Monday, October 19, 2009
သို့.....http://formmbloggers.blogspot.com
သို့ ....http://formmbloggers.blogspot.com
ဒီပို့စ်လေးကို တင်မယ်စဉ်းစားထားတာ ဘလော့ဝင်မရတာနဲ့တင်တာနောက်ကျသွားပါတယ် ။ ကျနော် ဘလော့ဝင်မရတာ ၂ ရက်မြောက်နေ့မှာပေါ့ ဂျီတော့မှာ အစ်မနမ်းမ၀( အဖြူရောင်နတ်သမီး) တက်လာပါတယ် ။ အဲဒီမှာ ကျနော်ကသူ့ကို ထုံးစံအတိုင်း နေကောင်းလားဘာညာနှုတ်ဆက်တာပေါ့ ။ သူက စာတွေကို ဆက်တိုက်ဆိုသလို ရေးပြီး ပြောလာပါတယ် ။ သူ့အကြောင်းကို ဘလော့တစ်ခုကနေ ပယ်ပယ်နယ်နယ် ဝေဖန်ပုတ်ခတ်ထားတဲ့ အကြောင်းပေါ့ ။ ကျနော်လည်း ပထမတော့ကြောင်သွားတယ် ။ အစ်မက သူ့ဘာသာသူ အေးအေးနေတတ်တဲ့သူတစ်ယောက်ပါ ။ တစ်ခါတစ်ခါ ကဗျာလေးတွေရေးတယ် ။ တခါတခါ ကိုယ်တွေ့အတွေ့အကြုံလေးတွေရေးတယ် ။ သူ့ကို အဲဒီလို တိုက်ခိုက်နစ်နာအောင်လုပ်တဲ့သူရှိတယ် ဆိုတော့ ကျနော်လည်း အံ့သြသွားတာပေါ့ ။ နောက်တော့သူက အဲဒီလင့်လေးမှာ ဖတ်ကြည့်မောင်လေးရေဆိုပြီး ကျနော့ကို ဒီလင့်လေး(http://formmbloggers.blogspot.com)ကို ပေးလာပါတယ် ။ ကျနော်လည်း Vtunnel ဆိုက်နဲ့ကျော်ပြီးဖတ်ကြည့်လိုက်တော့ အားလားလား...ပြောထားတာမှ ရစရာကိုမရှိဘူးဗျာ... ။ စုံနေတာပဲ ဘာတဲ့..နတ်သမီးဆိုလို့သွားကြည့်ပါတယ် ။ အသားမဲမဲ အသက်ကြီးကြီး ၀၀နဲ့မိန်းမကြီးတဲ့ ။ နောက်ကိုဘဆိုတာလည်းပါသေးတယ် ။အဲဒီကိုဘဆိုတာကလည်း ကျနော်တို့ရဲ့ ဘလော့ဂါကြီး ကိုဘ မဟုတ်မှန်း ကျနော်ကအတတ်သိတယ် ။ဘာလို့ဆို ကျနော်တို့ကိုဘ ကြီး ကလူမှန်ကြီးလေ ။ သူက သူများတွေ စာလုံးပေါင်းမှား ရင်တောင် စေတနာနဲ့ အမုန်းခံပြီး လိုက်ပြင်ပေးတဲ့သူ.. ။ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ကိစ္စ ... ။ သူပြောတဲ့ကိုဘက အဲဒီဘလော့ဂါရဲ့ မိန်းမလိုမိန်းမရ သူငယ်ချင်းဖြစ်ပါလိမ့်မယ် ။ဘာလို့ဆို မိန်ကလေးတစ်ယောက်ကို ဓါတ်ပုံလေးတင်ယုံနဲ့ လင်လိုချင်နေလို့ဘာညာပြောထွက်တာဟာ သူ့ မိန်းမစိတ်ဝင်နေခြင်း တစ်နည်းအားဖြင့် မိန်းမဆန်နေခြင်း ( မိန်းမဟော်မုန်းဖြစ်တဲ့ estrogen) များနေလို့ ဖြစ်ပါလိမ့်မယ် ။ ဒါကထားပါတော့ ...သူ့ဘ၀ကံအကျိုးပေးပေါ့ ။
