Tuesday, October 6, 2009

Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ

Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ



မိုက်ဂရိမ်း ဆိုတာ ဘာလဲ ...?

မိုက်ဂရိမ်းဆိုတာ ဦးခေါင်းထဲမှာ အထူးသဖြင့် တစ်ဖက်တည်း ( unilateral ) မှာ အရမ်းပြင်းထန်တဲ့ နှလုံးခုန်သံလိုမျိုး (သို့မဟုတ်) ဦးခေါင်းထဲသို့ အလွန်ပြင်းထန်တဲ့ တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း တဒိတ်ဒိတ်၊ တဆစ်ဆစ် ကိုက်နေခြင်းကို ဆိုလိုပါတယ် ။ ဘာတွေနဲ့တွဲပြီး ဖြစ်တတ်သလည်းဆိုတော့ ပျို့ခြင်း ၊ အန်ခြင်း ၊ အလင်းစူးစူးကို မခံနိုင်ခြင်း ၊အသံ အနံ့ စူးစူးတွေကို မခံမရပ်နိုင်ဖြစ်ခြင်း တို့နဲ့ တွဲလာတတ်ပါတယ် ။ ဒီခေါင်းကိုက်တာဟာ ခဏ ခဏ ဖြစ်ပေါ်လေ့ရှိပြီး မိုက်ဂရိမ်းခံစားရလေ့ရှိတဲ့ အသက်အရွယ်တွေမှာတော့ သိပ်ပြင်းထန်လေ့ မရှိပါဘူး ။



အမျိုး အစားများ....။

မိုက်ဂရိမ်းကို သူတို့ ဖြစ်ပေါ်စေတဲ့ လက္ခဏာများအရ အမျိုးအစားများခွဲခြားနိုင်ပါတယ် ။ ထင်ရှားတဲ့ ၂ မျိုးကတော့ Migraine with aura နဲ့ Migraine without aura တို့ပဲဖြစ်ပါတယ် ။ အခြားသိပ်မထင်ရှားတဲ့ အမျိုးအစားတွေကတော့ Abdominal migraine , Basilar artery migranie , Carotidynia , Headache - free migraine ( aura withoutmigraine ) , Opthalmoplegic migraine / Ocular migraine နဲ့ Status migrainousus တို့ပဲဖြစ်ကြပါတယ် ။အချို့သော မိန်းမတွေမှာ ရာသီလာနေစဉ် သို့မဟုတ် လာခါနီး အချိန်မှာ ဒီမိုက်ဂရိမ်း ရောဂါကို ခံစားကြရလေ့ရှိပါတယ် ။ ဒီလိုမျိုးခေါင်းကိုက်ခြင်းကို ရာသီမိုက်ဂရိမ်း (menstrual migraines ) လို့ခေါ်ပါတယ် ။ ဒါဟာ ဘာနဲ့ဆက်နွယ်နေသလည်းဆိုတော့ ဟော်မုန်းပြောင်းလဲမှုတွေ နဲ့ တခါတရံ (သို့မဟုတ်) ကိုယ်ဝန်ဆောင်ချိန် မှာ တော့ ဖြစ်ပေါ်တာ နည်းလေ့ရှိပါတယ် ။ တချို့မိန်းမတွေမှာတော့ ပထမအကြိမ်ကိုယ်ဝန်ဆောင်ခြင်း နဲ့ သွေးဆုံးပြီးချိန်တွေမှာ မိုက်ဂရိမ်းကို ခံစားရလေ့ရှိပါတယ် ။

Migraine with aura ဆိုတာဘာလဲ .....?

