Monday, October 5, 2009

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၃ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၃ )

ကမ္ဘာပေါ်မှာ ရှိတဲ့ပညာရှင်တိုင်းက သဘာဝ သယံဇာတတွေမပျက်စီးသေးတဲ့ သဘာဝအလှအပတွေနဲ့ ပြည့်စုံတဲ့ ရှားပါးတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်ဆိုတာလက်ခံထားကြပါတယ် ။ ရွှေမြန်မာနိုင်ငံမှာ နိုင်ငံခြားသားခရီးသည်တွေ သိရှိတဲ့ ထင်ရှားတဲ့နေရာတွေ အများကြီး ရှိသလို မထင်ရှားတဲ့ အလှအပတရားတွေ ပြည့်စုံရာ နေရာတွေလည်း အများကြီးရှိပါတယ် ။



ပထမဦးဆုံး လူတွေသိပ်မသိသေးတဲ့ နေရာလေးတစ်ခု... ။ အဲဒါက ရန်ကုန်မြို့တော်ကြီးနဲ့ သိပ်မဝေးတဲ့ ပဲခူးမြို့မှာ တည်ရှိပါတယ် ။ ကျနော်လည်း စတွေ့ကာစက အတော်ကိုအံ့သြသွားပါတယ် ။ ပဲခူးမြို့မှာ ထင်ရှားတဲ့ မြွေမယ်တော်ဆီကနေ သိပ်မဝေးပါဘူး ။ နာမည်က ဆံတော်ရှင် ဆုတောင်းပြည့် စူဌာမုနိ စေတီတော်ဖြစ်ပါတယ် ။ တောင်ကုန်းပေါ်မှာ တည်ထားတဲ့ စေတီတော်ဖြစ်ပြီး ရင်ပြင်တော်ပေါ် လေတဖြူးဖြူးတဲ့ အောက်ခြေမှာ စိမ်းလဲ့လဲ့ ရေကန်ကြီးတစ်ခုတည်ရှိပါတယ် ။ အပေါ်ကနေကြည့်မယ်ဆိုရင် ဟို
နေရာ သည်နေရာမှာ စေတီတော်လေးတွေကိုလည်း ဖူးမြော်နိုင်ပါသေးတယ် ။




ဒါကတော့ လူကြီးတွေက စကားပုံဖွက်လေ့ရှိတဲ့အခါ လူကြီးမဟုတ်တဲ့မြို့ဘာမြို့လည်းလို့ မေးလေ့ရှိကြပါတယ် ။ ကလေးမြို့ဖြစ်ပြီး အလွန်ကို သာယာလှပတဲ့ မြို့လေးတစ်ခုဖြစ်ပါတယ် ။ တမျှော်တခေါ် လယ်ကွင်းတွေနဲ့ သဘာဝပန်းချီကားတစ်ချပ်ကို ခံစားနိုင်တဲ့နေရာလေးတစ်ခု ဖြစ်ပါတယ် ။ ကလေးမြို့ပတ်ဝန်းကျင်က အလှအပတွေ က သင့်ကို မမက်ဖူးသေးတဲ့ ငြိမ်းချမ်းဖွယ် လေတဖြူးဖြူးနဲ့ ကွင်းပြင်လေးတွေဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ် ။



ကလေးမြို့မှ မြစ်သာတံတားဖြစ်ပါတယ် ။



ဒါကတော ဖလမ်းနဲ့ ဟားခါးကြားက ချင်းရွာလေးတစ်ရွာ ဖြစ်ပါတယ် ။ တောင်စောင်းလေးတွေ ပေါ်မှာ အိမ်ဆင်တူလေးတွေ ဆောက်ထားပုံက သဘာဝဆန်လှပါတယ် ။ သင့်ကိုတကြိမ်တခါမှ မမြင်ဖူးသေးစေတဲ့ အမြင်တခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။



ချင်း အစားအစာ တစ်မျိုးဖြစ်တဲ့ ဆာဗူးသီး ဖြစ်ပါတယ် ။ ပြောင်းဖူးနဲ့ အသားကို ရောပြီး စားချင်စဖွယ် ချက်ပြုတ်ထားတဲ့ ချင်းရိုးရာ အစားအစာတစ်ခုဖြစ်ပါတယ် ။




ဗားရ်တံတားနှင့် မဏိပူရမြစ်ရဲ့ အလှအပဖြစ်ပါတယ် ။



ဒါကတော့ ကလေးနဲ့ ဟားခါးကြားက ကားခနရပ်နားရာနေရာလေးဖြစ်တဲ့ ဗားလုံရွာကလေးပါ ။ တစ်ချိန်လုံးကားပေါ်မှာ သင်ညောင်းညာသမျှကို စက္ကန့်ပိုင်းအတွင်းပြေသွားစေမဲ့ သဘာဝအပန်းဖြေစရာ နေရာလေးတစ်ခုပါ ။