ပထမဆုံးစပြောချင်တာကတော့ အတင်းပြောယုံသက်သက် သူများမကောင်းကြောင်းပြောယုံသက်သက်နဲ့ ဘလော့တစ်ခု ဖန်တီးပြီး တိုက်ခိုက်တဲ့ အဲဒီလူရဲ့ စိတ်ဓါတ်ညံ့ဖျင်းမှုနဲ့ ခံယူချက်ကိုပါ ။ သူက ဘ၀မှာ ဘယ်လိုခံယူထားပါသလည်း ။ဒီဘ၀မှာ အင်တာနက်ဆိုတာပေါ်လာကတည်းက လူတွေအချင်းချင်းရင်းနှီး လာကြတယ် ။ဖေးမလာကြတယ် ။ ကူညီရိုင်းပင်းလာကြတယ် ။မိတ်ဆွေကောင်းသူငယ်ချင်းတွေ တိုးပွားလာကြတယ် ။ အဲဒီကြားထဲကမှ သနားစရာသတ္တ၀ါလေးတွေလည်း တခါတခါပေါ်ပေါ်လာပါတယ်။ သူတို့ကတော့ သူများစီဘောက်တွေမှာ လိုက်ဆဲမယ် ။ မိန်းကလေး တွေရေးတဲ့ဘလော့တွေထဲမှာ မကြားဝံ့မနာသာ အမေနှမ မဖတ်ဝံ့တဲ့ စကားလုံးတွေ ရေးပြီး ကိုယ့်အဆင့်အတန်းကိုဖော်ပြလေ့ရှိကြတယ် ။ စီဘောက်ရဲ့ အဓိက အားနည်းချက်က အဲဒါပါပဲ ။ အပြည့်ဝဆုံးလွတ်လပ်မှုကို ပေးထားတယ် ။ ဒီမှာ တင် အဲဒီသကောင့်သားတွေက အခွင့်အရေးတွေရပြီး အခွင့်သင့်ရင် သင့်သလို ကိုယ့် ဇာတိ ကိုဖော်ပြကြတာပဲ ။ ဘာကြောင့်ဆို စီဘောက်က နာမည်လေး ရေးယုံနဲ့ ရေးချင်တာရေးလို့ရတာကိုး .... ။သူတို့စိတ်ထဲမှာတော့ ထင်နေမှာပေါ့ ... ငါတို့ရေးတာ ဘယ်သူမှ မသိပါဘူးလေ ... ရေးချင်တာရေးမယ်ဆိုပြီးတော့လေ ...။ တကယ်ကတော့ သူတို့ရေးတာကို သူတို့ကိုယ်တိုင် သိနေတာပါပဲ ။ ကိုယ့်လိပ်ပြာကသိနေတာပဲလေ ။ အော်..ဒါငါရေးထားတာပါလားလို့လေ ...။
အမှန်တော့ အစ်မနမ်းမ၀ နဲ့ အဲဒီဘလော့ဂါက ဘာရန်ငြိုးတွေရှိလည်း ကျနော်မသိပါဘူး ။ သိစရာ လည်းမလိုအပ် ပါဘူး ။ သူကယောက်ျားပဲလေ ... မကျေနပ်ရင် ... Cyprus ကိုလိုက်သွားပြီး ဓါးနဲ့ခုတ်ပေါ့ ။ အခုတော့ မိန်းမလိုမိန်းမရ ဘလော့ပေါ်ကနေ တစ်ဖက်သား ဂုဏ်သိက္ခာ ညိုးနွမ်းအောင် တိုက်ခိုက်တာကတော့ သတ္တိနည်းသူတွေရဲ့ လုပ်ရပ်ပါ ။ အဲဒီလိုကျနော်က