ဆိုလိုတာကတော့ ဦးနှောက်ပိုင်းဆိုင်ရာ သဘာဝဖြစ်စဉ်များ ( neurological phenomenon ) aura က ခေါင်းမကိုက်ခင် ၁၀ မိနစ် (သို့မဟုတ်) နာရီဝက်အလိုမှာ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် ။ Auras အများစုဟာ အမြင်အာရုံနဲ့သက်ဆိုင်ပြီး အရာဝထ္ထုတွေ ပတ်လည်မှာ တောက်ပပြီးတံလျှပ်ကဲ့သို့ စူးရှတဲ့ အလင်းရောင်တွေ ခံစားရလေ့ရှိတယ် ။အမြင်အာရုံ မြင်ကွင်းရဲ့ အစွန်းတွေမှာ အဲဒီလိုမျိုးတွေ့ရလေ့ရှိပြီး အဲဒါကို Scintillating scotomas လို့ခေါ်ပါတယ် ။ ကွေ့ကွေ့ကောက်ကောက်လိုင်းတွေ Zigzag lines နဲ့မဖြစ်နိုင်သည်များကို စိတ်ကူးယဉ်ခြင်း Castles ( teichopsia) နဲ့ တွန့်လိမ်နေတဲ့ပုံရိပ်တွေကို တွေ့ရလေ့ရှိခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်း hallucinations တွေနဲ့ တွဲလာလေ့ရှိပါတယ် ။ ဒါ့အပြင် ယာယီအလင်း ပျောက်ကွယ်ခြင်း temporary vision loss လည်းဖြစ်နိုင်ပါသေးတယ် ။ အမြင်အာရုံနဲ့မသက်ဆိုင်တဲ့ Nonvisual auras ကတော့ ကြွက်သားအားနည်းခြင်း ၊ စကားပြော အသံထွက် ဘာသာစကားမပီသခြင်း ၊ ခေါင်းမူးခြင်း ၊ အထိုင်အထတွင် မိုက်ခနဲမူးခြင်း ၊ မျက်နှာပေါ် လျှာပေါ် နှင့် ခြေချောင်းလက်ချောင်းများတွင် ထုံခြင်းကျင်ခြင်း parasthesia တို့နဲ့ တွဲလာနိုင်ပါတယ် ။

Aura ဆိုတာတကယ်တော့ ကိုယ့်ဆီကို မိုက်ဂရိမ်းက မတိုက်ခိုက်ခင် ကြိုတင်သတိပေးတဲ့ အာရုံခံစားမှု sensation တစ်ခုဖြစ်ပါတယ် ။ Aura ကိုခံစားရတဲ့ လူတွေဟာ လေဖြတ်ဖို့ အခွင့်အလမ်းပိုများပါတယ် ။ သိပ်ဖြစ်လေ့မရှိပါဘူး ဆို၍ ပေါ့ဆ၍ မနေသင့်ပေ ။ ငယ်ရွယ်တဲ့မိန်းမတွေမှာတောင် မိုက်ဂရိမ်းဟာ ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ ။ ကိုယ်ဝန်တားဆေး (OC pills လက်ညှိုးထိုးကဒ်) တွေနဲ့ ဆေးလိပ် သောက်ခြင်းဟာ လေဖြတ်ခြင်းကို မိုက်ဂရိမ်းမရှိတဲ့လူတွေထက် ၇ ဆ ပိုဖြစ်နိုင်တယ်ဆိုတာ သိကို သိထားရပါမယ် ။

ဒါကြောင့် သင့်မှာ migraines with aura ရှိပြီဆိုလျှင် ..................

ဆေးလိပ်ကို အတတ်နိုင်ဆုံး မြန်မြန်ဖြတ်ပါ ။
ကိုယ်ဝန်တားဆေး (OC pill ) တွေမသုံးပါနှင့်။ အကယ်၍ သုံးရမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးမသောက်ခင် လေဖြတ်နိုင်မည့် အခွင့်အလမ်းကို တိုင်ပင်ဆွေးနွေးပါ ။

သောက်သုံးရမည့်ဆေးများမှာတော့ အများစုမှာ Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ ဖြစ်ပြီး ဆရာဝန်နှင့်ပြသပါ ။ သင့်ရဲ့ ရောဂါ လက္ခာနှင့် ရာဇ၀င် history ပေါ်မူတည်ပြီး ဆေးတွေက ကွဲပြားသွားမှာ ဖြစ်ပါတယ် ။ ယေဘူးယျအားဖြင့် ရတ်သတ္တပါတ်မှ လထိတိုင်အောင် စွဲသောက်ရလေ့ရှိပါတယ် ။

ဘယ်လိုကာကွယ်မလည်း........?