လွင်ပြင်တောင်ကုန်းပေါ်က ဟားခါးမြို့နှင့် ဟားခါးလမ်းရဲ့ အာရုံဦးနေထွက်ချိန်လေး ဖြစ်ပါတယ် ။







မေမြို့လမ်းပေါ်မှာ တည်ရှိတဲ့ ခိုနန်းရှင်ဂူဘုရားဖြစ်ပါတယ် ။ သဘာဝကျောက်ပန်းကျောက်ခက်တွေနဲ့ ဂမ္ဘီရဆန်ဆန် လှပတဲ့နေရာလေး တစ်ခုပါတယ် ။ ထုံးကျောက်နံရံတွေကျောက်ဆွဲပန်းခက်တွေက သင့်ကို ဒဏ္ဍာရီဆန်ဆန် အိပ်မက်တစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။



ဒါကတော့ နာမည်ကြီးလှတဲ့ အကြီးဆုံးကျောက်စာတွေရှိတရာ ကုသိုလ်တော်ဘုရားဖြစ်ပါတယ် ။



ကုသိုလ်တော်တောင်ခြေမှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။




စစ်ကိုင်းတံတားရဲ့ နေ၀င်ချိန်နဲ့ ညအလှကို ခံစားနိုင်ပါတယ် ။ တခြားနိုင်ငံမှ တံတားကြီးတွေရဲ့ ညအလှကိုမမှီနိုင်ရင်တောင် မှ မလျော့နိုင်ပါဘူး ။ သင်ခံစားတတ်မယ်ဆိုရင်အမိမြန်မာနိုင်ငံရဲ့ အလှတရားကို ခံစားမိနိုင်မှာပါ ။



စစ်ကိုင်းတောင်ရဲ့ ညအလှ.... ။




ဒါကတော့ စစ်ကိုင်းတံတားအနီးက ရွှေကြက်ကျ ဘုရားဖြစ်ပါတယ် ။



ရွှေကြက်ကျဘုရား အနီး လှေဆိပ်မှ ညအလှမြင်ကွင်းဖြစ်ပါတယ် ။



မန္တလေး ကန်တော်ကြီးရဲ့ နေ၀င်ချိန်ဆည်းဆာအလှ ။



မန္တလေး နှစ် ၁၅၀ ပြည့်တုန်းက ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။



မန္တလေးကျုံးရေပြင် သင်တခါပြန်လွမ်းစေဖို့ ..... ။



ဦးပိန်တံတားရဲ့ နေ၀င်ချိန်ဆည်းဆာအလှ.....

မြန်မာဆိုတာ အလှအပတရားတွေစုဆည်းရာ ကမ္ဘာ့နတ်မိမယ် လေးတစ်ပါးဆိုတာ သင်လက်ခံနိုင် မယ်ဆိုရင်.......။

စာရေးသူ.....သက်တန့်ချို......(၁၀း၀၀ ည ၄.၁၀.၀၉)

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )
ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၂ )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

14 comments:

  1. သက်တန့်ချိုရေ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။ အပိုင်း ၁ နဲ့ ၂ ကိုပါ အခုမှ ကြည့်သွားပါတယ်။ မြန်မာပြည်မှာ မွေးရပ်မြေ တောမြို့လေးကလွဲပြီး ဘယ်မှ မရောက်ဖူးလို့ အခုလို ဓါတ်ပုံတွေ ရုပ်ရှင်ဗွီယိုတွေကိုပဲ ကြည့်ရတယ်။ ကျေးဇူးတင်ပါတယ်။ ဒါတို့တိုင်းပြည်ဆိုတာ အဲဒီလို ပုံတွေကို တခါခါ မြင်ရမှ ဂုဏ်ယူစရာ ရှာတွေ့တာ အမှန်ပဲ။

    ReplyDelete
  2. ရှူ့ခင်းပုံလေးတွေကိုကြည့်သွားပါတယ် ကြည့်ရင်းနဲ့ ကိုယ့်မွေးဌာနီကိုပိုလွမ်းမိတယ် အထူးသဖြင့် စစ်ကိုင်း ပတ်ဝန်းကျင်ပေါ့

    ReplyDelete
  3. မြန်မာ့ အလှ မြန်မာ့ရှုခင်းတွေဟာ ဘယ်ထောင့်က ကြည့်ကြည့်၊ ဘယ်အချိန်မှာ ဘယ်လို ကြည့်ကြည့် ကျက်သရေ တွေရှိရှိ နေတော့တာပဲ သိပ်လှတယ်ဗျာ ....
    ကျေးဇူး ကိုသက်တန့် ရေ