ပြောနေတဲ့အတွက် မေးစရာရှိလာပါတယ် ။မင်းနဲ့ နမ်းမ၀က ဘာတော်လို့ မင်းက သူ့ဖက်ကနေနာနေရတာလည်းလို့လေ ။ ဟုတ်ကဲ့ ဖြေပေးပါ့မယ် ။ဘာမှမတော်ပါဘူး ။နမ်းမ၀ဆိုတာ ကျနော်တို့ဘလော့ပေါ်မှာ ခင်မင်ခဲ့တဲ့ အစ်မတစ်ယောက်ပါ ။ ကျနော့် သွားလည်နေကျ သူငယ်ချင်းတွေ စာရင်းထဲမှာလည်းပါပါတယ် ။ ကျနော်ကသတ်မှတ်ထားတာတစ်ခုရှိတယ် ။ ကျနော့် ဘလော့သူငယ်ချင်းစာရင်းထဲမှာ ပါတဲ့သူမှန်သမျှဟာ ကျနော်ရဲ့ အစ်ကို အစ်မ ညီ ညီမ အရင်းတွေကြီးပဲလို့ ။ ဒါကြောင့် အဖြူရောင်နတ်သမီးမှမဟုတ်ပါဘူး ကျနော့်ဘလော့သူငယ်ချင်းထဲက ဘယ်သူ့ကို ထိခိုက်ခိုက် တိုက် ခိုက်ခိုက် ကျနော့ကို တိုက်ခိုက်သလိုနာပါတယ် ။ ဒါကြောင့် ကျနော် ဒီပို့စ်ကိုရေးပါတယ် ။ နောက်တချက်က အဲဒီဘလော့ဂါ မိန်းမတစ်ပိုင်းယောက်ျားတစ်ပိုင်းက အတော့်ကို သနားစရာကောင်းပါတယ် ။ ဘာလို့ဆို ဘလော့လောကကိုစ၀င်ကတည်းထဲက သူများကိုထိုးနှက်ပြီး မှ ၀င်လာတဲ့အတွက် ဘလော့ဂါ အသိုင်းအ၀ိုင်းက ၀ိုင်းပယ်ခံရမှာကို တွေးမိတဲ့အတွက်ပါ ။
နောက်တစ်ချက်ကတော လွတ်လပ်မှုဆိုတဲ့ စာလုံးသုံးလုံးကို ပြောချင်တာပါ ။ လွတ်လပ်မှုဆိုတာ ဘာကိုဆိုလိုပါသလည်း ။ ကိုယ်လုပ်ချင်တာလုပ်မယ် ပြောချင်တာပြောမယ် ဘယ်သူ့ထိခိုက်ခိုက် မထိခိုက်ခိုက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတာ သူခံယူကျင့်သုံးနေတဲ့လွတ်လပ်မှုလား ။ နမ်းမ၀ (အဖြူရောင်နတ်သမီး) ဟာ ဘလော့စလုပ်ကတည်းက ပြောထားတာရှိပါတယ် ။သူက ဓါတ်ပုံရိုက်အရမ်းဝါသနာပါတယ်လို့ ။ ဒါကိုလည်း အဲဒီသကောင့်သား ဖတ်ကြည့်မယ့်ပုံမပေါ်ပါဘူး ။ နမ်းမ၀ဆိုတာက မြန်မာနိုင်ငံက မော်ဒယ်တစ်ဦးပါ ။ ကျနော်တို့ စုပေါင်းဖန်တီးထားတဲ့ ပန်းပျိုးသူတို့ အလင်္ကာ ဆိုတဲ့ ကဗျာစာအုပ်လေးထဲက ကလောင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ် ။သူ့ကြော်ငြာတွေကို မဂ္ဂဇင်းတွေထဲမှာလည်း တွေ့ရပါတယ် ။ Follow me green tea shampoo ကြော်ငြာလည်းရိုက်ထားတဲ့ မင်းသမီးတစ်လက်ပါ ။ နောက်ပြီး ဂရေဟန်နဲ့လည်း VCD မှာ သရုပ်ဆောင်ဖူးပါတယ် ။ ကဲ... ကျနော်တို့ အဲဒီသကောင့်သားပြောတာဟုတ်မဟုတ် ကြည့်ရအောင် ။ အသားမဲတယ်တဲ့ ။ သူငယ်ချင်းတို့ အားလုံးသူ့ဓါတ်ပုံတွေကြည့်ကြည့်ပါ ။ အသားမဲတာ ရုပ်ဆိုးတာ ကိုလက်ခံပါသလား ။ ၀တယ်တဲ့ ။ ၀တော့ သူနဲ့ဘာဆိုင်သတုန်း ။ သူကထမ်းထားရတာလည်းမဟုတ် ။ တင်ကျွေးထားထားရတာလည်း မဟုတ် ။ ဘာကို အသားလွတ် မနာလိုနေရပါသလည်း ။
ဘလော့ဆိုတာဟာ မိမိစိတ်ကြိုက် ဖန်တီးခွင့်ရှိတဲ့ ပန်းခင်းလေးတစ်ခုပါ ။ အဲဒီပန်းခင်း လေးထဲမှာ ပျားလေးတွေလာနားအောင် ဥယျာဉ်မှုးတွေက မိမိတတ်နိုင်သလောက် ပန်းလေးတွေစိုက်ပျိုးကြတယ် ။ အဆင်တန်ဆာလေးတွေ ဆင်ယင်ကြပါတယ် ။ ကိုယ့်ဓါတ်ပုံကို မိမိကိုယ်ပိုင်ဘလော့မှာ တင်ခွင့်မရှိဘူးလို့ ဘလော့မှာ သတ်မှတ်ထားပါသလား ။ မိမိနှစ်သက်ရာ ဖန်တီးပိုင်ခွင့်ရှိပါတယ် ။ အရာအားလုံးဟာ အကန့်အသတ်နဲ့တည်ရှိပါတယ် ။ ပင်လယ်သမုဒ္ဒရာတောင်မှအနားသတ်ကမ်းစပ်ဆိုတာရှိပါတယ် ။ အကန့်အသတ်ဘောင်ကိုကျော်လာပြီး ထိပါး ပြောဆိုလာပြီဆိုရင်တော့ ဒါဟာ Foul ပါ ။ ခင်ဗျားဟာ ခင်ဗျားနှစ်သက်သလို ဘလော့ကိုဖန်တီးခွင့်ရှိတယ် ။ ဒါပေမယ့် သူများ ဘလော့ကိုတော့ အကန့်အသတ်နဲ့ပဲ ဝေဖန်ပိုင်ခွင့်ရှိပါတယ် ။ ခင်ဗျားဟာ မြန်မာလူမျိုး အစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဘလိုင်းကြီး မိန်းမတစ်ယောက်ကို တိုက်ခိုက်ခွင့်မရှိဘူး ။ ကိုယ့်ကိုယ့်ကို ယောက်ျားလို့ ခံယူထားပြီး ရှက်တတ်မယ် မိမိအဆင့်ကို မိမိအားနာတတ်မယ် ဆိုရင်ပေါ့လေ ။ နောက် တစ်ခုက သူက Comment တွေကို Moderation လုပ်ထားတယ် ။ Owner approval ဖြစ်မှ တင်ပေးမယ်ပေါ့လေ ။ သွေးမရှိလိုက်ပုံက ။ သူလုပ်ရပ်ကို သူမှန်တယ်ထင်ရင် အရာအားလုံးကို open လုပ်ထားရမှာပေါ့ ။ သူများကိုတော့ ပြောမယ် ငါ့ကိုတော့လာမပြောနဲ့ဆိုတဲ့ သဘောမျိုး ..ဟဟ အတော်သနားဖို့ကောင်းတဲ့ လူ။
