Thursday, October 8, 2009
ပန်းပျိုးသူတို့ရဲ့ အလင်္ကာ....
ပန်းပျိုးသူတို့ရဲ့ အလင်္ကာ....
" ပန်းပျိုးသူတို့ရဲ့ အလင်္ကာ " ဆိုတဲ့ ကဗျာစာအုပ်လေးထွက်ရှိလို့လာပါပြီ ။ စိတ်ရှည်ရှည်နဲ့ စောင့်မျှော် ပေးကြသော သူငယ်ချင်းများကို အထူးပဲကျေးဇူးတင်ရှိပါတယ် ။ ကဗျာစာအုပ်လေးကို မည်သူမဆို ကူးယူခံစားနိုင်ပါတယ် ။ ဒါပေမယ့် တစ်စုံတစ်ဦးကနေ အခကြေးငွေဖြင့်ရောင်းချ ခြင်းအားခွင့်မပြုပါ ။ စာအုပ်လေးကို ကောင်းစေခြင်သောစိတ်ဖြင့် အသေးစိတ်ပြုလုပ်ပေးနေသောကြောင့် အချိန်ကြာမြင့်သွားခြင်း ဖြစ်ပါတယ် ။ ပါဝင်ကူညီပေးကြသော နာမည်ကြီးကဗျာဆရာများနှင့် ဘလော့ဂါ သူငယ်ချင်းများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ် ။
Mediafire ကနေဒေါင်းချင်သူတွေအတွက်ကတော့ ဒီနေရာမှာ ဒေါင်းနိုင်ပါတယ် ။
ifile.it ကနေဒေါင်းချင်သူတွေ အတွက်ကတော့ ဒီနေရာမှာဒေါင်းနိုင်ပါတယ် ။
ပန်းခင်းလေးထဲမှာ စုပေါင်းစိုက်ပျိုးထားခဲ့တဲ့ အလင်္ကာလေးတွေကို ခံစားသိမ်းဆည်းထားနိုင်ပါစေ.......။
သက်တန့်ချို....
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
26 comments:
  1. ဒေါင်းလော. တော.မချရသေးဘူး ပထမဦးဆုံးလေး
    ကျေးဇူးတင်စကားလေးပြောချင်လို.ပါ ဗျာ ... အခုလို
    အချိန်ပေး စနစ်တကျ လေး လူပင်ပန်း စိတ်ပင်ပန်း
    ခံပြီး စေတနာများစွာနဲ. လုပ်ပေးတဲ့ အထူးကို ကျေးဇူး
    တင်ပါတယ်ဗျာ ... ရှေ.ဆက်ပြီး အောင်မြင်မှုများစွာ
    ပိုင်ဆိုင် နိုင်ပါစေဗျာ ... အားပေးလျက်
    ReplyDelete
  2. အရမ်းကိုကျေးဇူးတင်ပါတယ်
    ဘဝမှာအမှတ်တရဖြစ်သွားတာပေါ့ ။
    ဆက်လက်ပြီးကဗျာလေးတွေ ရေးသားနိုင်ပါစေ။
    တစ်ခါတည်း
    သူငယ်ချင်းအားလုံးကို နှုတ်ဆက်ခဲ့ပါရစေ။
    သက်အောင်ဆိုတဲ့ လူတစ်ယောက် ကမ္ဘာလောကကြီးပေါ်မှာ မရှိတော့ဘူးပဲမှတ်ပေးပါ။
    နှုတ်ဆက်ခဲ့ပါတယ် ။
    သက်အောင်
    ReplyDelete
  3. ဒီစာအုပ်လေးထဲ မှာ ကျနော့်ရဲ့ ကလောင်နာမည်က ပိုးဟပ် ပါ ။
    ReplyDelete
  4. သိမ်းထားလိုက်ပြီ...
    လင့်ခ်လဲ ချိတ်ထားလိုက်တယ်...
    ကျေးဇူး သက်တန့်ချို...
းဝ)
    ReplyDelete
  5. မအားလို့ ဘယ်မှ မလည်နိုင်သေးဘူး...
    ကဗျာတွေလည်း နောက်မှ ဖတ်တော့မယ်...
    လစ်ပီ...