    ReplyDelete
  4. ဘယ်မှာမှ မတွေ့နိုင်တဲ့ မြန်မာပြည်အလှက မြန်မာမှာသာလျှင် ရှိတယ်။ ကျေးဇူးပါမောင်လေး။ ဘယ်နေရာကြည့်ကြည့် မရိုးနိုင်တဲ့ ရှုခင်းတွေ။ ရိုးသားမှုတွေ ကိုယ်ထင်ပြသလိုပါပဲ။ ဒီကျက်သရေဆောင်တဲ့ အလှတွေကြောင့် မြန်မာပြည်ရယ်လို့ဖြစ်လာတာလေ။။ တဝကြီး ကြည့်သွားပါတယ်မောင်လေး ကျန်းမာပျော်ရွှင်ပါစေ maylay

    ReplyDelete
  5. ကိုသက်တန့် တင်ပြမျှဝေပေးတဲ့ ဒီ ပုံများစွာကိုကြည့်ရင်း နဲ့ ဒို့တတွေရဲ့  အမိတိုင်းပြည်ကြီးမှာလည်း ဒီလိုအလှအပတွေ ရှိပါသေးလား ဆိုတဲ့ ဂုဏ်ယူစိတ်လေးတွေ ဖြစ်လာမိပါတယ်။
    ကမ္ဘာသိအောင် ဖေါ်ထုတ်လို့ ရတဲ့  အလှအပ တွေပါ ။
    ချင်းပြည်နယ်ဆိုတာ တခါမှ မရောက်ဖူးသေးပါ ။
    တခြား မရောက်ဖူးသေးတဲ့ နေရာတွေလည်း တွေ့ လိုက် မြင်လိုက်ရလို့  ကျေးဇူးပါဘဲ ....

    အားပေးလျှက်..

    ReplyDelete
  6. မြန်မာရဲ့  အံ့မညီးနိုင်တဲ့ အလှအပတရားတွေကို လက်ခံပြီးသားပါ အခုလို ဖော်ထုတ်ပေးတာကို ၀မ်းသာမိပါ၏ ... ကမ္ဘာ့အလှတန်းဝင် နိုင်ငံတနိုင်ငံဖြစ်တာလဲ ဘယ်သူမှ မညင်းနိုင်ပါဘူး..

    ReplyDelete
  7. ခဏခဏရောက်ပေမယ့် တစ်ခါမှမမန့် ဘူးပါဘူး။
    ခုတော့ လှပလွန်းတဲ့ ဓါတ်ပုံလေးတွေကြောင့် မန့် သွားပါတယ်။

    ကျွန်မတို့ တိုင်းပြည်က တကယ်တော့ အရမ်းကိုလှပါတယ်။

    ReplyDelete
  8. မြန်မာပြည်အနှံ့လည်လည်လိုက်ခဲ့တယ်... :)

    ReplyDelete
  9. မြန်မာအလှ သဘာဝကို
    ကမ္ဘာတခွင်နှိုင်းမယှဉ်ဘူး
    ပြိုင်လာသူသာရှုံးလိမ့်အံ့
    မြန်မာဘဝ စိတ်အလှကို
    ဘယ်သူယှဉ်ယှဉ်နိုင်အံ့မထင်

    ReplyDelete
  10. ချစ်စရာရွှေနိုင်ငံလေးပါ
    ဘာကြောင့်ပဲဖြစ်ဖြစ်
    ရွှေနိုင်ငံကိုကျနော်ချစ်တယ်

    ReplyDelete
  11. ကိုယ်ဇာတိမြေကပုံလေးတွေကိုတွေ့ လိုက်ရလို့ 
    ဝင်မန့် သွားပါတယ်။ဘယ်တုန်းကကလေးမြို့ ကို
    ရောက်ခဲ့ တာလဲ?

    ReplyDelete
  12. အရမ်းကိုကြည်နူးဖို့ ကောင်းတဲ့သဘာဝအလှတရားတွေပါပဲ .... မြန်မာပြည်ပြန်လာလည်တဲ့အခါ သွားကိုလည်ဦးမှာ အဲဒီနေရာတွေကို....

    ReplyDelete
  13. ဆရာ ခိုနန်းရှင်ကိုရောက်ခဲ့တယ်ဆိုတော့ .. ဒီးဒုတ်ကောမရောက်ခဲ့ဘူးလား။ ရေပြာအိုင်လေ။ တခြားသူတွေလည်းသိရအောင် တင်ပေးပါဦးနော်။

    ReplyDelete
  14. ကိုသက်တန့် ခိုနန်းရှင်ကိုရောက်တယ်ဆိုတော့ ရေပြာအိုင်ကောရောက်ခဲ့သေးလား။ ပုံတွေရှိရင် တင်ပေးပါဦး

    ReplyDelete