သူငယ်ချင်းတွေအားလုံးကိုလည်း ပြောချင်ပါတယ် ။ အဲဒီဘလော့ကို ၀ိုင်းပြီး ဘလော့အသိုင်းအ၀ိုင်းကနေ ပယ်ထုတ်ကြဖို့ပါပဲ ။ ကျနော်ကတော့ ကိုယ့် သူငယ်ချင်း မောင်နှမတွေကိုထိရင် ဆတ်ဆတ်ထိမခံ နာတတ်ပါတယ် ။ လွန်တာရှိ ၀န္တာမိ ပါ ။ ပြောဆိုခဲ့တာအားလုံး မကျေနပ်ဖူးဆိုရင် thettantchocho@gmail.com ကိုတိုက်ရိုက် ဆက်သွယ်ပြီး ပြောဆိုနိုင်ပါတယ် ။ အချိန်မရွေးကြိုဆိုပါတယ် ။
သက်ရောက်မှုတိုင်းမှာ တုံပြန်မှုဆိုတာရှိတယ်ဆိုတာ မမေ့ပါနဲ့ ။ ယောက်ျားပီသနိုင်ပါစေ ။
စာရေးသူ.....သက်တန့်ချို......(၁၁း၃၀ ည ၁၆.၁၀.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
20 comments:
  1. မောင်လေးရေ ....... အဲဒီနာမည်ကို သူငယ်ချင်းတွေ ပြောနေတာ ကြားနေရတယ်။ သူများကို ဝေဖန်ပုတ်ခတ် ထားတယ်ဆိုပြီး မအားလို့ မရောက်ဖြစ်ဘူး။ ကြောက်စရာ ကောင်းလိုက်တာနော်။ မိမိ စိတ်ဓါတ်ကို မိမိဘာသာ ဖေါ်ပြလိုက်တာပဲ။
    ခုတလော ဘလောဂ့် အသိုင်းအ၀န်းက မောင်နှမတွေ ဒီလို အဖြစ်တွေနဲ့ ကြုံနေကြရတာ စိတ်မကောင်းစရာပဲကွယ်။
    ခင်မင်လေးစားလျှက်
    ReplyDelete
  2. ဘလော့ရေးရတဲ့ ရည်ရွယ်ချက်ကတော့ အများအတွက် အကျိုးတစ်ခုခု ရှိစေရုံပါပဲ အချင်းချင်း အကျိုးယုတ်စေတာတွေ မလုပ်သင့်ပါဘူး အချိန်ကုန် လူမုန်းခံရတာပဲလေ မြန်မာလူမျိုးအချင်းချင်း အခုလို ဝေဖန်ခံရတာကတော့ မလုပ်သင့်တဲ့ ကိစ္စတစ်ရပ်လို့ ထင်မိပါတယ်......
    ReplyDelete
  3. သက်တန့်ရေ....
    အရမ်း..အရမ်းကို ကျေးဇူးတွေ တင်မိတာပါပဲ...
    မြန်မာလူမျိုးအချင်းချင်း...ရိုင်းပင်းကူညီတဲ့စိတ်နဲ့...
    မြန်မာမိန်းကလေးတွေရဲ့ရှေ့မှာ မောင်နှမစိတ်ဓာတ်နဲ့ မားမားမတ်မတ်ရပ်ပေးလို့ဝမ်းသာပီတိဖြစ်ရပါတယ်။။
    ဆုတောင်းပါတယ်...လူတိုင်း..လူတိုင်း...“စိတ်ဓာတ်လေးတွေမြင့်မားနိုင်ကြပါစေ”လို့....မြင့်မြတ်တဲ့..“မြန်မာ”လို့ ဂုဏ်ယူချင်လို့ပါ...။
    သက်တန့်ကို အထူးကျေးဇူးတင်ပါတယ်..