    ကိုလူထွေး
    ReplyDelete
  6. “ပန်းပျိုးသူတို့ရဲ့ အလင်္ကာ”...မှာ ပါဝင်ခွင့်ရလို့...အတိုင်းထက်အလွန် ပီတိဖြစ်ရပါတယ်...။
    ဥယျာဉ်မှူး“သက်တန့်”ကို အထူးပဲကျေးဇူးတင်ပါတယ်...။
    ReplyDelete
  7. မောင်လေးရေ ကျေးဇူးပါပဲ။ အချိန်တွေ အကုန်ခံ လူပင်ပန်း စိတ်ပင်ပန်းပြီး လုပ်ပေးထားတဲ့ မောင်လေးရဲ့ စေတနာကို ပိုလေးစား ကျေးဇူးပိုတင်ပါတယ်။ နောင်ဒိထက် ပိုပြီး အောင်မြင်အောင် ဆက်လျှောက်နိုင်ပါစေ။ ကျန်းမာပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ
    ReplyDelete
  8. အခုလို ကြိုးစားပမ်းစားနဲ့ စိတ်ပင်ပန်း၊လူပင်ပန်းခံပြီး ကဗျာစာအုပ်လေးတစ်အုပ်ဖြစ်သွားအောင် ဖန်တီးပေးနိုင်တဲ့ ကိုသက်တန့်ကို အထူးပင်ကျေးဇူးတင်ပါတယ်။ ဖိုင်အနေနဲ့လည်း အမှတ်တရ အဖြစ် သိမ်းထားလိုက်ပါပြီ။ သူငယ်ချင်းတွေရဲ့ ကဗျာခံစားချက်တွေကို တခါတည်း တနေရာတည်းမှာ ဖတ်လိုက်ရတဲ့အတွက် အရမ်း ၀မ်းသာမိပါတယ်။
    အစဉ်အမြဲ ကျေးဇူးတင်လျက်
    ReplyDelete
  9. အပင်လဲသန်
    အပွင့်လဲလန်း
    မွှေးပျံ့စမ်းလို့
    လောကတစ်ခွင်
    လှစေချင်သူ
    အပွင့်လဲစုံ
    ရနံ့ထုံမွှေး
    သင်းပျံ့အေးဖို့
    စေတနာမှန်
    အပင်ပန်းခံတဲ့
    ဥယျာဉ်မှုးကို
    အထူးကျေးဇူးတင်ပါသည်...........
    ReplyDelete
  10. ကိုသက်တန့် ချို ရဲ့  စေတနာ ကို လေးစားပါတယ် ။
    ဒေါင်း ထားလိုက်ပြီ ..အချိန်ယူပြီး ဖတ်ရမယ် ....
    အောင်မြင်ပါစေ...
    ReplyDelete
  11. File ဖွင့်ပြီးသိမ်းထားလိုက်ပြီဗျို့
    အရမ်းကြည်နူးစရာကောင်းပြီး
    မမက်ဖူးတဲ့အိပ်မက်ကိုမက်ခွင့်
    ရတဲ့အတွက် ကျေးဇူးတင်ပါ၏
    ကျေးဇူးမိုးလောက်ကြီးတင်ပါ၏(လေးသွားလား)
    ReplyDelete
  12. မောင်လေးရေ...
    တကယ် အောင်မြင် ဖြစ်မြောက်အောင် အဘက်ဘက်က အပင်ပန်းခံ စေတနာထားပြီး စိတ်ကူးကောင်းလေးတစ်ခု စိုက်ပျိုးခဲ့တဲ့ ဥယျာဉ်မှူးကို ကျေးဇူးအရမ်းတင်တယ် ... စေတနာ အကျိုးရရှိ ခံစားနိုင်ပါစေ ...
    ReplyDelete
  13. ဘာမှမဟုတ် မရေးတတ်ရေးတတ်နဲ့ ရေးထားတဲ့ ကျွန်တော့်လို ကောင်ရဲ့ ကဗျာမဟုတ် ဘာမဟုတ်လေးကိုပါ ထည့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ကိုသက်တန့်ချို
    ReplyDelete
  14. အပေါ်က ရေးခဲ့တာ လင်းငယ်ပါ.. ဟဲဟဲ.. နာမည်ထည့်ဖို့ မေ့သွားလို့ဗျ
    ReplyDelete
  15. သက်တန့်ရေ...
    ပန်းပျိုးသူတစ်ယောက်အနေနဲ့ ပါဝင်ခွင့် ရတဲ့အတွက်
    လှပ ခန်းညားစွာနဲ့ ကဗျာစာအုပ်ကောင်းလေးတစ်အုပ်ကို
    ကြိုးစားဖန်တီးခဲ့မှုအတွက်
    အရမ်းကျေးဇူးတင်ပါတယ်
    ခင်မင်လေးစာလျှက်ပါ
    နှင်းဟေမာ
    ReplyDelete
  16. ဟေး..အောင်မြင်စွာပြီးဆုံးသွားပြီပေါ့လေ
    လာဖတ်မယ်နော်
    စောင့်နေတာ
    :)
    ReplyDelete
  17. အားကျနှစ်သက်စွာနဲ့ ကဗျာလေးတွေ ဖတ်နေပါတယ်
    ကိုသက်တန့်ချို။
    ReplyDelete
  18. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
    ကျွန်တော့်ရင်ဘတ်ထဲကကဗျာ
    လေးတွေပါဝင်ခွင့်ရလိုက်လို့
    ကျေးဇူးတင်ပါတယ်.......