မိုက်ဂရိမ်းကို ကာကွယ်ဖို့ကတော့ Beta Blockers ကဲ့သို့ ဆေးတွေ ဥပမာ propranolol , timolol , metoprolol , nadolol တွေရှိပါတယ် ။ ဒီဆေးတွေက သင့်ဦးခေါင်းထဲမှသွေးလွှတ်ကြောတွေ ကျယ်ခြင်းကို Beta receptors တွေကို ပိတ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့ဟာ သွေးခဲစေသောအရာ platelets တွေကိုစုစည်းခြင်းမှ ကာကွယ်ပေးပြီ သွေးတွေကို လွတ်လပ်စွာ စီးဆင်းစေမှာ ဖြစ်ပါတယ် ။ Platelets ဆိုတာကတော့ သွေးခဲအောင်လုပ်ပေးတဲ့ အရာတွေပေါ့ ။ ဒါပေမယ့် Beta blockers တွေဟာ ပန်းနာရင်ကြပ်နဲ့ လုံးဝ မတည့်ပါဘူး ။ အကောင်းဆုံးကတော့ ဆရာဝန်နှင့် စနစ်တကျ ကုသမှုခံယူခြင်း ပဲဖြစ်ပါတယ် ။

စာရေးသူ....သက်တန့်ချို......(၁၁း၃၀ ည ၅.၁၀.၀၉)

Ref: About.com
Healthcommunities.com
Relieve-migraine-headache.com

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

16 comments:

  1. ဘိုင်အိုဂျက်ဆက်ရော ရလား...
    အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတစ်လေဖြစ်တတ်တော့ ဘိုင်အိုဂျက်ဆစ်သောက်လိုက်တယ်....

    ReplyDelete
  2. ခေါင်းတစ်ခြမ်းကိုက်တဲ့အကြောင်း ဖတ်သွားပါတယ်။ ကျေးဇူးပါနော်။

    ReplyDelete
  3. Good message for people, who should know about health care. Please share more about health.Thank you

    ReplyDelete
  4. ခေါင်းတခြမ်းကိုက်တာ ကိုယ်က အသက် ၁၂ နှစ်အရွယ်ကဖြစ်ဖူးတယ်။ တခြမ်းကောင်းရင် နောက်တခြမ်းကကိုက်တာပဲ။ ဆေးစုပ်တန်(မြန်မာတိုင်းရင်းဆေးဆရာများ လေဖြတ်ရာတွင် အသုံးပြုသည့် စုပ်တံ)နဲ့ စုပ်ထိုးသလို လုပ်ပေးမှ သက်သာဖူးတယ်။တလနီးပါးကြာတယ်။ ခုနောက်ပိုင်းမဖြစ်တော့ဘူး။တခါတလေတော့ ကိုက်တယ် နည်းနည်းပဲ ဘာဖြစ်တာပါလိမ့် ။ ကိုယ်လည်းစိမ်းလိုပဲ ပါရာစီတမောလ်တော့ သောက်ဖြစ်တယ်။ ကောင်းလား သိချင်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  5. အစ်မရေ..ဒါက..အသက်ငယ်ငယ်မှာလည်းဖြစ်နိုင်တယ
်လေအကိုက်အခဲပျောက်ဆေးက ထင်ရှားတာကတော့ Paracetamol , Diclofenac , Ibuprofen , Meloxican , Mefenamic acid , Nimesulide အဲဒါတွေသောက်လို့ရပါတယ် ။ ဒါပေမယ့် အစာအိမ်ရောဂါရှိရင်တော့ အထူးသတိထားရပါမယ် ။ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ရောဂါကိုပိုဆိုးစေတဲ့အတွက်ပါ ။ အစာစားပြီးမှသောက်ရပါ့မယ် ။ စွဲပြီးကြာရှည်မသောက်သင့်
    ပါဘူး ။ ကောင်းပါတယ်အစ်မ သက်သာပါတယ် ။ ပါရာစီတမောကတော့ 500 mg ကိုတနေ့ ၄ ကြိမ်ထိသောက်လို့ရပါတယ် ။ Diclofenac ကတော့ 50 mg ကို အများဆုံး ၃ ကြိမ်ပဲသောက်ရပါတယ် တနေ့အတွင်းကိုပါ ။ စုပ်တန်ထိုးတယ်ဆိုတာကတော့
    Pain သက်သာအောင် တနည်းနည်း နဲ့ ( ဥပမာ) Pain
    Pathway ကိုပိတ်တာမျိုးလို့ရဲထင်ပါတယ် ။ တိုင်းရင်းဆေးတွေကလည်း အစွမ်းထက်လှပါတယ်အစ်မ။