    ReplyDelete
  4. သက်ရယ် အမှန်တော့ ငါလဲ ချဲချင်တာ ဟ သူတို့ တွေက မခင်ဦးမေတို့ကိုရော တီချမ်းရော ပြီးတော့ အခု အဖြူရောင် နတ်သမီးကိုပါ ပြောထားတာ ငါလဲ ချဲချင် တာ အရမ်းပဲ ဒါပေမယ့် သူတို့က ပြောထားသေးတယ် သူတို့နဲ့ အတိုက်အခံလုပ်ပြီး နံမည်ကြီးချင်တယ်တဲ့ ဒါနဲ့ ငါလဲ ငြိမ်နေတာပြီးတော့ ငါ သွားချဲရင် ငါ့ကို ပါ ပြန်ပြီးပြောမှာ ငါ ကြောက်တယ် ဟာ ဒါကြောင့် ငါ ဘာမှမလုပ်ပဲ နေနေတာ အမှန်ပြောရရင် အခုတောင် ငါ c box နဲ့ comment box ကိုဖြုတ်ထားတယ် ငါ လေ လူတွေကို အရမ်းကြောက်လာပြီ အစကတော့ အချင်းချင်း ခင်ခင် မင်မင်ပေါ့ဟာ အခုတော့ မသိတော့ဘူး သက်ရေ နင်လဲ သတိထားဦး နင့်ကိုပါ ပြန်ချဲနေဦးမယ်
    ဘိုင် တာ့တာ
    ReplyDelete
  5. ရိုင်းချင်ရိုင်းတော့ဗျာ အဲလိုဆန်ကုန်မြေလေးအနှစ်မသိ
    တဲ့သူတွေကိုတောက်ဂရုစိုက်နဲ့
    လူရယ်ဖြစ်ပြီးလူ့တန်ဖိုးကိုနားမလည်တဲ့ကောင်တွေ
    ReplyDelete
  6. အဲဒီ blog ကို သွားဖတ်ကြည့်ပြီးပြီ။ တကယ့်ကို အတင်းအဖျင်း သက်သက်ရေးတဲ့ blog ပဲ။ ဒါမျိုးတွေလည်း ရှိသေးတာပဲနော်..။ သူ့များ မျက်ချေးပဲ မြင်ပြီး ကိုယ့်မျက်ချေးကိုယ် မမြင်တဲ့ သူတွေပေါ့။
    ReplyDelete
  7. ဟ..
    ဟုတ်ပါ့ ကိုသက်တန့်ချိုရေ..
    အပြည့်ဝကို ထောက်ခံပါတယ်ဗျာ
    ရေးသင့်တယ်ဗျာ.. တင်သင့်တယ်
    ဒါမျိုးကလည်း ဖြစ်တတ်တယ်လေ..
    ဖြစ်တတ်တော့ လုပ်လည်း လုပ်ပေးရတာပေါ့ဗျာ
    ဟုတ်ဘူးလား..
    ReplyDelete
  8. ကိုသက်တန့်ချိုရဲ့လုပ်ဆောင်မှုကိုဂုဏ်ယူတယ်
    ReplyDelete
  9. အန် ... အဖြူရောင်နတ်သမီးဆိုတဲ့ နမ်းမ၀က မော်ဒယ်မင်းသမီး ကိုး...
