဲ့ လည်ပင်းဟာ အလွန်ကြီးပြီး ပြားနေခြင်း ၊ များပြားသော အဖုအထစ်များက ဖုံးအုပ်နေခြင်း ။ ဥပမာ ကြွက်နို့ ၊ အမာရွတ်များ ။ သူကလည်း အလွန်ကျယ်ဝန်းတဲ့ ပါးစပ်ရှိပါတယ် ။ သေးငယ်တဲ့ မျက်လုံး ကတော့ ရှည်လျားတဲ့ နှာယောင် နီးမှာ တည်ရှိပါတယ် ။ ၀မ်းနည်းစရာကတော့ Matamata လိပ်မှာ ခြေလက်တွေကတော့ ဖွံ့ဖြိုးမှုအားနည်းပါတယ် ။ ဒါကြောင့် မျက်နှာနဲ့ ခန္ဓာကိုယ် ပါးပါးကိုပဲ မြင်ရလေ့ရှိပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. နှင်းဆီFebruary 5, 2010 at 4:59 PM

    ကိုသက်တန့်ရေ..ကျွန်မက ကိုသက်တန့်ရဲ့ အမာခံပရိတ်သတ် တစ်ယောက်ပါ ။ နေ့တိုင်းလည်း ဒီဘလော့လေးကိုလာနေကြပါ ။ ပို့စ်အသစ်လေးကိုလည်း ဖတ်သွားပါတယ် ။ နေ့စဉ် ဗဟုသုတလေးတွေတင်ပေးနေတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ် ။ အကောင်းဆုံးဘာသာပြန်ရသဘလော့ဆုကို လည်းကိုသက်တန့်နဲ့ထိုက်တန်တယ်ထင်တဲ့အတွက် မဲပေးသွားပါတယ် ။ ကျန်းမာပျော်ရွှင်ပါစေနော်.. ။

    ခင်မင်စွာဖြင့်

    နှင်းဆီ

    ReplyDelete
  2. ဟေးးးးးးးးးးးး နာ့ထက် ရုပ်ဆိုးတယ်ကွ။

    ReplyDelete
  3. တော်သေးတယ်...ကိုယ့်ပုံများ ပါနေပြီလားလို့ ပြေးလာတယ်....:))

    ReplyDelete
  4. ခြင်က ထိပ်ဆုံး ဖြစ်ရမှာလေ.. :P

    ReplyDelete
  5. ထူးထူးဆန်းဆန်းလေးတွေလာကြည့်သွားတယ်
    ဆင်ဆင်ပြေပျော်ရွှင်ပါစေ !

    ReplyDelete