Tuesday, March 30, 2010

ငါးဖမ်းသမားနဲ့ စိန်တုံး

ချစ်သူပြောသောပုံပြင်များ (၂)

သင့်ရဲ့ချစ်သူကို ပြောပြဖို့အတွက် ပုံပြင်လေး တစ်ပုဒ်ပါ ။

ငါးဖမ်းသမားနဲ့ စိန်တုံး

တစ်နေ့မှာပေါ့ ငါးဖမ်းသမားတစ်ဦးဟာ မနက်အစောကြီး နိုးလာတယ်တဲ့ ။ သူထတဲ့အချိန်က စောလွန်းလို့ ပင်လယ်ထဲသွားဖို့ လုံလောက်တဲ့ အလင်းရောင်မရသေးပါဘူး ။ ဒါနဲ့ သူလည်း ကျောက်ခဲတုံးတွေကို တွေ့တော့ သူနေထွက်ချိန်ကို စောင့်ဖို့ အချိန်ဖြုန်းဖို့ အကြံရသွားပါတယ် ။ ဒါနဲ့ သူလည်း ပင်လယ်ထဲကို ကျောက်တုံး လေး တွေကို စတင်ပြီး ပစ်ချပါတယ် ။ သူ့လက်ထဲက နောက်ဆုံးကျောက်တုံး ပဲ ကျန်တော့တဲ့အချိန်မှာ နေအ လင်း ရောင်က ထွက်ရှိလာပါပြီ ။ အဲဒီအခါ သူမြင်လိုက်ရတာက အဲဒီကျောက်တုံးဟာ အလွန်အဖိုးတန်တဲ့ စိန်တုံး ဖြစ်နေတာပါပဲ ။ ပြီးတော့ သူခုနက ပင်လယ်ထဲကို ပစ်ချနေတဲ့ ကျောက်တုံးတွေအားလုံးဟာ စိန်တုံး တွေဖြစ် နေတာကို သူတွေးတောမိသွားသတဲ့ ။ ဒီအခါ သူဟာ အရမ်းကို နောင်တရသွားပြီး သူ့ရဲ့ မစူးစမ်း မဆင်ခြင်ပဲ လုပ်လိုက်တဲ့အတွက် စိန်တုံးတွေဟာ ပင်လယ်ပြင်ထဲကို ရောက်ရှိသွားပါတော့တယ် ။

ပုံပြင်လေးရဲ့ အနှစ်သာရကတော့

" ဘယ်အရာကို မစူးစမ်းမဆင်ခြင်ပဲ တဇွတ်ထိုး မပြုလုပ်သင့်ပါဘူး ။ သင် အဖိုး မတန်ဘူးလို့ ထင်နေ တဲ့အရာ ဟာ သင်ရှင်းရှင်းလင်းလင်း သိမြင်လာတဲ့အခါ အလွန်အဖိုးတန်တာကို တွေ့ရ ပါ လိမ့်မယ် "


********************








စာရေးသူ.....သက်တန့်ချို (၃၀.၃.၁၀)

ချစ်သူပြောသောပုံပြင်များ (၁)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ဟီးး မနက်အစောကြီး ထ မှာတော့ မပူနဲ့ဟေ့ မထဘူး မထဘူး ဟဲဟဲ

    ReplyDelete
  2. ထဘူး
    ထဘူး
    သက်တန့် ပြောလို့ 
    ထတော့ဘူး

    ReplyDelete