    ချောပါတယ် လို့ သတိထားမိနေတာ မင်းသမီးမှန်း အခုမှ သိတယ်။ (မုန့် ကျွေးဖို့ မလိုဘူးနော်)
    တနေ့ ကလည်း ဘုန်းကြီးကျောင်းမှာ ကောင်မလေး တယောက် တွေ့ တယ် အတော်ချောတယ် နောက်မှ သိရတာ က ဒေါ်ခင်လေးဆွေရဲ့ မြေးဆိုဘဲ။
    ReplyDelete
  10. အားလုံး.....အေးချမ်းသာယာရှိကြပါစေ..။
    ReplyDelete
  11. သူငယ်ချင်းရေ
    ဘလော့လောကမှာမှာ နာဂစ်တွေရော၊ ဆူနာမီတွေရော ဝင်နေလို့ ငြိမ်နေရတယ်။ မမခင်ဦးမေကိစ္စတုန်းကတော့ ပူးတေ ဝင်ပြောမိသေးတယ်။ နောက်တော့ ဂရုစိုက်တဲ့ သူတွေရှိနေရင် သူတို့တွေပိုကဲမယ်လေ ဆိုပြီး ဥပေက္ခာပြုထားလိုက်တာ။ ခုတလော ပို့စ်တွေရေးထားပြီး မတင်ရဲသေးဘူးဖြစ်နေတာ။ ဖတ်ရတာ၊ ကြားရတာတွေတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် AddyChan ( သူတို့အခေါ် တီချမ်း ) ကိစ္စတော့ ပြောသင့်တယ်လို့ ထင်တယ်။ ဒါက တို့ feeling ပါ။ သူလဲ သူ့ ပရိတ်သတ်နဲ့ သူ ပါပဲ။ လူတကိုယ် အကြိုက်တမျိုးပေါ့။
    ReplyDelete
  12. ရေးထားတာ အားလုံးကောင်းပါတယ်။ သဘောတူပါတယ်။
    တစ်ခုပဲ ... (ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ) အဲဒီလူတွေကို မိန်းမလို မိန်းမရလို့ ရေးထားတာကိုပါ။
    စိတ်ဓာတ်သိမ်ဖျင်းတဲ့ သူတို့တွေကို မိန်းမတွေနဲ့ နှိုင်းထားတဲ့အတွက် မိန်းမတွေဖက်က အများကြီး နစ်နာပါတယ်။
    ReplyDelete
  13. ခုလေးတင် ကိုလင်းဒီပဆီက ကဗျာလေးဖတ်လာတာ
့ ဥာဏ်နည်းတယ်
    သံသရာနဲ့ချီပြီး ဥာဏ်နည်းတယ်..ထုံ,အတယ်..။
    လူဟာ အကုသိုလ်တွေ မနိုင်မနင်း သယ်ဖို့ကလွဲရင်
    တခြားကိစ္စတွေမှာ ဥာဏ်နည်းတယ်..။
    တဲ့... မှန်တယ်နော်...
    Bravo !!!! သက်တန့်... :)
    ReplyDelete
  14. ကိုသက်တန့် ရေ လူတွေကဒီလိုပါပဲ။ သက်သက်မနာလိုတာပါ မနမ်းမဝကိုလည်း မိန်းမချင်း ကိုယ်ချင်းစာပြီး သနားပါတယ်
    ကိုသက်တန့်ကိုတော့ လေးစားသွားပါတယ်
    ReplyDelete
  15. ဟုတ်ပါတယ်ဗျာ...ဆောရီးပါကျနော်လည်းစာ
    ရေးတာနည်းနည်းလောသွားပါတယ် ။မိန်းမလို
    မိန်းမရဆိုတဲ့စကားကိုပြန်ရုပ်သိမ်းပါတယ် ။ အမှန်က ဥာဏ်နီဥာဏ်နက်များတယ် အတင်း
    ပြောတာကိုဆိုလိုတာပါ..မိန်းမသားတွေကိုထိ
    ခိုက်သလိုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်
    ဗျာ..သူငယ်ချင်းရေ...
    ReplyDelete
  16. သယ်ရင်းးးးးးးးသက်တန့်
    နင့်င့ါသူငယ်ချင်းပီသတယ်။
    စိတ်ဓာတ်မှန်ရှိတယ်။
    လူပီသတယ်။
    ယောကျာင်္းပီသတယ်။
    ဘလော့ခ်ပေါ်မှာခင်တဲ့ သူငယ်ချင်းအားလုံးဟာ အဖေအမေမွေးထုတ်မပေးလိုက်ပေမယ့် ဘုရားပေးတဲ့ ဆုလဒ် မောင်နှမတွေပါ။
    ငါလဲကြားပါတယ်။
    မခင်ဦးမေ၊ မနတ်သမီး၊ ငါ အသစ်တင်တိုင်းဝင်ဖတ်အားပေးပါတယ်။
    ငြိမ်နေတာပါ။ အမှန်က ကိုယ့်အကို အမတွေကို ထိရင် တကယ်ခံပြင်းပါတယ်။ မခံနိုင်ပါဘူး။
    သယ်ရင်းရေ ဘာမှပြောတော့ဘူးနော်။
    ဆလံပေးပါတယ်။ ငါပြန်လာရင် မုန့်ဝယ်ကျွေး။ ဒါပဲ။ ဟဲဟဲ
    ReplyDelete
  17. မောင်လေး အစ်မ ခဏလေးဝင်တုန်းရေးသွားတယ် ။ ကောင်းတယ် ။ ဒါမျိုးရေးချင်နေတာ ကိုယ်က အားချိန်မရှိလို့ ။ ဗရာဗို မောင်လေး ရေ။ ကျန်းမာပျော်ရွှင်ပါစေ
    ReplyDelete
  18. post လေး တပတ်ပြန်လည်လာတုန်း...
