Thursday, March 11, 2010

Angkor ဘုရားကျောင်းရဲ့ ထူးဆန်းအံ့သြဖွယ်ရာများ ( အပိုင်း ၃)

Angkor ဘုရားကျောင်းရဲ့ ထူးဆန်းအံ့သြဖွယ်ရာများ ( အပိုင်း ၃)




ရှေးဟောင်း Khmer အင်ပါယာရဲ့ မြို့တော် Angor ဟာ လက်ရာမြောက်တဲ့ အဆောက်အအုံပေါင်းများစွာနဲ့ ပျံ့နှံ့ လို့နေပါတယ် ။ ဒီရှေးဟောင်းမြို့တော့ Angkor ကို အေဒီ ၉ ရာစုနှစ်က King Jayavarman II ကစတင် တွေ့ရှိခဲ့ပြီး အေဒီ ၁၂ ရာစုမှာတော့ အဖွံ့ဖြိုးအတိုးတက်ဆုံး အချိန်ကို ရောက်ရှိလို့လာပါတယ် ။ ၁၂ ရာစု အစော ပိုင်းရောက်မှသာလျှင် အန်ကောဝတ်ဘုရားကျောင်းကို တောနက်တွေထဲမှာ ကြီးမားတဲ့ အဆောက် အအုံတွေ အဖြစ် ထင်ရှားကျော်စောခဲ့တာ ဖြစ်ပါတယ် ။



Angkor ကို တည်ဆောက်ခဲ့တဲ့ အချိန်က နှစ်ပေါင်း ၃၀ လောက်ကြာမြင့်ခဲ့ပါတယ် ။ အဆောက်အအုံတွေဟာ Khmer နဲ့ Hindu အနုပညာတွေကို ဖော်ကြူးထားပါတယ် ။





အန်ကောဝတ်ဘုရားကျောင်း အပြင်ထင်ရှားတာတွေကတော့ Ta Prohm , Banteay Srei နဲ့ Angkor Thom တို့ပဲ ဖြစ်ပါတယ် ။



Angkor Wat ကို တည်ဆောက်ပြီး ရာစုနှစ် နှစ်ခုကြာတဲ့အခါမှာ Khmer ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုတွေအရ Angkor Wat ဟာ ထူးဆန်းစွာပဲ တိမ်မြှုပ်ပျောက်ကွယ်ခဲ့ပါတယ် ။ အန်ကောဝတ်ဟာ တောနက်နက်တွေထဲမှာ သစ်ပင် တွေ ခြုံနွယ်တွေနဲ့ ဖုံးအုပ်ထားခြင်း ခံခဲ့ရပါတယ် ။ ၁၈၆၁ ခုနှစ်မှာတော့ ပြင်သစ် ဘူမိပညာရှင် ဟာ တော အုပ်တွေထဲမှာ နစ်မြှုပ်ပျောက်ကွယ်နေတဲ့ Angkor Wat ကို မထင်မှတ်ပဲ ပြန်လည်တွေ့ရှိခဲ့ပါတယ် ။


၁၉၉၂ ခုနှစ်မှာ UNESCO Word Heritage Committee ဟာ Angkor မြို့တော်ကြီးနဲ့ ပါတ်သတ်ပြီး ရှင်းလင်း ပွဲတွေပြုလုပ်ခဲ့ပါတယ် ။



အံ့သြထူးဆန်းဖွယ်ရာ အကောင်းဆုံးနဲ့ ဂုဏ်ယူစရာအချက်တစ်ခုကတော့ ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက အန်ကောဝတ်ဘုရားကျောင်းကို မြန်မာတွေ ရောက်ရှိခဲ့တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ် ။ သက်သေကတော့ အန်ကောဝတ်ရဲ့ နံရံမှာ မြန်မာလက်ရေးနဲ့ ရေးထွင်းထားတဲ့ စာတွေကို တွေ့ရှိခဲ့ရခြင်းပင်ဖြစ်ပါတယ် ။ စာကတော့

" ၀၂၈၈ ခုနှစ် ဏယုံလ္ဆုပ် ၁ ရက် စနေနေ့ ပတ္တပေါင်မြို့နေ လုံးကုန္န ဇနီးမ အိမ် တူမ ပယ်ကျင်၊ ပေါင်ထွန်းလူ ၊ ဇနီးမယ်ဆစ် ၊ သားမောင်ထွန်းစိန် ၊ သမီး မသိမ်းခင် "

