Tuesday, February 9, 2010

လွန်စွာကြီးမားသော ရှေးခေတ်ဟောင်း သတ္တ၀ါကြီးများ (အပိုင်း ၃)

လွန်စွာကြီးမားသော ရှေးခေတ်ဟောင်း သတ္တ၀ါကြီးများ (အပိုင်း ၃)

Madagascar မှာရှာဖွေတွေ့ရှိခဲ့တဲ့ ကြီးမားသော ငရဲပြည်မှ ဖားပြုပ်ကြီး၏ ကျောက်ဖြစ်ရုပ်ကြွင်း






Madagascar မှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်တွေက အသက်ရှိနေတဲ့ ဖားမျိုးစိတ်တွေထဲမှာ အကြီးမားဆုံး ဖြစ်တဲ့ ဖားပြုပ်ကြီးတစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ် လို့ Geographic News မှာ ဖော်ပြခဲ့ပါတယ် ။ မိစ္ဆာဖားပြုပ် သို့မဟုတ် Beelzebufo ဟာ အရွယ်အစားအားဖြင့် သဲသောင်ပြင်တွေမှာ ကစားလေ့ရှိတဲ့ ဘောလုံးအရွယ်လောက် ရှိပါတယ် ။ အမြင့်က ၁၆ လက်မ (၄၁ စင်တီမီတာ) ရှိပြီး အလေးချိန်က ၁၀ ပေါင် (၄.၅ ကီလိုဂရမ်) ရှိပါတယ် ။

Stony Brook University , New York မှ သတ္တဗေဒ ပညာရှင် David Krause နဲ့ သူ့အပေါင်းအဖော်တွေက ဆယ်စုနှစ်တစ်ခုအတွင် ၇၀ မီလီယံနှစ်လောက်က ဖားပြုပ်ကြီးရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖားပြုပ်ကြီးရဲ့ အစိတ်အပိုင်း ၇၅ ခုကို တဖြည်းဖြည်းချင်း စုဆောင်းခဲ့ပါတယ် ။ ယခုအချိန်မှာတော့ ရုပ်လုံးပေါ်လာပါပြီလို့ London University College မှ ဖားကျောက်ဖြစ်ရုပ်ကြွင်း ကျွမ်းကျင်ပညာရှင် Susan Evans ကပြောဆိုခဲ့ပါတယ် ။

အီဗန်ဟာ ရှာဖွေတွေ့ရှိမှုအားလုံးကို မှတ်တမ်းတင်ရေးသားခဲ့ပါတယ် ။ သူ့စာတမ်းထဲမှာ တောင်အမေရိက မှာ ပါးစပ်အကြီးကြီးတွေနဲ့ ဖားပြုပ်တွေဟာ အုပ်စုဖွဲ့နေလေ့ရှိပါတယ် ။ သူတို့ကို Ceratophyrines လို့ခေါ်ပါတယ် ။ ဒီမိစ္ဆာ ဖားပြုပ်ကြီးတွေဟာပူပြင်းမှုကို အလွန်ပဲ ဒေါသထွက်လေ့ရှိပါတယ် ။ ဒီကောင်တွေဟာ တကယ်ပဲ ဒေါသကြီးပြီး သားကောင်တွေကို ချောင်းမြောင်းတိုက်ခိုက်လေ့ ရှိတယ်လို့ဆိုပါတယ် ။ ဒီကောင်ကြီးတွေဟာ ကြီးမားတဲ့ ပါးစပ်ကြီးတွေနဲ့ ရှေ့မှာ ဖြတ်သွားသမျှသတ္တ၀ါတွေကို ဖမ်းယူစားသောက်လေ့ ရှိပါတယ် ။ သူတို့ကို တခါတလေမှာ Pac-Man Frogs တွေလို့လည်း ခေါ်ပါတယ် ။ ထူးခြားချက်ကတော့ ဒီကောင်တွေအားလုံးဟာ အကောင်ကြီးလေလေ ဥာဏ်ရည်ဥာဏ်သွေး ကောင်းလေလေပါပဲ ။

သူတို့မှာ ကာကွယ်ထားတဲ့ အရေပြားပါရှိပြီး သန်မာတဲ့ မေးရိုးတွေလည်း ရှိကြပါတယ် ။ အဲဒီမေးရိုးတွေနဲ့ ဒိုင်နို ဆော သားပေါက်တွေကိုတောင်မှ သတ်ပစ်နိုင်တယ်လို့ National Geographic News မှာဖော်ပြထား ပါတယ် ။

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ဧရာမကြီးပါလား သက်တန့်ရေ.. ဒီလို သတ္တ၀ါတွေ ဒါဆို တကယ်ရှိခဲ့တာပေါ့။ ထူးဆန်းလိုက်တာ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ဧရာမကြီးပါလား သက်တန့်ရေ.. ဒီလို သတ္တ၀ါတွေ ဒါဆို တကယ်ရှိခဲ့တာပေါ့။ ထူးဆန်းလိုက်တာ။

    ခင်မင်လေးစားလျှက်

    ReplyDelete