Wednesday, October 28, 2009

Texas မှာ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး ပင့်ကူအိမ်ကြီး

Texas မှာ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး ပင့်ကူအိမ်ကြီး






ကျနော်တို့ ငယ်ငယ်တုန်းက ပင့်ကူအိမ်ဆိုရင် အလွန်ဆုံးကြီးမှ စကောဝိုင်းလောက်ပဲ ကြီးတာ မြင်ဖူးပါတယ် ။ အခုတော့ Texas မှာ တွေ့ရှိခဲ့တဲ့ ပင့်ကူအိမ်ကြီးကတော့ ကမ္ဘာ့အကြီးဆုံး ပင့်ကူအိမ်ကြီး အဖြစ်မှတ်တမ်းဝင်သွားပါတယ် ။ သင်ပင်တစ်ခုလုံးကို ၀ိုင်းအုပ်ထားပြီး အဲဒီပင့်ကူအိမ်ကြီးထဲမှာ ပင့်ကူ အသေးအကြီး ပေါင်း သိန်းပေါင်း များစွားရှိမယ်လို့ ခန့်မှန်းရပါတယ် ။ အနီးအနားမှာ ရှိတဲ့ဒေသခံတွေကတော့ ပင့်ကူကင်တွေ ပင့်ကူကြော်တွေနဲ့ တစ်နေ့တစ်ခြားစီးပွားတက်လို့နေပါတယ် ။ ပင့်ကူရှပ်ခြင်းဟာ သာမန်အဆင့်မှ သေဆုံးသည်အထိ အဆိပ်ပြင်းလှတဲ့ မြောက်များစွာသောမျိုး နွယ်တွေရှိပါတယ် ။ ဒေသခံတွေကတော့ ဒီပင့်ကူအိမ်ကြီးဟာ သူတို့အတွက် စီးပွားရေး အဆောက်အအုံကြီး လို့ဆိုပါတယ် ။

စာရေးသူ.....သက်တန့်ချို.......(၁၀း၁၈ ည ၂၇.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. အံမယ် တယ်ဟုတ်ပါလား ပင့်ကူအိမ်နဲ့အလုပ်ဖြစ်နေတယ်ပေါ့...

    ReplyDelete
  2. အံမယ် တယ်ဟုတ်ပါလား ပင့်ကူအိမ်နဲ့အလုပ်ဖြစ်နေတယ်ပေါ့...

    ReplyDelete
  3. မဆီမဆိုင် ပင်းတယက ပင့်ကူကြီးကို သွားသတိရမိပါရဲ့....

    ReplyDelete
  4. အောင်မလေးဗျန့် 

    အဲ့ဒီ ပင့်ကူအိမ်ကြီးမှာ သွား ငြိနေလို့ ကတော့ မလွယ်ဘူး ။ ဦးနှောက်ဖေါက်အစားခံ ရမှာ သေချာတယ် ။ ကျောချမ်းစရာ ..
    ပြေးပြီဗျိုးးး

    ReplyDelete
  5. နေစရာမရှိရင်ပင့်ကူအိမ်သွားနေရကောင်းမလား??

    ReplyDelete
  6. အမြဲတန်း ထူးထူးဆန်းဆန်းလေးတွေ တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။
    ကောင်းသောနေ့ပါရှင်။း)

    ReplyDelete
  7. သဘာဝက ထူးဆန်းလိုက်တာနော်။ ဒါဆို ဒေသခံတွေကလည်း စီးပွားဖြစ်နေတာပေါ့။ ဒါပေမယ့် ပင့်ကူတွေ စားတဲ့သူတွေကိုတော့ အံ့သြမိတယ်။ ထူးခြားတဲ့ သတင်းလေးတွေ အမြဲတမ်း မျှဝေပေးလို့ ကျေးဇူးပါ မောင်လေး။

    ခင်မင်လေးစားလျှက်

    ReplyDelete
  8. ပင့်ကူဆိုမစားရဲဘူးဗျာ တစ်ကယ်ပါပဲ

    ReplyDelete
  9. နည်းနည်းတော့မြည်းချင်သား
    ဟိဟိ
း)
း)

    ReplyDelete
  10. ပင့်ကူကြော်တော့မစားဘူးဝူးဗျ.........

    ReplyDelete