ဆိုပြီးရေးထွင်းထားခြင်းပဲ ဖြစ်ပါတယ် ။ ဒီပုံလေးကို ပေးပို့ပေးခဲ့တဲ့ Ei ကို အထူးပဲ ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ဒီစာဟာ အန်ကောဝတ်မှာ တကယ်ပဲ ရေးထိုးထားတာလားဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် တကယ်သာဆိုရင်တော့ ကန်ဘောဒီးယား အန်ကောဝတ်ကို အစောဆုံးရောက်ရှိခဲ့တဲ့ ရွှေမြန် မာ တွေအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ် ။ Ei ကနေကျွန်တော့်ကို ပေးပို့ခဲ့တဲ့ စာကတော့ ဒီတိုင်း ဖြစ်ပါတယ် ။

Hi,
You can use this picture in your blog post about Angkor Wat.
This picture is taken by myself and I am currently living in Phnom Penh - Cambodia.
You blog post make me miss for Siem Reap.
I will go to visit Siem Reap soon as I miss the surrounding as well as the food there.
:)
Ei
Nature Active

သူရဲ့ ဘလော့အမည်က Nature Active ဖြစ်ပြီး ဒီနေရာလေးမှာ သွားရောက်ကြည့်နိုင်ပါတယ် ။



ဆက်လက်ပြီးတော့ Angkor မှာတွေ့ရှိခဲ့တဲ့ ဂူတွေဟာ Khmer ရဲ့ ပြန်လည်တူးဖော်ရရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေလို့လည်း ဆိုပါတယ် ။ ဒါပေမယ့် ဒီလိုရုပ်ထုအကြီးစားတွေကို ဘာရည်ရွယ်ချက်နဲ့ တည်ဆောက်ထားခဲ့ရသလဲဆိုတာကိုတော့ အခုချိန်ထိ စဉ်းစားတွေးခေါ်လို့မရသေးပါဘူး ။



ဒိုင်နိုဆောခေတ်မှ လူဝံကြီးတွေ နောက် မြွေကြီးတွေအထိ အရာအားလုံးဟာ တစိမ့်စိမ့် တွေးတောလို့ မဆုံး နိုင်တဲ့အရာတွေချည်းဖြစ်ပါတယ် ။ ယခုအချိန်မှာတော့ တစ်ချိန်က တိမ်မြှုပ်လုနီးပါးဖြစ်ခဲ့ရတဲ့ တောနက် နက်တွေ ထဲက Angkor အဆောက်အအုံတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် တော့ အဖိုးမဖြတ်နိုင်တဲ့ ဗဟုသု တ ရတနာ သိုက်ကြီးသဖွယ် ဖြစ်လို့နေပါတယ် ။

စာရေးသူ......သက်တန့်ချို (၁၁.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. တကယ်ပဲ မြန်မာလိုရေးထားတာရှိခဲ့ မယ်ဆိုရင်တော့ 
    တို့ မြန်မာတွေတွက် ဝမ်းမြောက်ဂုဏ်ယူစရာပါပဲ
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  2. ရှေးဟောင်း အမွေအနှစ် နေရာတွေကို စိတ်ဝင်စားတယ်..
    တစ်ခါလောက်တော့ သွားချင်ပါသေးတယ်..။

