Thursday, October 22, 2009

ခဏခဏ ဆိုညဉ်းမိတဲ့ သီချင်းလေးတွေ

ခဏခဏ ဆိုညဉ်းမိတဲ့ သီချင်းလေးတွေ

သံစဉ်....အဲဒီသံစဉ်လေးတွေက ကျနော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့... ။ ကျနော်ကငယ်စဉ်ကတည်းက သံစဉ်တွေကို နှစ်သက်ခဲ့သူပါ ။ ဟိုး..ကလေးအရွယ် ချာတိတ်ဘ၀ကတည်းက အစ်ကိုတွေ ဂစ်တာတီးရင် ဘေးမှာသွားသွားထိုင်ပြီး..သီချင်းတွေ ညည်းနေတတ်သူ... ။ နောက်ဆုံးဂစ်တာတီးတဲ့သူ... တစ်ယောက်ဘဲကျန် နေတာတောင် သူ့ကိုအဖော်လုပ်ပေးပြီး သီချင်းတွေလိုက်ဆိုပေးခဲ့သူ... ။ ၇ တန်းလောက် ကျတော့ ဂစ်တာတီး ချင်တဲ့ပိုးက လုံးဝကိုထိမ်းမရတော့ဘူး ။အဲဒါနဲ့ အစ်ကိုတွေဆီမှာ ဂစ်တာတီးသင် စာအုပ်တွေဝယ်..လေ့ကျင့်နဲ့ ...၈ တန်းလောက်မှာတော့ ဂစ်တာကို တစ်ယောက်တည်း အတော်အတန်တီးတတ်နေပါပြီ ။ ဂစ်တာတီး စသင်တုန်းက လက်ထိပ်လေးတွေ အသားမာတက်အောင်တီးခဲ့ရတာကို သူမမေ့ခဲ့ဘူး ။ သွေးချည်ဥ နေတာတောင် အံကြိတ်ပြီး ဆက်တီးခဲ့တယ် ။ အဲဒီလောက်ထိဇွဲကြီးတာ..သံစဉ်ဂီတကို ။ အရွယ်ရောက် တော့လည်း ညနေကျောင်းက ၆ နာရီပြန်ရောက် ထမင်းစား ပြီးရင် ဂစ်တာလေးကိုင်ပြီးအိမ် ရှေ့ကထိုင်ခုံတန်းလေးဆီမှာ တစ်ယောက်တည်းလည်း နေ့စဉ်ရှိနေမြဲ... ။

အထူးသဖြင့် ဂစ်တာလေးတီးပြီး မျက်လုံးကိုမှိတ် သီချင်းလေးညဉ်းနေရတာကို သူအနှစ်သက်ဆုံးပေါ့ ။ သူကဂီတကို အစုံခံစားတယ်... ။ မြန်မာသီချင်းတွေလည်းကြိုက်တယ် ။ rock pop rap alternative punk melody အကုန်လုံးပဲ ။ ကလပ်စစ်လည်း ကြိုက်တာပဲ ။ unplugged ကိုလည်းလေ့ကျင့်လိုက်သေးတယ် ။ အဲဒီအထဲကမှ သူအနှစ်သက်ဆုံးငယ်ငယ်ကတည်းက အားပေးလာခဲ့တဲ့ အဆိုတော်ကတော့ rocker လေးဖြူပေါ့ ။ သူ့သီချင်းတွေဆို အကုန်ကိုကြိုက်ခဲ့တာ ။ပင်လယ်အော်သံကစ ...အိပ်မက်ကဗျာအလယ် ... BOB အဆုံး အကုန်လုံးကိုကြိုက်ခဲ့တယ် ။ အခုလတ်တလောမှာတော့ သူ အနှစ်သက်ဆုံးနဲ့ အမြဲညဉ်းနေတဲ့သီ
ချင်းကတော့ ............................

