Tuesday, October 27, 2009
ထူးဆန်းတဲ့မြစ် ၂ စင်းရဲ့ ပေါင်းဆုံမှု
အပေါ်က   ပုံနှစ်ပုံဟာ တောင်အာဖရိက Cape Town အနီးက တောင်ဖက် အစွန်ပိုင်းမှာ စီးဆင်းလျှက်ရှိတဲ့ မြစ်နှစ်စင်းရဲ့    ပုံပဲဖြစ်ပါတယ် ။ ဒီမြစ်နှစ်စင်းဟာ အတူတူပူးပေါင်းပြီး စီးစင်းလာကြပါတယ် ။ နောက်ဆုံးမှာ ပေါင်းဆုံပြီး  ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်သွားကြပါတယ် ။ မြစ်တစ်စင်းရဲ့ ရေကတော့အလွန်ပဲချိုမြိန်လှပြီး အခြားမြစ်တစ်စင်းရဲ့    ရေကတော့ ဆန့်ကျင်ဖက်    အလွန်ပဲ    ခါးသက်လှပါတယ် ။   ဒါပေမယ့် သူတို့ဟာ ဘယ်တော့မှ    ရောနှောမသွားကြပါဘူး ။  ဒီမြစ်နှစ်စင်း မပူးပေါင်းရအောင် တားဆီးထားတဲ့ ရုပ်ဝထ္ထုပစ္စည်း တစ်ခုမှ ကြားထဲမှာ မရှိပါဘူး ။ ဒါပေမယ့် သူတို့ဟာ မရောနှော သွားကြပါဘူး ။
၂၀ ရာစုအစောပိုင်းကတော့ ဘုန်းတော်ကြီးမြတ်သော ဘုရားသခင်ဟာ ဒီမြစ်နှစ်စင်းရဲ့သဘာဝကို လွန်ခဲ့တဲ့ သန့်စင်မွန်မြတ်သော ကုရ်အာန်ကျမ်းစာအုပ် 1400 နှစ်တုန်းက သတ်မှတ်တော်မူခဲ့တယ်လို့ ဆိုပါတယ် ။
ကဲခုဆိုရင် သင်ဟာ ယခင်ကသိခဲ့တာတွေထက် ပိုသိလို့လာပါပြီ ။
စာရေးသူ.....သက်တန့်ချို......(၁၀း၅၇ ည ၂၅.၁၀.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
14 comments:
  1. ဒီလိုထူးဆန်းတဲ့ သဘာဝတရားရဲ့ ဖန်တီးမှုက အံ့မခန်းပဲနော်။
    မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။
    ခင်မင်လေးစားလျှက်
    ReplyDelete
  2. ပုသိမ်မှာလည်း ရေကြည်ရေနောက်ရှိတယ်လေ... အဲလိုပဲ အကြည်နဲ့အနောက်မရောဘူး.. ကမ္ဘာမှာတင် မဟုတ်ဘူး မြန်မာပြည်မှာလည်း ထူးထူးခြားခြားတွေ ရှိပါသေးတယ်.. :)
    ReplyDelete
  3. အင်း.. အသွင်မတူ အိမ်သူမဖြစ် တဲ့။။
    ဒါပေမဲ့ မတည့် အတူ နေ ဆို တာလည်း ရှိသေးတယ် ။ ။ ။
    ဟိုလိုလို ဒီလိုလို ။ လိုရာသာ ဆွဲတွေးပေရော့ ပဲ နော် ။ ။ ။
    ReplyDelete
  4. ဒါမျိုးတွေက တကယ့်ကို ရှားရှားပါးပါးတွေ့ရခဲပါတယ် အခုလိုသိခွင့်ရတာ ကျေးဇူးပါ ကိုသက်တန့်ရေ
    ပျော်ရွှင်ပါစေ
    ခင်လျက်
    ReplyDelete
  5. ကော့သောင်းမှာလည်း အဲလိုပဲလေ....
    မြန်မာခြမ်း နဲ့ ယိုးဒယားဘက် နဲ့ က ရေအရောင်
    တစ်ခြားစီပဲ....လုံးဝကို ကွဲနေတာပါ။
    ဘုရင့်နောင်ခေတ်ကတည်းကဆိုပဲး)
    ReplyDelete
  6. တခါတလေ သဘာဝတရားတွေကိုက တော်တော့်ကို ထူးဆန်းတယ်နော်..
    ReplyDelete
  7. သဘာဝ ရဲ့ ဆန်းကျယ်မှုတွေက အံ့မခန်းပဲ လပွတ္တာ မြစ်ထဲမှာ ရေချိုရေငန်မရောတာ တစ်ခါ တွေ့ ခဲ့ဘူးတယ် ငယ်ငယ်က
    ခင်တဲ့
    ရန်ကုန်သား :)
    ReplyDelete
  8. ကိုသက်တန့်ရေ
    ဒီပို့စ်လေးအတွက်ကျေးဇူးနော်...
    စိတ်ဝင်စားစရာလေးပါ..
    ခုတော့ ပုသိမ်နဲ့ ကော့သောင်းကိုပါ သွားလည်ရတော့မယ်...
    ReplyDelete
  9. တကယ်ထူးထူးဆန်းဆန်းတွေပါဘဲဗျာ . . . ဖတ်ရမြင်ရလို့ 
    ကျေးဇူးအထူးပါဘဲဗျာ . . .
    ReplyDelete
  10. အင်းလေ ဖွားကိပြောသလိုပဲ ဘယ်လိုဖြစ်တာလဲ???
    မတူညီပဲလည်းပေါင်းစပ်လို့ ရတာပဲနော်။း))
    မျှဝေတာလေးကျေးဇူးပါ။
    ReplyDelete
  11. ဟုတ်ကဲ့
    ယခင်ကသိခဲ့တာတွေထက်ပိုသိလာရပါပြီ
    ကိုသက်တန့်ချိုရဲ့ကျေးဇူးတွေကြောင့်ပေါ့ :)
    ReplyDelete
  12. တစ်ခါတစ်လေ
    သဘာဝ ရဲ့ ထူးဆန်းမှု့ တွေ က
    တော်တော် ဆန်းပြားတယ်နော် ..
    ဗဟုသုတ တစ်ခု တိုးသွားပြီ ...
    ReplyDelete
  13. နေ့အိမ်မက် ပြောတဲ့ ပုသိမ်က ရေကြည်ရေနောက်ကို ဒင်ပြည့်ကျပ်ပြည့် လက်ခံတယ်။ သားက ပုသိမ်သားလေ။
    လပွတ္တာ မြစ်ထဲမှာ ရေချို ရေငန် မရောတာ လဲ တစ်ကယ်ကြီးပါ။ ကိုသန့်တန့် တင်ပေးထားတာလေးကို လဲ ဖတ်ရတယ် ကျွန်တော တို့ မသိတဲ့ နေရာတွေလဲ ရှိဦးမယ်ထင်တယ်
    ReplyDelete