    ReplyDelete
  3. ကိုသက်တန့်ရေ
    အဲဒီကျောက်စာလေး အန်ကောဝပ်ထဲမှာ တစ်ကယ်ရှိပါတယ်ရှင်။ အန်ကောဝပ် တင်ပယ်လ်ထဲ ကိုဝင်သွားရင် အလယ်ကောင်ကပြောင်းဖူးကြီးတွေ ထောင်ထားသလို အဆောက်အဦးက မိန်းတင်ပယ်လ်ပါ။ အဲဒီကိုရောက်ဖို့ စောင်းတန်းလို လူသွားစင်္ကြံတွေရှိပါတယ် အဲဒီစင်္ကြံလမ်းက ကျောက်တိုင်တစ်ခုမှာ ထွင်းထားတာပါ။ အဲဒီနားမှာ ဆင်းတုတစ်ဆူလဲရှိပါတယ်။ နောက်ကြုံရင်ဓါတ်ပုံရိုက် ပြီးပို့ပေးပါမယ်။ ကျောက်စာကသက္ကရာဇ်လေး ပြင်ပေးချင်ပါတယ် ၁၂၈၈ ပါရှင်။ “၁၂၈၈ ခု။ ဏယုံလ္ဆုပ်။ ၁ ရက် စနေနေ့ ပတ္တပေါင်မြို့နေ လုံးကုန္န။ ဇနီး မအိမ်။ တူမ မယ်ကျင်။ မောင်ထွန်းလူ။ ဇနီး မယ်ဆစ်။ သား မောင်ထွန်းစိန်။ သမီးမသိမ်းခင်။” လို့ ရေးထိုးထားပါတယ်။ အဲဒီကျောက်စာရဲ့အပေါ်မှာက တရုတ်တွေ မှတ်တမ်းတင်သွားတယ်လို့ထင်ရတဲ့ မှင်အနက်နဲ့ရေးထားတဲ့ တရုတ်စာတွေရှိပါတယ်။ ကျောက်စာထဲမှာပါတဲ့ ပတ္တပေါင်မြို့ ဆိုတာကတော့ ငယ်ငယ်တုံးက မြန်မာ့သမိုင်းထဲမှာ မြန်မာဘုရင်တွေ ယိုးဒယားကို သွားတိုက်တာ ဘတ်ဒဘောင်မြို့အထိ ရောက်တဲ့အကြောင်းတွေသင်ခဲ့ရတာ အဲဒီမြို့ပါဘဲ။ အခုတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ ရှိတဲ့(Battabong) မြို့ပေါ့။ ကမ္ဘောဒီးယားဘက်မှာရှိတဲ့မြို့ပါ။ အခုအချိန်အထိ အဲဒီမြို့မှာ ရှေးမြန်မာ တစ်ချို့နေထိုင်လျက်ရှိ သေးကြောင်း တစ်ချို့ခမာများပါးစပ်ပြောအရ သိရပါတယ်။ အန်ကောဝပ်ရှိတဲ့မြို့ကနေဆိုရင် ၁ နာရီခွဲလောက် ကားစီးရင် ရောက်ပါတယ်ရှင်။

    ReplyDelete
  4. ကိုသက်တန့်ရေ... ခြင်တို့နိုင်ငံမှာလဲ ဒီလိုဂုဏ်ယူစရာကောင်းတဲ့ ရှေးဟောင်း အမွေနှစ်တွေ ရှိပါတယ်.... ဒါပေသိ... တစုံ တဦးက မလှလို့ဆိုပြီး ဘုရားနံရံတွေ အနှံ့ ကြွေပြားတွေကပ်ပစ်ခဲ့ဘူးတယ်လေ.. အဲဒီကြွေပြားတွေက သူများတွေနိုင်ငံမှာ ဘယ်မှာကပ်လဲဆိုတာတော့သိကြမှာပါနော်...

    ReplyDelete
  5. အင်း သွားချင်တဲ့ နေရာတွေထဲက တခုပေါ့

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  6. တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့သတင်းစာထဲမှာပါလာလို. အံ့သြ မိတယ်။
    အောက်ကလင့်မှာ ဖတ်ကြည့်ပါ။ Scan လုပ်ပေးထားပါတယ်။
    http://1.bp.blogspot.com/_ZY1qbN2lMHo/S5mw2lGLH1I/AAAAAAAAAVY/CTIrvFRT9W0/s1600-h/Phnom+Penh+Post+March+12.jpg

    ReplyDelete
  7. အဲဒီနေရာလေးကို သီချင်းတပုဒ်ရဲ့ MTV မှာကြည့်ခဲ့ဘူးတယ်။ မမှတ်မိတော့ဘူး။ မြန်မာစာလုံးတွေ မြင်လိုက်ရတာ တကယ်ကို ရင်ခုန်သွားတယ်။
    တို့မြန်မာတွေ အဲဒီနေရာလေးမှာ အခုလို လက်ရေးချန်ခဲ့တဲ့သူကို ကျေးဇူးတင်ရမယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  8. ပုံတွေလာကြည့်သွားတယ် ။ ကြည့်ခွင့်ရတာ ကျေးဇူးပါ။

    ReplyDelete
  9. လာကြည့်သွားတယ်အခုလိုတင်ထားပေးလို့ကျေးဇူးတင်ပါတယ်

    ReplyDelete
  10. စာလေးပဲရေးခဲ့ရရုံကိုတောင် ဒီလောက်ဂုဏ်ယူရရင်
    ခမာတွေဆို ဘယ်လောက် ဂုဏ်ယူနေမယ်မသိဘူးနော်

    ReplyDelete