    ထပ်ပြီးဖတ်သွားပါတယ်...
    ထပ်ပြီးလည်း ကျေးဇူးတင်သွားပါတယ် သက်တန့်ရေ...
    Thank you...
    Thank you....
    and....Thank you.....
    ReplyDelete
  19. " "သူက Comment တွေကို Moderation လုပ်ထားတယ် ။ Owner approval ဖြစ်မှ တင်ပေးမယ်ပေါ့လေ ။ သွေးမရှိလိုက်ပုံက ။ သူလုပ်ရပ်ကို သူမှန်တယ်ထင်ရင် အရာအားလုံးကို open လုပ်ထားရမှာပေါ့ ။ " "
    ကတော့ ယုတ္တိမရှိဘူးဗျ။ ခင်ဗျားလည်း Comment moderation ထားတယ်လေ။ နောက်ပြီး သူများက သွေးမရှိဘူးဆိုရင် ခင်ဗျားက သွေးလုံးဝကြောင်နေတာပေါ့။ အဲ့ဒါကြောင့် ခင်ဗျားပြောတာ လုံးဝမကိုက်ညီဘူး။ ဘာလို့Moderation ထားလဲဆိုတာကို သေအောင်သိချင်တယ်ခင်ဗျာ။ ၂၀၀၉ ကရေးတဲ့စာတုန်းကတော့ မထားရင်မထားမှာပေါ့ ယခု 2014 မှာတော့ Moderation ထားပြီး Open မပေးတာကကော ဘာသဘောလဲ။ ကျနော်ကတော့ နားမလည်နိုင်တော့ဘူး။ ခင်ဗျားက Post မှတ်သားစရာတွေတင်ပြီးတော့ ပိတ်ထားတာတော့ ဟာသဖြစ်ရပ်တခုမြှောက်တယ်။ အဲ့ဒီ မှတ်သားစရာတွေက ခင်ဗျားကိုယ်တိုင်မလိုက်နာပဲ စာဖတ်သူအများကို နောက်လိုက်လို လိုက်နာခိုင်းအောင်တင်ထားတာဖြစ်မယ်လို့ ကျနော် ယူဆတယ်။ ခင်ဗျား လုပ်ရပ်မှားနေလို့ Moderation ပေးတယ်လို့ ကျနော် သိထားလိုက်မယ်နော်။
    Thank you အပြောနဲ့အလုပ်မလိုက်ဖက်တဲ့အတွက်ပါ။ သွေးမကြောင်ပါနဲ့။ ကိုယ်ရေးတာနဲ့ ကိုက်အောင်နေပါ။ စာလန်းလန်းလေးတွေရေးပြီး Comment တွေကို Moderation မပေးပါနဲ့။ ကျနော်ထင်မိတာတော့ ခင်ဗျားလုပ်ရပ်မှားတွေလုပ်မိနေပြီ ....
    (Moderation ပေးတာကို အသက်သေဆုံးသည်အထိစောင့်နေမည်။ သေရင်လည်းသေပြီစေ Moderation မပေးတာတော့ ခင်ဗျားမှားပြီး သွေးရူးရူးနေပြီ)
    Thank you...
    Thank you....
    and....Thank you.....
    ညီလတ် (ခေတ္တ စင်ကာပူ)
    ReplyDelete