း)
    ReplyDelete
  19. ထပ်ပြောမလို့ဗျို့ မေ့သွားတယ်
    ဘလက်ကော်ဘရာ ကိုယ်စားကျေးဇူးစကားပြောဖို့မေ့သွားတယ်ဗျာ
    ကော်ဘရာကဗျာလေးတွေပါဝင်ခွင့်ရလို့ကျေးဇူး
    တင်ပါတယ် အသက်၁၈ နှစ်အရွယ်ကောင်မလေး
    ရဲ့ လက်ရာလေးတွေပါ
း)
    ReplyDelete
  20. သက်ရေ နှလုံးသားထက်က အလွမ်းခြေရာ ဆိုတဲ့ ကဗျာလေးလေ ဘကြိုင်ရေးထားတဲ့ဟာလေး ရဲ့အောက်က ကဗျာတွေ ငါ ဖတ်လို့ရဘူးဟ ဒီလိုတွေ ပေါ်နေတယ်
    aus;Zl;ygcspfcJYol
    waeYrSmrif;eJYqkHr,fqkdwJY
    &nf&G,fcsufeJYigaecJYwmyg/
    waeYrSmrif;Nyefvmr,fqkdwJY
    arQmfvifYcsufeJY igaecJYwmyg/
    waeYrSm rif;twGuf b,fvkday;qyfr,fqkdwJY
    tawG;awGeJYigaecJYwmyg//
    igY&
    အဲဒါ ဘယ်လိုဖြစ်တာလဲ တချက်ပြန်ကြည့်ဦး သက်ရေ
    သစ်ရွက်ခြောက်ကလေးရဲ့အားပေးသံဖတ်လို့ရတယ် အဲဒီနောက်ပိုင်းဖတ်လို့ရတယ် ကဗျာရေးသူ စိတ်မကောင်းဖြစ်မှာစိုးလို့ပါ သက်ရေ တချက်လောက် ပြန်ပြီး လုပ်လိုက်ပါဦးနော် ဒါမှမဟုတ် ငါ့ဆီက ဖြစ်တာလား နင် လဲ တချက်လောက်ပြန်ဖွင့်ကြည့်လိုက်နော်
    ဘိုင် တာ့တာ အဲဒါလေး သတင်းပေးတာ ငါ ဒေါင်းချပြီး ဖတ်နေကြောင်းလေးလဲ ပြောတာ သက်ရေ အပင်ပန်းခံရကျိုးနပ်ပါတယ် စာအုပ်လေးထွက်လာတာ ဂုဏ်ယူပါတယ် သက်ရေ
    ReplyDelete
  21. ဟီး ထင်တော့ထင်နေတယ်...အဲဒါက ငါက ဇော်ဂျီနဲ့ပေးပါ
    လို့ပြောတာကို သူက win amara pura နဲ့ပေးတယ်ဟ လယ်
    လိုမှ ပြန်ချိန်းမရဘူး..ငါ့ဆီမှာတော့ pdf လုပ်ပြီးသားကိုဖတ်လို့ရတယ်..ငါထင်တာတော့ နင့်ဆီမှာ
    ReplyDelete
  22. ပြီးတာဗြဲ ပြီးတာဗြဲ ဂလိုဆိုလဲ ငါ က ပြောပြတာ ပြီးရော ဒါဆိုလဲ ကိစ္စတော့ မရှိပါဘူး အဲဒါလေးတွေကို မြန်မာလိုပြန်ရိုက်ပြီးဖတ်ရတော့ ဖတ်ရတယ် သက်ရ ကဲ ကဲ ငါ အဲဒါ အခြေအနေလေး လာကြည့်တာ ငါ ဒိုးတော့မယ် တာ့တာ ဘတ်လဘိုင် ဘတ်လဘိုင်
    ReplyDelete
  23. သယ်ရင်းရေ....
    ဒေါင်းထားလိုက်ပြီ။
    သိမ်းထားလိုက်ပြီ ကဗျာစာအုပ်လေးပြောပါတယ်။
    အရမ်းကောင်းတာပဲ။
    Congratulation နော်။
    နင့်အတွက် ဂုဏ်ယူပါတယ်ဟာ။
    ကဗျာတွေအားလုံး ကောင်းတယ်။ အဟုတ်။
    ဆက်လုပ်သယ်ရင်းရေ.. အားပေးနေတယ်။
    ReplyDelete
  24. အကိုရေဒေါင်းလိုပြီ ကျေးဇူးတင်ပတယ်ဗျာ........။
    ReplyDelete
  25. ကျေးဇူးပါအကိုရေ ညီလဲ ဖက်လိုက်ဦးမယ်...။
    ReplyDelete