    ReplyDelete
  6. ပထမဆုံးရောက်ဖူးတာပါ
    အရမ်းအကျိုးရှိတဲ့စာလေးဖတ်ရတော့ကျေးဇူးပါ
    မြူးလေးက လက်တွေ့  မိုက်ဂရိမ်းခံစားခဲ့ဖူးတာပါ
    မဖြစ်တာ ၃နှစ်လောက်ကြာပြီ ဒါပေမဲ့ ခုပြန်ဖြစ်နေလို့ 
    မနေ့ ကတောင်ဆရာဝန်ဆေးပြန်စသောက်ခိုင်းတယ်
    ကျေးဇူးနော်

    ReplyDelete
  7. အန်တီကတော့ အဲဒါ ရှိတယ် သက်ရေ သူကိုယ်တိုင် ဆရာဝန်ဆိုတော့ သူ့ဟာသူပဲ ဘာလုပ်လဲတော့ ငါလဲသိဘူး ရယ် ဟီးးးးး

    ReplyDelete
  8. မိုက်ဂရိမ်းအကြောင်းတစေ့တစောင်း ဖတ်ရှု မှတ်သားသွားပါတယ် ကိုသက်တန့် ရေ :))

    ReplyDelete
  9. သယ်ရင်းးးးး ငါခေါင်းကိုက်နေတယ်။ ဆေးမတိုက်နဲ့နော်။
    ခေါင်းကိုက်ပျောက်ချင်တယ်။
    ခေါင်းက ထိရင်တောင်နာတယ်။ တအားကိုက်တာဟာ။။။
    ဘယ်လိုလုပ်ရမလဲဟင်။။။

    ReplyDelete
  10. အလုပ်ဖိစီးတဲ့အခါနဲ့ အနေအထိုင်အစားအသောက်၊ အာဟာရစတာတွေ မမျှတဲ့အခါဖြစ်တတ်ပါတယ်။(သဇင်ဖြစ်တတ်တာကိုပြောတာပါ)။ ညအိပ်နေရင်း အိပ်မက်ဆိုးကလန့်နိုးသလိုနိုးရလောက်အောင်ဖြစ်ပါတယ်။
    မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်(အနေအထိုင်အစားအသောက်နဲ့ စိတ်ကိုဆင်ခြင်ပြီး)ပေမယ့် အဲလိုဖြစ်နေတဲ့အချိန်ဆို ဘာဆေးမှသောက်လို့မနိုင်တော့ပါဘူး။
    နောက်ဆုံးတော့ပြန်အိပ်ဖို့မကြိုးစားတော့ဘဲ တရားထိုင်လိုက်တော့မှပဲ ပျောက်သွားတတ်ပါတယ်။

