Friday, October 16, 2009

အော်...အင်တာနက်ဒုက္ခ...ဒုက္ခ

အော်...အင်တာနက်ဒုက္ခ...ဒုက္ခ

အရင်တုန်းကတော့ ဆော်ဒီပရောက်ဆီလေးနဲ့ ၂ လလောက်ကို အဆင်ကိုပြေလို့... ။ အခုတော့ အဲဒီပရောက်ဆီကNot working ဆိုတော့ လူလည်းဘာလုပ်လို့လုပ်ရမှန်းကိုမသိတော့ဘူး.. ။ အခုတော့ နည်းလေးတစ်ခုနဲ့ အဆင်ပြေသွားတယ် ။ အင်တာနက် ဂုရုကြီး ကိုမေးလိုက်တာ လွယ်လွယ်လေးပါလား.... ။ ကဲဘလော့တွေကို ကြည့်ယုံပဲကြည့်မယ် လည်ယုံပဲဆိုရင်တော့ အတော်လွယ်တဲ့နည်းတွေရှိပါတယ် ။ အကြိုက်ဆုံးဆိုက်လေးကတောဒီနေရာမှာပါ ။ ပို့စ်ပါတင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး Ultrasurf 9.5 လို့ခေါ်တဲ့ ဒီအရာလေး ကိုဒေါင်းလိုက်ပါ။ အင်တာနက်ကွန်နက်ရှင်ရှိရမယ်နော်... ။

ပြီးရင် Install လုပ်ပါ ။ အဲဒီမှာ သူက toolbars တွေပါအင်စတောလုပ်မှာလားမေးပါ လိမ့်မယ် ။ ဒါကတော့ ကိုယ့်သဘောပေါ့နော်... ။ပြီးရင် အင်စတောလုပ်ပြီးရင် အဲဒီဆော့ဝဲလေးက Contacting to sever ဆိုပြီးလိုင်း ၃ လိုင်းနဲ့ပေါ်လာပါလိမ့်မယ် ။ Internet exploror လည်း ultrasurf home page နဲ့ပေါ်လာပါလိမ့်မယ် ။ ပြန်ပိတ်လိုက်ပါ ။ ခုနက လိုင်း ၃ လိုင်း
နဲ့ Ultrasurf လေးက ကွန်နက်လုပ်တာပြီးရင် status နေရာမှာ Successfully connected to server ဆိုပြီးပေါ်လာပါလိမ့်မယ် ။ အဲဒါလေးကို minimize လုပ်ထားလိုက်ပါ ။ ပြီးရင် Mozilla firefox ထဲက tools ထဲက Option - advanced - network - setting - manaul proxy မှာ 127.0.0.1 port 9666 ကိုပြောင်းလိုက်ပါ ။ ပြီးရင်တော့ အားလုံးကိုကျော်လို့ရပါပြီ ။ အခုကစပြီးပို့စ်တွေ တဂ်တွေကို ပုံမှန်ပြန်တင်ပေးသွားမှာပါ ။

စာရေးသူ.....သက်တန့်ချို.....(၂း၃၀ နေ့လည် ၁၆.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ကြားရတာ ၀မ်းသာပါတယ် သယ်ရင်းကြီးရေ........
    အသစ်မြန်မြန်တင်ပါ။
    အိမ်လဲ လာပါ။
    သတိရနေသည်။
    ကောက်ကွေးချင်နေပြီနော်။
    အွန်လိုင်း ဒွတ်ခ ဆိုလို့  ကံကောင်းတယ် မှတ်။ အဟိ
    အဆင်ပြေပါစေဟာ.....

    ReplyDelete
  2. ကြားရတာ ၀မ်းသာပါတယ်
    ကျေးဇူးပါပဲ

    ReplyDelete
  3. ကျော်ကျော်အောင်October 16, 2009 at 3:46 PM

    သြော်ဒါကြောင့်ကို

    ReplyDelete
  4. မြန်မာပြည်ပြန်ရောက်ရင်သုံးဖို့ဒီနည်းလေးတွေလေ့လာ ထားရမယ်ဗျိုး

    ReplyDelete
  5. ဟုတ်ရယ် ကိုသက်တန့်ရေ.....Ultrasurf ကယ်နေလို့ပေါ့.....

    ReplyDelete