(အမည်မဖော်နိုင်တဲ့ ..သောကများဒီအရှိုက်ထဲထိ...မှင်ကြောင်စုတ်ထိုး အပ်နဲ့ပေါက်သလိုစူးနင့်ပြီး ..အ၀တ်စုတ်တစ်ခုလိုငါ့အတွေးတွေ..စွန်းပေနွမ်းခဲ့............ အရိပ်တွေတစ်ခု ဆီငါ့ရင်ဘတ်ထဲထည့်ကာ .... ကြယ်ရင်ပြင်ထဲ မိုးညွန့်များငါ..ခုန်လွှားရင်း...ဗျာပွေနေတဲ့ငါ့ရဲ့စိတ်တွေလွှတ်ချရင်း....ငယ်ဘ၀အတိတ်တွေ ..လက်ထဲငါ.. အန်ထုတ်ကာထားရင်း..... တခုစီတခုစီငါ့အိပ်မက်ထဲထည့်ကာ....ငါဟာမိုးတိမ်တွေထဲဝဲ....
ငါဟာမိုးတိမ် တွေထဲ.၀ဲ..လေနေတဲ့အခုချိန်ခဏ.. အတိတ်မေ့ပြီး.. ခဏနောက်ချန်ပြီး... ခဏမေ့နေပြီး ...ငါဟာမိုးတိမ်ထဲဝဲ...)

ဆိုတဲ့..လေးဖြူရဲ့ BOB ထဲက မိုးတိမ်ထဲဝဲဆိုတဲ့သီချင်းလေးပါ ။ အလုပ်တွေပိလာရင် အဲဒီလို မိုးတိမ်တွေထဲမှာ ပေါ့ပေါ့လေးပဲ လွင့်သွားချင်တယ်.. အရာအားလုံးကိုခဏမေ့ပြီးတော့ပေါ့ ။

နောက်ထပ်ညဉ်းမိတဲ့သီချင်းကတော့...

(ည..တိမ်တွေစီးရင်းပျံသန်းတော့...၀င်လာချင်တော့....မီးဇာ..ခန်းဆီးနဲ့မှန်ပြတင်းပေါက်...မျော်နေပါဖွင့်ဟပြီး...
ရင်မှာလှိုက်မော....ငါသေငယ်ဇောနဲ့လွင့်ပြီးမျော..မင်းဆီကိုပေးဖို့ငါရောက်ရှိ...အိပ်မက်တွေ....)

ဆိုတဲ့ဖြူဖြူကျော်သိန်းရဲ့ ချစ်သူ့အမုန်းကျိန်စာဆိုတဲ့ စီးရီးထဲက ဆုံဆည်းရာဆိုတဲ့သီချင်းလေးပါ ။ ...ကျနော် သေဆုံးပြီးဝိညဉ်ဘ၀နဲ့ဆိုရင်တောင် ချစ်သူ..တခဏတာပျော်ရွင်ဖို့အတွက်..အိပ်မက်လေးတွေပေးချင်သူပါ... ။
နောက်ဆုံး အလင်း ကိုမခံနိုင်တော့တဲ့ အာရုံမိုးသောက်အချိန်အထိပေါ့... ။

အဲဒီသီချင်းလေးတွေကိုလိုချင်ရင်တော့....MP3 ဖိုင်လေးတွေပါ ။

မိုးတိမ်ထဲဝဲ
ဆုံဆည်းရာ

တဂ်လေးကိုအကြောင်းအမျိုးမျိုးကြောင့်ပြန်ဖြေဖြစ်တာနောက်ကျသွားတာကိုခွင့်လွှတ်ပေးပါ ..သူငယ်ချင်းရေ... ။

စာရေးသူ....သက်တန့်ချို.......(၁၀း၅၇ ည ၁၅.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. အဲဒီ နှစ်ပုဒ်စလုံး ကြိုက်တယ်

    ReplyDelete
  2. သက်တန့်ရေ... နှစ်ပုဒ်လုံးကောင်းတယ်။
    သီချင်းသံတွေကြားမှာ ပျော်ရွှင်ပါစေနော်။
    ငါပြန်လာရင် သီချင်းဆိုပြ ရမယ်။ ဟဲဟဲ

    ReplyDelete
  3. ဟုတ်တယ်ဗျာ
    တစ်ခါတစ်လေ အဲလိုညည်းလိုက်လို့ကတော့
    ဘာမှကို မသိတော့ဘူး..

    စိတ်ထွက်ပေါက် တစ်ခုလို့ ဆိုရမှပေါ့ဗျာ..

    ခင်ငမ်စွာဖြင့်
    စည်သူ။

    ReplyDelete
  4. ကြော်ငြာကောင်းလို့ သီချင်းဒေါင်းသွားဦးမယ် .. :D
    ဂစ်တာတီးချင်တာ အရမ်းပဲ
    ဒါပေမယ့် အဖြစ်မရှိပါဘူး ..း))

    ReplyDelete