    လူတစ်ယောက်နဲ့ တစ်ယောက်တော့ အကျင့်ခြင်းတူချင်မှတူပါလိမ့်မယ်။
    ဒီဝေဒနာကို သဇင်ကခံစားနေကြမို့ကြုံတုန်းပြောချင်ပါတယ်။

    ပုံမှန် ခေါင်းနောက်၊ ခေါင်းမကြည်ဘူးဆိုရင် အန်နာဗွန်(စီ) [ဗိုက်တာမင်စီဓါတ်ပါသော အားဆေး]သောက်လိုက်ရင်ပျောက်ပါတယ်။ ဒါပေမယ့် မွန်းလွဲပိုင်းဆိုရင်တော့ အဆင်မပြေပါဘူး။ သူကစိတ်ကိုနိုးကြွစေတဲ့အတွက် ညအိပ်လို့မပျော်တော့ပါဘူး။ ခေါင်းကတော့ တော်တော်ကြည်ပါတယ်။

    ခေါင်းပြင်းပြင်းထန်ထန်ကိုက်တာမျိုး၊ ခေါင်းတစ်ခြမ်းကိုက်တာမျိုးဆိုရင်တော့ သံဓါတ်ပါတဲ့ ဖယ်ရိုဗစ် (စာလုံးပေါင်းမသိပါ။ အနီရောင်အတောင့်လေးတွေပါ) အားဆေးကိုသောက်ပါတယ်။

    ငယ်ငယ်က ခေါင်းကိုက်တာ မိသားစုဆရာဝန်သွားပြတော့ သူပြောတာက သဇင်ကသွေးအားနည်းတဲ့လက္ခဏာရှိလို့ သံဓါတ်ချို့တဲ့လို့ ခေါင်းရဲ့ဦးခွံထဲနဲ့ ဦးနှောက်ကို သွေးလိုသလောက်မရောက်လို့ပါတဲ့။ အဲဒီတော့ ခေါင်းကိုက်ပျောက်ဆေးသောက်မဲ့အစား သံဓါတ်ပါတဲ့အားဆေးကိုသောက်ဖို့ အကြံပေးပါတယ်။

    နောက်ဆုံးပြောချင်တာကတော့ ခေါင်းကိုက်ပျောက်ဆေးမဟုတ်ဘဲ ကိုယ်နဲ့ကိုက်ညီတဲ့ဆေးဆိုပိုအဆင်ပြေပါလိမ့်မယ်။ အခုနောက်ပိုင်းခေါင်းကိုက်ပျောက်ဆေးတွေသောက်နေကြတဲ့လူတော်တော်များလာတာတွေ့ ရပါတယ်။ အဲဒါကိုသက်တန့်ချိုအနေနဲ့ ခေါင်းကိုက်ပျောက်ဆေးရဲ့ကောင်းကျိုးဆိုးပြစ်ကိုဝေဖန်ရေးပြပေးဖို့ တောင်းဆိုပါတယ။် :)

    ReplyDelete
  11. ဟုတ်ပါတယ် သဇင်ရေ...ခေါင်းကိုက်ပျောက်ဆေးဆိုတာ
    ကတော့ အများအားဖြင့် အကိုက်အခဲပျောက်ဆေး NSAID တွေပဲဖြစ်ပါလိမ့်မယ်...ဒါဆိုရင် အစာအိမ်ရောဂါတွေ အစာ
    အိမ်အနာတွေ အစာအိမ်သွေးယိုတာတွေနဲ့ သွေးအားနည်း
    ရောဂါရှိသူတွေအတွက် မသင့်တော်ပါဘူး ။ ဒါပေမယ့်လည်း
    Paracetamol နဲ့ Diclofenac လောက်ကတော့ လူအားလုံးက
    OTC - over the counter ဆေးလို့သတ်မှတ်ထားတဲ့အတွက်
    ဆရာဝန်ရဲ့ prescription မပါဘဲ သုံးနေကြပါတယ် ။ အဲဒီတော့ လူထုအနေနဲသိရမှာက ဒါကို ဒီလို ဘေးထွက်ဆိုးကျိုးလေးရှိပါလား ငါ့မှာ အစာအိမ်ရောဂါ သွေးယိုတာဖြစ်ခဲ့ဘူးရင် မသုံးသင့်ဘူး ဆရာဝန်နဲ့ တိုင်
    ပင်ရမယ်ဆိုတဲ့ health education ရှိရပါမယ် ။ အခုကတော့ကျန်းမာရေးကို အလေးပေးတဲ့ခေတ်ဆိုတော့
    တော်တော်များများကလည်း သိကြသလို မသိသေးတဲ့လူ
    လည်းရှိမယ်ထင်ပါတယ် ....

    ReplyDelete
  12. I heard that meditation is the best treatment for migraine.

    ReplyDelete
  13. My partner and I really enjoyed reading this blog post, I was just itching to know do you trade featured posts? I am always trying to find someone to make trades with and merely thought I would ask.

    ReplyDelete
  14. Valuable info. Lucky me I found your site by accident, I bookmarked it.

    ReplyDelete
  15. Nice site, nice and easy on the eyes and great content too.

    ReplyDelete
  16. ကိုသက်တန့်ရေ... ကိုသက်တန့် Websငte ကိုတော့ သိနေတာုကာပါပြီ။ အမြဲလိုလို ဝင်ဖတ်ဖြစ်ပါတယ်။ ခေါင်းကိုက်ရောဂါအကြောင်းဖတ်မိလို့ မေးချင်တာလေး မေးပါရစေနော်။ ညီမအသက်က 25 နှစ်ပါ။ ညီမက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး ခေါင်းကိုက်ရောဂါကိုခံစားလာခဲ့ရတယ်။ Miranax 550mg ကို နေ့တိုင်းဆိုသလိုသောက်ခဲ့ရတာ နေ့တိုင်းလိုလိုပါဘဲ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ခေါင်းကိုက်တာ တော်တော်လေး သက်သာသွားတယ်။ လုံးဝ ခေါင်းမကိုက်တော့တဲ့အထိ ကောင်းခဲ့တယ်။ ဒါပေမယ့် အခု ညီမ ခေါင်းပြန်ကိုက်နေတယ်။ သုံးလလောက်တော့ ရှိပြီ။ ခေါင်းကိုက်တိုင်း ဒီဆေးကိုပြန်သောက်နေရတယ်။ နောက်ပြီး ဆရာဝန်က ညီမကို Tripty 10 mg ဆိုတဲ့ဆေးကို ပြန်ပေးတယ်။ ညမအိပ်ခင် နှစ်နာရီ အလိုမှာ ဆေး နှစ်လုံးကိုသောက်ခိုင်းပါတယ်။ ညီမလည်း သောက်နေတာဘဲ။ ဒါပေမဲ့ ညနေပိုင်း ရောက်လာတာနဲ့ ခေါင်းက ကိုက်လာတယ်။ အဲ့ဒါဘာဖြစ်နေလို့လဲဟင်။ ပြီးတော့ ညီမ အိပ်လို့လဲမရဘူး။ ခေါင်းထဲမှာ အတွေးတွေကများနေတယ်။ အဲ့ဒီအတွေးတွေကို ညီမ ခေါင်းထဲက ထုတ်ပြစ်ချင်တယ်။ ညီမုကိုးစားတယ်။ဘယ်လိုမှ မရဘူး။ နည်းလမ်းလေးရှိရင် ပြောပေးပါအုံးနော်။ ကျေးဇူးအထူးတင်လျှက် .. ညီမလေး နွယ်

    ReplyDelete